၁ ကော 1:12 - Common Language Bible12 သင်တို့တွင်တစ်ယောက်တစ်မျိုးစီပြောနေကြ ၏။ ``ငါသည်ပေါလု၏တပည့်ဖြစ်သည်။ ငါသည် အာပေါလု၏တပည့်ဖြစ်သည်။ ငါသည်ကေဖ ၏တပည့်ဖြစ်သည်။ ငါသည်ခရစ်တော်၏တပည့် ဖြစ်သည်'' ဟုအသီးသီးပြောဆိုနေကြ၏။- အခန်းကိုကြည့်ပါ။Garrad Bible12 ငါ ဆို လို သည် မှာ အ သီး သီး တို့ က ငါ သည် ပေါ လု တ ပည့်၊ ငါ သည် အာ ပေါ လု တ ပည့်၊ ငါ သည် ကေ ဖ တပည့်၊ ငါ သည် ခရစ် တော် တ ပည့် ဟု ပြော ဆို ကြ၏။ အခန်းကိုကြည့်ပါ။Judson Bible12 သင်တို့က၊ ငါသည် ပေါလုတပည့်ဖြစ်၏။ ငါသည် အာပေါလုတပည့်ဖြစ်၏။ ငါသည် ကေဖတပည့်ဖြစ်၏။ ငါသည် ခရစ်တော်တပည့်ဖြစ်၏ဟု အသီးအသီး ပြောကြသောကြောင့် ငါဆိုရ၏။- အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း12 သင်တို့အသီးသီးက “ငါသည် ပေါလုတပည့်ဖြစ်သည်။ ငါသည် အာပေါလုတပည့်ဖြစ်သည်။ ငါသည် ကေဖတပည့်ဖြစ်သည်။ ငါသည် ခရစ်တော်တပည့်ဖြစ်သည်”ဟု ပြောဆိုနေကြသောကြောင့် ဤစကားကို ယခု ငါပြောရ၏။ အခန်းကိုကြည့်ပါ။ခေတ်သစ်မြန်မာ သမ္မာကျမ်း12 သင်တို့ထဲမှ တချို့က “ငါသည် ပေါလု၏တပည့်ဖြစ်၏၊” တချို့က “ငါသည် အာပေါလု၏တပည့်ဖြစ်၏၊” တချို့က “ငါသည် ပေတရု၏တပည့်ဖြစ်၏၊” တချို့က “ငါသည် ခရစ်တော်၏တပည့်ဖြစ်၏” ဟူ၍ အသီးသီးက ပြောဆိုနေကြသောကြောင့် ဤစကားကို ကျွန်ုပ်ပြောရခြင်းဖြစ်၏။ အခန်းကိုကြည့်ပါ။ |
ငါ့ညီအာပေါလုနှင့်ပတ်သက်၍ပြောရမည်ဆို လျှင် သူသည်အခြားခရစ်ယာန်ညီအစ်ကိုများ နှင့်အတူ သင်တို့ထံသို့သွားရောက်လည်ပတ်ရန် အထူးပင်ငါအားပေးတိုက်တွန်းပါ၏။ သို့ရာ တွင်ယခုအချိန်အခါမသင့်သေးဟုသူ ယုံကြည်၏။ နောင်အခွင့်ကောင်းကြုံသည့်အခါ လာရောက်ပါလိမ့်မည်။
ညီအစ်ကိုတို့၊ သင်တို့၏အကျိုးငှာဤအကြောင်း အရာများတွင် အာပေါလုနှင့်ငါ့ကိစ္စကိုဥပမာ ထည့်သွင်းဖော်ပြလိုက်ခြင်းဖြစ်၏။ ထိုသို့ဖော် ပြရခြင်းမှာ ``စည်းမျဉ်းကိုကျော်လွန်၍မပြု နှင့်'' ဟူသောဆိုရိုးစကား၏အနက်အဋ္ဌိပ္ပါယ် ကိုသင်တို့နားလည်နိုင်ကြစေရန်ဖြစ်၏။ သင် တို့သည်တစ်ယောက်ကိုချီးမွမ်း၍အခြား တစ်ယောက်ကိုမထီလေးစားမပြုကြနှင့်။-
အသင်းတော်၏မဏ္ဍိုင်များဖြစ်ကြသော ယာကုပ်၊ ပေတရုနှင့်ယောဟန်တို့ကငါ့ အားဘုရားသခင်ပေးတော်မူသောအခွင့် ထူးကို အသိအမှတ်ပြုကြပေသည်။ သို့ ဖြစ်၍ငါတို့အားလုံးသည်လုပ်ဖော်ကိုင် ဘက်များဖြစ်ကြောင်းကိုပြသည့်အနေ ဖြင့် သူတို့သည်ဗာနဗနှင့်ငါ့အားလက် ဆွဲ၍နှုတ်ဆက်ကြ၏။ ငါတို့ကလူမျိုး ခြားတို့ထံတွင်အမှုတော်ဆောင်ရန်နှင့် သူတို့ကယုဒအမျိုးသားတို့ထံတွင် အမှုတော်ဆောင်ရန်သဘောတူကြသည်။-