တမန်တော်ဝတ္ထု 19:1 - Common Language Bible ကောရိန္သုမြို့တွင်အာပေါလုရှိနေစဉ်ပေါလု သည် အထက်ပါဒေသတစ်လျှောက်သို့လှည့်လည် ပြီးနောက် ဧဖက်မြို့သို့ရောက်ရှိလာ၏။ ထိုမြို့တွင် တပည့်တော်အချို့တို့ကိုတွေ့၍၊- Garrad Bible ကော ရိ န္သု မြို့၌ အာ ပေါ လု ရှိ နေ စဉ် ပေါ လု သည် အ ညာ နယ် ကို သွား၍ ဧ ဖက် မြို့ သို့ ရောက် ရာ တွေ့ သော တ ပည့် တော် တို့ အား၊ Judson Bible အာပေါလုသည် ကောရိန္သုမြို့၌နေစဉ်၊ ပေါလုသည် အထက်အရပ်များကို လျှောက်သွားပြီးမှ ဧဖက်မြို့သို့ရောက်၍၊ တပည့်တော် အချို့တို့ကိုတွေ့လျှင်၊- မြန်မာ့စံမီသမ္မာကျမ်း အာပေါလုသည် ကောရိန္သုမြို့၌ရှိနေစဉ် ပေါလုသည် ကုန်းတွင်းပိုင်းဒေသများကိုဖြတ်၍ ဧဖက်မြို့သို့ ဆင်းလာ၏။ ထိုအခါ တပည့်တော်အချို့တို့ကို တွေ့သဖြင့် ခေတ်သစ်မြန်မာ သမ္မာကျမ်း အာပေါလုသည် ကောရိန္သုမြို့၌ ရှိနေစဉ် ပေါလုသည် ကုန်းတွင်းပိုင်းမြို့များကို ဖြတ်၍ ဧဖက်မြို့သို့ ရောက်လာ၏။ ထိုမြို့၌ တပည့်တော်တချို့ကို တွေ့လျှင် |
တရားဇရပ်အုပ်ချုပ်မှူးကရိပ္ပုနှင့်အိမ်သူ အိမ်သားအပေါင်းတို့သည် သခင်ဘုရားကို ယုံကြည်သူများဖြစ်လာကြ၏။ အခြား ကောရိန္သုမြို့သားအမြောက်အမြားသည် လည်း နှုတ်ကပတ်တရားတော်ကိုကြားရ၍ ယုံကြည်ကာဗတ္တိဇံမင်္ဂလာကိုခံယူကြ၏။
ထိုအဖြစ်အပျက်အကြောင်းကိုဧဖက်မြို့ တွင်နေထိုင်သူ ယုဒအမျိုးသားများနှင့် ဂရိအမျိုးသားအပေါင်းတို့ကြားသိကြ ၏။ သူတို့သည်ထိတ်လန့်တုန်လှုပ်လျက် သခင် ယေရှု၏ဂုဏ်တော်ကိုချီးကူးကြကုန်၏။-
ဤပေါလုဆိုသူသည်ဧဖက်မြို့တွင်သာမက အာရှပြည်တစ်ခုလုံးလိုလို၌ပင် `လူ့လက်ဖြင့် ပြုလုပ်သည့်ဘုရားများသည်ဘုရားလုံးဝ မဟုတ်' ဟုဆို၍လူအမြောက်အမြားကို ဖြားယောင်းသွေးဆောင်ကာ မှောက်မှားလမ်းလွဲ စေသည်ကိုသင်တို့ကိုယ်တိုင်ကြားနိုင်မြင် နိုင်ကြ၏။-
ပေါလုသည်အာရှနယ်တွင်အချိန်မကုန်စေ လိုသဖြင့် ဧဖက်မြို့အနီးမှဖြတ်၍သင်္ဘော လွှင့်ရန်စိတ်ပိုင်းဖြတ်ထား၏။ ဖြစ်နိုင်ပါက ပင်တေကုတ္တေပွဲတော်အမီယေရုရှလင်မြို့ သို့ရောက်ရှိရန် သူသည်အလျင်အမြန်ခရီး ပြုလျက်နေ၏။
