တစ်မြို့လုံးဆူဆူညံညံဖြစ်လျက်လူတို့ သည် ပေါလု၏ခရီးသွားဖော်များဖြစ်သည့် မာကေဒေါနိပြည်သားဂါယုနှင့်အာရိတ္တာခု တို့ကိုဖမ်းဆီး၍ မြို့တော်ခန်းမကြီးသို့ အလျင်အမြန်ခေါ်ဆောင်သွားကြ၏။-
တမန်တော်ဝတ္ထု 19:32 - Common Language Bible ဤအတောအတွင်း၌လူတို့သည် အမျိုးမျိုး ဟစ်အော်ကြလျက်အုတ်အုတ်သဲသဲဖြစ်၍ နေ၏။- Garrad Bible ထို အ စည်း အ ဝေး တွင် အ များ တို့ သည် မည် သည့် အ ကြောင်း နှင့် စု ရုံး ကြ သည် ကို မ သိ ဘဲ အုတ် အုတ် သဲ သဲ ဖြစ် လျက် အ ချို့ က တစ် မျိုး၊ အ ချို့ က တစ် နည်း အော် ဟစ် ကြ စဉ်၊ Judson Bible စုဝေးသောလူတို့သည် ရုန်းရင်းခတ်မျှဖြစ်၍၊ တစ်ယောက်တခြားစီ အော်ဟစ်သဖြင့်၊ လူအများတို့သည် မိမိတို့စုဝေးရသည် အကြောင်းကိုပင် မိမိတို့မသိကြ။ မြန်မာ့စံမီသမ္မာကျမ်း လူအစုအဝေးသည် ရုန်းရင်းဆန်ခတ်ဖြစ်၍ တစ်ယောက်တစ်မျိုးစီအော်ဟစ်နေကြ၏။ လူအများစုသည် မိမိတို့အဘယ်ကြောင့်စုဝေးလာကြသည်ကိုပင် မသိကြချေ ။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုအချိန်၌ လူအစုအဝေးတို့သည် ရှုပ်ထွေးကြကုန်၍ တစ်ယောက်တစ်မျိုး ဟစ်အော်လျက်နေကြ၏။ လူအများစုသည် မည်သည့်အကြောင်းကြောင့် မိမိတို့အတူတကွစုဝေးနေသည်ကိုပင် မသိကြ။ |
တစ်မြို့လုံးဆူဆူညံညံဖြစ်လျက်လူတို့ သည် ပေါလု၏ခရီးသွားဖော်များဖြစ်သည့် မာကေဒေါနိပြည်သားဂါယုနှင့်အာရိတ္တာခု တို့ကိုဖမ်းဆီး၍ မြို့တော်ခန်းမကြီးသို့ အလျင်အမြန်ခေါ်ဆောင်သွားကြ၏။-
ပေါလု၏အဆွေဖြစ်သောနယ်အာဏာပိုင် အချို့တို့ကလည်း မြို့တော်ခန်းမကြီးထဲ သို့မဝင်ရန်လူလွှတ်၍တောင်းပန်ကြ၏။-
ယနေ့ရုန်းရင်းဆန်ခတ်ဖြစ်ခြင်းသည် ငါတို့ ကြောင့်ဖြစ်ရသည်ဟုအစွပ်အစွဲခံရစရာ ရှိ၏။ ဤသို့ရုတ်ရုတ်သဲသဲဖြစ်စရာအကြောင်း မရှိ။ ရုတ်ရုတ်သဲသဲဖြစ်ရသည်ကို ငါတို့ခိုင် လုံသည့်အကြောင်းပြချက်ပေးနိုင်ကြမည် မဟုတ်'' ဟုဆို၏။-
လူပရိသတ်တို့ကသူတစ်မျိုးငါတစ်ဖုံဟစ် အော်ပြောဆိုကြ၏။ ထိုဆူညံသံများကြောင့် တပ်မှူးသည်အဖြစ်မှန်ကိုမသိနိုင်ရကား ပေါလုကိုတပ်စခန်းရဲတိုက်ထဲသို့ခေါ် ဆောင်သွားရန်အမိန့်ပေးလေ၏။-