ခါနာန်၏သားဦးဇိဒုန်နှင့်သားဟေသတို့သည် သူတို့၏နာမည်ကိုခံယူကြသောလူမျိုးတို့ ၏ဖခင်များဖြစ်ကြသည်။-
တမန်တော်ဝတ္ထု 12:20 - Common Language Bible ဟေရုဒ်မင်းသည်တုရုမြို့သားများနှင့် ဇိဒုန် မြို့သားတို့အပေါ်တွင်များစွာအမျက်ထွက် သဖြင့် ထိုမြို့သားတို့သည်စုရုံးလျက်မင်း ကြီးထံသို့လာရောက်ကြ၏။ ဦးစွာပထမ နန်းတော်အုပ် ဗလတ္တု၏အကူအညီကိုရယူ ကြ၏။ ထို့နောက်ဟေရုဒ်မင်းထံသို့ဝင်၍ငြိမ်း ချမ်းရေးအတွက် စကားကမ်းလှမ်းကြ၏။ အဘယ်ကြောင့်ဆိုသော်သူတို့၏ပြည်သည် ဟေရုဒ်မင်း၏ပြည်ကိုမှီခိုစားသောက်ရ သောကြောင့်ဖြစ်၏။ Garrad Bible ထို အ ခါ မင်း မျက် ခံ ရ သော တု ရု နှင့် ဇိ ဒုန် မြို့ သား တို့ သည် တစ် ညီ တစ် ညွတ် တည်း တိုး ဝင်၍ အ ဆောင် တော် မြဲ ဗိုလ် ဗ လ တ္တု ကို ဖျောင်း ဖျ ပြီး လျှင် သူ တို့ မြို့ များ သည် ဘု ရင်၏ ပြည် ကို မှီ ခို စား သောက် ရ သော ကြောင့် အ မျက် တော် ပြေ ငြိမ်း ရန် တောင်း ပန် ကြ ရာ၊ Judson Bible ထိုနောက်၊ ဟေရုဒ်မင်းသည် ယုဒပြည်မှ ကဲသရိမြို့သို့သွား၍ နေသည်ရှိသော်၊ တုရုမြို့သားနှင့် ဇိဒုန်မြို့သားတို့ကို အမျက်ထွက်လေ၏။ ထိုသူတို့သည် တညီတညွတ်တည်းလာကြ၍၊ ဗလတ္တုအမည်ရှိသော အတွင်းဝန်ကို ဖျောင်းဖျပြီးမှ၊ အမျက်တော်ပြေမည်အကြောင်း တောင်းပန်ကြ၏။ အကြောင်းမူကား၊ သူတို့ပြည်သည် ပြည်တော်ကိုမှီ၍ ကျွေးမွေးခြင်းကိုခံရ၏။- မြန်မာ့စံမီသမ္မာကျမ်း ဟေရုဒ်မင်းသည် တိုင်ရာမြို့သားနှင့်ဆီဒုန်မြို့သားတို့အပေါ် ပြင်းစွာဒေါသထွက်သဖြင့် သူတို့သည် မင်းကြီးထံသို့ တစ်စုတစ်ဝေးတည်းလာကြ၍ မင်းကြီး၏အတွင်းဝန်ဗလတ္တုကိုစည်းရုံးကာ ငြိမ်းချမ်းမှုရရှိရန်အတွက် တောင်းပန်ကြ၏။ အဘယ်ကြောင့်ဆိုသော် သူတို့ပြည်သည် မင်းကြီး၏ပြည်မှ အစားအစာကိုရရှိသောကြောင့်ဖြစ်၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ထို့နောက် ဟေရုဒ်မင်းသည် တိုင်ရာမြို့သားများနှင့်ဆီဒုန်မြို့သားများကို အမျက်ထွက်လေ၏။ ထို့ကြောင့် ထိုသူတို့သည် ညီညွတ်စွာ လာရောက်ခစား၍ ဗလတ္တုအမည်ရှိသော မင်းကြီး၏အတွင်းဝန်ကို စည်းရုံးကာ ငြိမ်းချမ်းရေးအတွက် တောင်းဆိုကြ၏။ အဘယ်ကြောင့်ဆိုသော် သူတို့၏ပြည်သည် အစာရေစာအတွက် ဟေရုဒ်မင်း၏တိုင်းပြည်ကို အမှီပြုနေရသောကြောင့်ဖြစ်၏။ |
ခါနာန်၏သားဦးဇိဒုန်နှင့်သားဟေသတို့သည် သူတို့၏နာမည်ကိုခံယူကြသောလူမျိုးတို့ ၏ဖခင်များဖြစ်ကြသည်။-
ဇိဒုန်မြို့မှတောင်ဘက်ရှိဂါဇမြို့အနီးဂေရာ မြို့သို့လည်းကောင်း၊ အရှေ့ဘက်ရှိသောဒုံမြို့၊ ဂေါ မောရမြို့၊ အာဒမာမြို့နှင့်လာရှမြို့အနီး ဇေဘိုင်မြို့သို့လည်းကောင်းအနှံ့အပြား ရောက်ရှိနေထိုင်ကြ၏။-
