ဘုရားသခင်သည်အပြစ်ကူးသူတို့၏ဆု တောင်းပတ္ထနာကိုနားညောင်းတော်မမူပါ။ ကိုယ် တော်အားကိုင်းရှိုင်းရိုသေလျက်အလိုတော် အတိုင်း လုပ်ဆောင်သောသူ၏ဆုတောင်းပတ္ထနာ ကိုသာနားညောင်းတော်မူပါ၏။-
တမန်တော်ဝတ္ထု 19:35 - Common Language Bible နောက်ဆုံး၌မြို့စာရေးသည်လူပရိသတ်တို့ အား ဆိတ်ဆိတ်နေစေပြီးလျှင် ``ဧဖက်မြို့သား တို့၊ ဧဖက်မြို့တော်သည်ကြီးမြတ်သည့်အာ တေမိနတ်သမီး၏နတ်ကွန်းနှင့် ကောင်းကင် ဘုံမှကျလာသည့်ရုပ်တုတော်တည်ရှိရာ ဌာနတော်ဖြစ်ကြောင်းကိုလူတိုင်းသိ၏။- Garrad Bible ထို ပ ရိ သတ် ကို ငြိမ် စေ ပြီး မှ မြို့ ဝန် က အ ချင်း ဧ ဖက် မြို့ သား တို့၊ သင် တို့ မြို့ သည် ကောင်း ကင် မှ ရုပ် တု ကျ သော မ ဟာ ဘု ရား မ အာ တေ မိ၏ အ ရံ စောင့် ဖြစ် ကြောင်း မ သိ သူ ရှိ သ လော။ Judson Bible မြို့စာရေးသည် လူများကိုတိတ်စေပြီးလျှင်၊ ဧဖက်လူတို့၊ ဧဖက်မြို့သည် ဇုသဘုရားထံမှကျသော ရုပ်တုတော်တည်းဟူသော ကြီးမြတ်တော်မူသော အာတေမိကို လုပ်ကျွေးသော ဘုရားကျွန်ဖြစ်သည်ကို မသိသောသူ တစ်စုံတစ်ယောက်ရှိသလော။- မြန်မာ့စံမီသမ္မာကျမ်း ထို့နောက် မြို့စာရေးသည် လူအစုအဝေးကို တိတ်ဆိတ်စေပြီးလျှင် “ဧဖက်မြို့သားတို့၊ ဧဖက်မြို့သည် ကြီးမြတ်သောအာတေမိနတ်ဘုရားမ၏ဗိမာန်နှင့် ကောင်းကင်မှကျလာသောရုပ်ပွားတော်တို့ကို ထိန်းသိမ်းစောင့်ရှောက်သောမြို့ဖြစ်ကြောင်း မသိသောသူတစ်စုံတစ်ဦးရှိသလော။ ခေတ်သစ်မြန်မာ သမ္မာကျမ်း သို့သော် မြို့စာရေးသည် လူထုကို တိတ်ဆိတ်စေပြီးနောက် “ဧဖက်မြို့သားအပေါင်းတို့… ဧဖက်မြို့သည် ကြီးမြတ်သော အာတေမိနတ်ဘုရားမ၏ဗိမာန်နှင့် ကောင်းကင်မှကျသော ဆင်းတုတော်၏ကာကွယ်ရာနေရာဖြစ်ကြောင်းကို မသိသေးသောသူ တစ်စုံတစ်ဦးရှိသလော။ |
ဘုရားသခင်သည်အပြစ်ကူးသူတို့၏ဆု တောင်းပတ္ထနာကိုနားညောင်းတော်မမူပါ။ ကိုယ် တော်အားကိုင်းရှိုင်းရိုသေလျက်အလိုတော် အတိုင်း လုပ်ဆောင်သောသူ၏ဆုတောင်းပတ္ထနာ ကိုသာနားညောင်းတော်မူပါ၏။-
ဧဖက်မြို့သို့ရောက်သောအခါပေါလုသည် ပြစ်ကိလနှင့်အာကုလတို့ကိုမြို့တွင်ထား ခဲ့၏။ သူသည်တရားဇရပ်သို့ဝင်ပြီးလျှင် ယုဒအမျိုးသားတို့နှင့်တရားစကား ဆွေးနွေး၏။-
ဤပေါလုဆိုသူသည်ဧဖက်မြို့တွင်သာမက အာရှပြည်တစ်ခုလုံးလိုလို၌ပင် `လူ့လက်ဖြင့် ပြုလုပ်သည့်ဘုရားများသည်ဘုရားလုံးဝ မဟုတ်' ဟုဆို၍လူအမြောက်အမြားကို ဖြားယောင်းသွေးဆောင်ကာ မှောက်မှားလမ်းလွဲ စေသည်ကိုသင်တို့ကိုယ်တိုင်ကြားနိုင်မြင် နိုင်ကြ၏။-
သို့ရာတွင်သူသည်ယုဒအမျိုးသားဖြစ်သည် ကို လူတို့သိကြသောအခါ ``ဧဖက်မြို့၏ အာတေမိနတ်သမီးသည်ကြီးမြတ်ပေ၏'' ဟု နှစ်နာရီကြာမျှသံပြိုင်ကြွေးကြော်ကြ၏။
ဤအချက်ကိုအဘယ်သူမျှမငြင်းဆိုနိုင်။ သို့ဖြစ်၍သင်တို့သည်ဆိတ်ဆိတ်နေသင့်ကြ၏။ မဆင်ခြင်ဘဲအဘယ်အမှုကိုမျှမပြုသင့်။-
ထိုစဉ်အခါကသင်တို့သည်ခရစ်တော်နှင့် ကင်းကွာလျက်နေခဲ့ကြ၏။ သင်တို့သည်လူမျိုး ခြားများဖြစ်၍ ဘုရားသခင်ရွေးချယ်တော်မူ သောလူစုတော်တွင်ပါဝင်ခွင့်မရကြ။ မိမိ၏ လူစုတော်အား ဘုရားသခင်ထားတော်မူသော ကတိတော်များပေါ်တွင်အခြေပြုသည့်ပဋိ ညာဉ်တရားနှင့်မသက်ဆိုင်ကြ။ ဤလောက တွင်မျှော်လင့်ရာမဲ့ဘုရားမဲ့ခဲ့ရ၏။-
မိမိတို့၏သြတ္တပ္ပစိတ်တွင်သံပူခတ်ခြင်းခံရ သကဲ့သို့ သြတ္တပ္ပစိတ်ကင်းမဲ့သောလိမ်လည် လှည့်ဖြားတတ်သူတို့သည်ထိုသြဝါဒ များကိုပေးကြ၏။-