တရားဟော 17:8 - Common Language Bible8 ``ဒေသခံတရားသူကြီးများသည် လူသတ် မှုနှင့်လူသေမှု၌သော်လည်းကောင်း၊ ပစ္စည်း ပိုင်ဆိုင်ခွင့်အမှုအခင်းများနှင့်ကိုယ်ထိလက် ရောက်ထိခိုက်ဒဏ်ရာရစေသောအမှုအခင်း များ၌သော်လည်းကောင်း အဆုံးအဖြတ်ပေး ရန်ခဲယဉ်းခြင်းရှိသောအခါ သင်တို့၏ ဘုရားသခင်ထာဝရဘုရားရွေးချယ် တော်မူသည့်တစ်ခုတည်းသောကိုးကွယ် ရာဌာနသို့သွား၍၊- အခန်းကိုကြည့်ပါ။Garrad Bible8 မြို့ ရွာ များ တွင် သင် တို့ မ စီ ရင် နိုင် အောင် ထူး ဆန်း သော သွေး သွန်း မှု၊ လိမ် လည် မှု၊ လက် ရောက် မှု ရှိ သော် သင် တို့ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား ရွေး ချယ် တော် မူ မည့် ဌာ န သို့ ထ သွား ပြီး လျှင်၊ အခန်းကိုကြည့်ပါ။Judson Bible8 သင့်နေရာမြို့တွင် လူအသက်ကို သတ်ခြင်းအမှု၊ တရားတွေ့ခြင်းအမှု၊ လူချင်းရိုက်ပုတ်ခြင်းအမှုတို့သည် မင်းရှေ့သို့ရောက်၍ မစီရင် မဆုံးဖြတ်နိုင်လျှင်၊ သင်၏ ဘုရားသခင်ထာဝရဘုရား ရွေးကောက်တော်မူသော အရပ်သို့ သွား၍၊ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း8 သင့်မြို့အတွင်း၌ဖြစ်ပွားသည့် စီရင်ဆုံးဖြတ်ရမည့်အမှုများဖြစ်သော လူသတ်မှု၊ တရားတွေ့မှု၊ ကိုယ်ထိလက်ရောက်ကျူးလွန်မှုစသည်တို့ကို စီရင်ဆုံးဖြတ်ရန် ခက်ခဲလျှင် သင်သည်ထ၍ သင်၏ဘုရားသခင်ထာဝရဘုရားရွေးချယ်တော်မူသောနေရာသို့ သွားရမည်။ အခန်းကိုကြည့်ပါ။ |
အဆုံးအဖြတ်ပေးရာ၌မျက်နှာမလိုက် နှင့်။ မျက်နှာကြီးမျက်နှာငယ်မလိုက်ဘဲ ကြားနာစစ်ဆေးလော့။ သင်တို့၏အဆုံး အဖြတ်သည်ထာဝရဘုရားချမှတ်သော အဆုံးအဖြတ်ဖြစ်သောကြောင့် မည်သူ့ကို မျှမကြောက်ရွံ့ရ။ သင်တို့ကိုယ်တိုင်မစီရင် နိုင်သောအမှုရှိလျှင် ငါ့ထံသို့တင်ပြကြ လော့။ ထိုအမှုကိုငါစီရင်မည်' ဟုမှာကြား ခဲ့၏။-
သူသည်ခိုးသည့်တိရစ္ဆာန်အတွက်လျော်ရ မည်။ သူ၌လျော်စရာမရှိလျှင်မိမိကိုယ်ကို ရောင်း၍လျော်ကြေးပေးရမည်။ ခိုးရာပါသိုး၊ နွား၊ မြည်းကိုသူ့ထံ၌အရှင်တွေ့ရလျှင်သူ သည်နှစ်ဆပြန်လျော်ရမည်။ ``အိမ်ကိုညအချိန်ဖောက်ထွင်းနေသောသူခိုး ကိုသတ်သောသူသည် လူသတ်မှုကိုကူးလွန် ရာမရောက်ချေ။ သို့ရာတွင်နေ့အချိန်၌ဖောက် ထွင်းမှုကြောင့်သူခိုးကိုသတ်လျှင် သတ်သော သူသည်လူသတ်မှုကိုကူးလွန်၏။
ထာဝရဘုရားသည်သင်တို့အတွက်ဘုရား ဝတ်ပြုကိုးကွယ်ရန် တစ်ခုတည်းသောဌာန ကိုရွေးချယ်ပေးတော်မူမည်။ ငါမိန့်မှာသည့် အတိုင်း သင်တို့သည်မီးရှို့ရာယဇ်နှင့်အခြား ယဇ်ကောင်များ၊ ဆယ်ဖို့တစ်ဖို့နှင့်ပူဇော်သကာ များ၊ ထာဝရဘုရားအားကတိထားသော အထူးပူဇော်သကာများစသည်တို့ကို ထိုဌာနသို့ယူဆောင်ခဲ့ရမည်။-
လေဝိအနွယ်ဝင်ယဇ်ပုရောဟိတ်တို့သည်ထို အရပ်သို့သွားရကြမည်။ အဘယ်ကြောင့်ဆို သော်လက်ရောက်ကူးလွန်မှုမှန်သမျှတွင် သူ တို့စီရင်ဆုံးဖြတ်ရသောကြောင့်တည်း။ သင် တို့၏ဘုရားသခင်ထာဝရဘုရားသည် သူ တို့အားအမှုတော်ကိုဆောင်ရန်နှင့် ထာဝရ ဘုရား၏အခွင့်အာဏာဖြင့်ကောင်းချီး ပေးရန်ရွေးကောက်ထားတော်မူ၏။-
သူသည်နံနက်စောစောထပြီးလျှင်မြို့တံခါး ဝလမ်းနံဘေးတွင်ရပ်လျက်နေတတ်၏။ ဘုရင် ၏အဆုံးအဖြတ်ကိုခံရန်အမှုသည်တစ်စုံ တစ်ယောက်ရောက်ရှိလာသောအခါသူ့ကိုခေါ် ၍``သင်သည်အဘယ်အရပ်ကလာသနည်း'' ဟု မေးလေ့ရှိ၏။ အမှုသည်က``အရှင်အကျွန်ုပ် သည်ဤမည်သောဣသရေလအနွယ်မှဖြစ် ပါသည်'' ဟုဆိုလျှင်၊-