ကျွန်ုပ်သည်အဆွေတော်၏အလုပ်သမား များအတွက်ရိက္ခာအဖြစ်ဖြင့်ဂျုံတင်းတစ် သိန်း၊ မုယောဆန်တင်းတစ်သိန်း၊ စပျစ်ရည် ဂါလံတစ်သိန်းတစ်သောင်းနှင့်သံလွင်ဆီ ဂါလံတစ်သိန်းတစ်သောင်းကိုပေးပို့ပါ မည်'' ဟုမှာကြားတော်မူလိုက်၏။
အဆွေတော်ကတိပြုသည်အတိုင်းယခု ကျွန်ုပ်ထံသို့ဂျုံ၊ မုယောဆန်၊ စပျစ်ရည် နှင့်သံလွင်ဆီတို့ကိုပေးပို့လိုက်ပါလော့။-
ပြည်သူတို့သည်ပန်းရန်များနှင့်လက်သမား များကိုပေးချေရန်ငွေပေးလှူကြ၏။ ပေရသိ ဘုရင်ကုရုမင်းခွင့်ပြုချက်အရလေဗနုန် တောမှ သစ်ကတိုးများကို ယုပ္ပေဆိပ်အရောက် စုံမျောစေခြင်းငှာ တုရုနှင့်ဇိဒုန်မြို့သား များထံသို့အစားအစာ၊ စပျစ်ရည်နှင့် သံလွင်ဆီတို့ကိုပေးပို့ကြ၏။-
ရန်တွေ့စအမှုသည် ရေကန်ပေါင်ပေါက်စကဲ့သို့ ဖြစ်သောကြောင့်၊ ရန်မတွေ့မှီတွေ့စရာ အကြောင်းကို ရှောင်လော့။
အကြံရှိသောသူသည် သူတပါးနှင့်တိုင်ပင်လျှင်၊ အကြံထမြောက်တတ်၏။ ကောင်းသော တိုင်ပင်ခြင်း ရှိမှသာ စစ်မှုကို ပြုရမည်။
မင်းသည် သင့်ကိုစိတ်ဆိုးလျှင်၊ ကိုယ်နေသင့် အရပ်မှ မရွေ့နှင့်။ သည်းခံခြင်းသည် ကြီးသောအပြစ်ကို ဖြေတတ်၏။
ယုဒပြည်နှင့်ဣသရေလပြည်တို့ကသင်၏ ကုန်စည်များကိုမင်းနစ်မြို့မှဂျုံစပါး၊ ပျား ရည်၊ သံလွင်ဆီ၊ အမွှေးအကြိုင်အမျိုးမျိုး ပေး၍ဝယ်ယူကြ၏။-
ဤသို့ပါးနပ်လိမ္မာစွာပြုသည့်အတွက်မရိုး ဖြောင့်သည့်မန်နေဂျာကိုသူဌေးသည်ချီးမွမ်း လေ၏။ အဘယ်ကြောင့်ဆိုသော်လောကီသား တို့သည်လောကီကိစ္စဆောင်ရွက်ရာတွင် အလင်း နှင့်ဆိုင်သောသားများထက်ပါးနပ်လိမ္မာ ကြသောကြောင့်တည်း။
ဟေရုဒ်မင်းသည်ချိန်းချက်ထားသည့်နေ့၌ မင်း မြောက်တန်ဆာများကိုဝတ်ဆင်ပြီးလျှင် ရာဇ ပလ္လင်တော်ပေါ်တွင်ထိုင်တော်မူလျက် လူတို့ အားမိန့်ခွန်းမြွက်ကြားတော်မူ၏။-
ကျွန်ုပ်တို့သည်ကုပရုကျွန်းကိုမြင်ရသောအခါ ထိုကျွန်း၏တောင်ဘက်မှဖြတ်၍ရှုရိပြည်သို့ သင်္ဘောလွှင့်ကြလေသည်။ တုရုမြို့တွင်ကုန်ပစ္စည်း များကိုချရမည်ဖြစ်၍ ထိုမြို့တွင်သင်္ဘောကို ဆိုက်ကပ်ကြ၏။-
တုရုမြို့မှဆက်၍ခရီးပြုကြရာ ကျွန်ုပ်တို့ သည်ပတောလင်မြို့သို့ရောက်ကြ၏။ ထိုမြို့ တွင်ညီအစ်ကိုများကိုနှုတ်ဆက်ပြီးနောက် သူတို့ထံတွင်တစ်ရက်မျှတည်းခိုကြ၏။-
ထိုမှတစ်ဖန်ရာမမြို့ဘက်သို့လှည့်ပြီးလျှင် တံတိုင်းကာရံထားသောတုရုမြို့သို့ရောက် သည်။ ထိုနောက်ဟောသမြို့သို့လှည့်ပြီးလျှင် မြေထဲပင်လယ်၌အဆုံးသတ်သည်။ နယ် မြေတွင်မဟာလပ်မြို့၊ အာခဇိပ်မြို့၊-