``ယခုတွင်ဤသူတို့သည်လူမျိုးတစ်မျိုး တည်းဖြစ်၍ ဘာသာစကားတစ်ခုတည်း ကိုပြောဆိုလျက်ရှိကြ၏။-
တမန်တော်ဝတ္ထု 14:18 - Common Language Bible ဤသို့တမန်တော်တို့ကြွေးကြော်ကြသော် လည်း လူတို့ယဇ်ပူဇော်ရန်ကြိုးစားမှုကိုမူ ဆီးတား၍မရချေ။ Garrad Bible ထို သို့ ပြော ဆို လျက် ပူ ဇော် လို သော လူ ပ ရိ သတ် ကို တား ဆီး မိ ရုံ မျှ ရောက် ရ ကြ၏။ Judson Bible ထိုသို့ကြွေးကြော်သဖြင့် လူအစုအဝေးတို့သည် ယဇ်ပူဇော်ခြင်းကို မပြုရမည်အကြောင်း မြစ်တားခဲသောအမှုကို မြစ်တားလေ၏။- မြန်မာ့စံမီသမ္မာကျမ်း သူတို့သည် ထိုသို့ပြောဆိုလျက် မိမိတို့အား ယဇ်ပူဇော်ခြင်းမပြုကြရန် လူထုပရိသတ်များကို ခဲယဉ်းစွာတားမြစ်ရ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း သူတို့သည် ထိုသို့ပြောဆိုလျက် မိမိတို့အားယဇ်မပူဇော်ရန် လူထုကို ခက်ခဲစွာ တားမြစ်ကြရ၏။ |
``ယခုတွင်ဤသူတို့သည်လူမျိုးတစ်မျိုး တည်းဖြစ်၍ ဘာသာစကားတစ်ခုတည်း ကိုပြောဆိုလျက်ရှိကြ၏။-
သို့ရာတွင်သူတို့က``သင်သည်တစ်ရပ်တစ်ကျေးမှလာ၍ ငါတို့ကိုသြဇာမပေးနှင့်။ ဖယ်ပေး၊ မဖယ်ပေးလျှင်သူတို့ခံရသည်ထက်သင်ပို၍ခံရမည်'' ဟုဆိုလေသည်။ သူတို့သည်လောတကိုနောက်သို့ဖိတွန်းလျက် အိမ်တံခါးကိုချိုးဖျက်ရန်ရှေ့သို့တက်လာကြသည်။-
ဤလူစု၏စိတ်နှလုံးသည်ထိုင်းမှိုင်းလျက် သူတို့၏နားများသည်လေးလျက်မျက်စိများသည် ပိတ်လျက်ရှိ၏။ အကယ်၍သာသူတို့၏မျက်စိများသည်မြင်နိုင်၍ နားများသည်ကြားနိုင်လျက်၊ စိတ်နှလုံးသည်လည်းသိနားလည်နိုင်မည်ဆိုပါမူ သူတို့သည်ငါ့ကိုခိုလှုံကိုးစားလာကြမည်ဖြစ်၍၊ ငါသည်လည်းသူတို့၏အပြစ်များကို ဖြေလွှတ်တော်မူပေအံ့' ဟုဘုရားသခင်မိန့်တော်မူကြောင်းဟေရှာယ ဟောချက်သည်မှန်ပေ၏။
သခင်ယေရှုသည်ထိုသူတို့လာ၍ မိမိအား အတင်းအဋ္ဌမ္မခေါ်ဆောင်ကာမင်းမြှောက်ကြ လိမ့်မည်ကိုသိတော်မူသဖြင့် တစ်ကိုယ်တည်း တောင်ပေါ်သို့ရှောင်တိမ်းသွားတော်မူ၏။
သို့ရာတွင်ကိုယ်တော်ရှိတော်မူကြောင်းသက် သေခံအထောက်အထားများဖြင့် လူတို့အား အစဉ်ပင်ပြသတော်မူ၏။ ကိုယ်တော်သည် ကောင်းကင်မှမိုးကိုရွာစေလျက်အချိန်တန် လျှင် သီးနှံများကိုဖြစ်ပွားစေတော်မူ၏။ သင် တို့အားအစာအာဟာရကျွေးမွေး၍စိတ် ရွှင်လန်းဝမ်းမြောက်စေတော်မူ၏'' ဟုကြွေး ကြော်လေသည်။-
သို့ရာတွင်ယုဒအမျိုးသားအချို့သည်အန္တိ အုတ်မြို့နှင့်ဣကောနိမြို့တို့မှရောက်လာကြ ပြီးလျှင် လူပရိသတ်တို့ကိုမိမိတို့ဘက်သို့ ပါအောင်ဆွဲဆောင်ကြ၏။ ထိုနောက်ပေါလုကို ခဲဖြင့်ပေါက်၍ သေလုပြီဟုထင်သဖြင့်မြို့ ပြင်သို့ဆွဲထုတ်သွားကြ၏။-