ထိုသူတို့ရောက်ရှိကြသောအခါပေါလုက ``ငါ သည်အာရှနယ်သို့ရောက်သည့်နေ့မှစ၍ သင်တို့ နှင့်အတူရှိနေသည့်အချိန်ကာလတစ်လျှောက် လုံးတွင် မည်သို့ပြုမူကျင့်ကြံခဲ့သည်ကိုသင် တို့အသိပင်ဖြစ်၏။-
(အဘယ်ကြောင့်ဆိုသော်သူတို့သည်ပေါလုကို ဧဖက်မြို့သားတရောဖိမ်ဆိုသူနှင့်အတူ မြို့ ထဲတွင်တွေ့မြင်ခဲ့သဖြင့် ထိုသူအားဗိမာန် တော်ထဲသို့ပေါလုခေါ်ဆောင်ခဲ့သည်ဟုထင် မှတ်သောကြောင့်ဖြစ်၏။)
သင်တို့တွင်တစ်ယောက်တစ်မျိုးစီပြောနေကြ ၏။ ``ငါသည်ပေါလု၏တပည့်ဖြစ်သည်။ ငါသည် အာပေါလု၏တပည့်ဖြစ်သည်။ ငါသည်ကေဖ ၏တပည့်ဖြစ်သည်။ ငါသည်ခရစ်တော်၏တပည့် ဖြစ်သည်'' ဟုအသီးသီးပြောဆိုနေကြ၏။-
အကယ်၍ငါသည်ဧဖက်မြို့တွင် ``သားရဲ တိရစ္ဆာန်'' တို့နှင့်တိုက်ခိုက်ခဲ့ပါမူလူအမြင် ဖြင့်ငါ့အဖို့အဘယ်အကျိုးရှိမည်နည်း။ သေလွန်သူတို့ရှင်ပြန်ထမြောက်ခြင်းမရှိ ပါက ``နက်ဖြန်သေကြမည်ဖြစ်၍ငါတို့ သည်စားကြ၊ သောက်ကြ၊ ပျော်ပါးကြကုန် အံ့'' ဟုဆိုသည့်အတိုင်းပြုကြစို့။
ငါ့ညီအာပေါလုနှင့်ပတ်သက်၍ပြောရမည်ဆို လျှင် သူသည်အခြားခရစ်ယာန်ညီအစ်ကိုများ နှင့်အတူ သင်တို့ထံသို့သွားရောက်လည်ပတ်ရန် အထူးပင်ငါအားပေးတိုက်တွန်းပါ၏။ သို့ရာ တွင်ယခုအချိန်အခါမသင့်သေးဟုသူ ယုံကြည်၏။ နောင်အခွင့်ကောင်းကြုံသည့်အခါ လာရောက်ပါလိမ့်မည်။
ညီအစ်ကိုတို့၊ သင်တို့၏အကျိုးငှာဤအကြောင်း အရာများတွင် အာပေါလုနှင့်ငါ့ကိစ္စကိုဥပမာ ထည့်သွင်းဖော်ပြလိုက်ခြင်းဖြစ်၏။ ထိုသို့ဖော် ပြရခြင်းမှာ ``စည်းမျဉ်းကိုကျော်လွန်၍မပြု နှင့်'' ဟူသောဆိုရိုးစကား၏အနက်အဋ္ဌိပ္ပါယ် ကိုသင်တို့နားလည်နိုင်ကြစေရန်ဖြစ်၏။ သင် တို့သည်တစ်ယောက်ကိုချီးမွမ်း၍အခြား တစ်ယောက်ကိုမထီလေးစားမပြုကြနှင့်။-
ဘုရားသခင်၏အလိုတော်အရ ခရစ်တော် ယေရှု၏တမန်တော်အဖြစ်ခန့်ထားခြင်းခံ ရသောပေါလုထံမှ ဧဖက်မြို့နေဘုရား သခင်၏လူစုတော်ဖြစ်သူ၊ သစ္စာရှိစွာ ခရစ်တော်ယေရှုနှင့်တစ်လုံးတစ်ဝတည်း ဖြစ်ကြသူအပေါင်းတို့ထံသို့စာရေး လိုက်ပါသည်။