တမန်တော်ဝတ္ထု 11:19 - Common Language Bible သခင်ယေရှုကိုယုံကြည်သူတို့သည် သတေဖန် အသတ်ခံရချိန်၌ဖြစ်ပေါ်လာသောနှိပ်စက် ညှဉ်းဆဲမှုကြောင့် အရပ်ရပ်သို့ကွဲလွင့်သွား ကြ၏။ ထိုသူအချို့တို့သည်ဖိနိတ်ပြည်၊ ကုပရုကျွန်း၊ အန္တိအုတ်မြို့သို့တိုင်အောင် ရောက်ရှိကြ၏။ သူတို့သည်ဘုရားသခင်၏ နှုတ်ကပတ်တရားတော်ကိုယုဒအမျိုး သားတို့အားသာဟောပြောကြ၏။- Garrad Bible ထို အ ခါ သ တေ ဖန် နှင့် စပ်၍ ပေါ် ပေါက် ရ သော ဒု က္ခ ကြောင့် ကွဲ လွင့် ရ သူ တို့ သည် ဖိ နိတ် ပြည်၊ ကု ပ ရု ကျွန်း၊ အ န္တိ အုတ် မြို့ များ တိုင် အောင် သွား ပြီး လျှင်၊ ယု ဒ လူ မျိုး တို့ အား သာ တ ရား တော် ကို ဟော ပြော လျက် နေ ကြ သော် လည်း၊ Judson Bible ထိုမှတစ်ပါး၊ သတေဖန်၏အမှုကြောင့် ညှဉ်းဆဲခြင်းကိုခံရ၍ အရပ်ရပ်သို့ ကွဲပြားသောသူတို့သည် ဖိနိတ်၊ ကုပရု၊ အန္တိအုတ်မြို့များသို့ တိုင်အောင်သွား၍၊ ယုဒ လူတို့အားသာ နှုတ်ကပတ်တရားတော်ကို ဟောပြောကြ၏။- မြန်မာ့စံမီသမ္မာကျမ်း သတေဖန်နှင့်ဆက်စပ်၍ ဖြစ်ပေါ်လာသည့်နှိပ်စက်ခြင်းကြောင့် ကွဲလွင့်သွားကြသောသူတို့သည် ဖိုနီးရှားနယ်မှစ၍ ဆိုက်ပရပ်ကျွန်းနှင့် အန္တိအုတ်မြို့အထိ ရောက်သွားကြ၏။ သူတို့သည် ဂျူးလူမျိုးတို့မှတစ်ပါး မည်သူ့ကိုမျှ နှုတ်ကပတ်တရားကိုမဟောပြောကြချေ။ ခေတ်သစ်မြန်မာ သမ္မာကျမ်း သတေဖန်သေဆုံးပြီးနောက် ဖြစ်ပေါ်လာသည့် ညှဉ်းပန်းနှိပ်စက်ခြင်းကြောင့် ကွဲလွင့်ပျံ့နှံ့သွားကြသောသူများသည် ဖိုနီးရှားပြည်၊ ဆိုက်ပရပ်ကျွန်းနှင့် ဆီးရီးယားပြည်ရှိအန္တိအုတ်မြို့ထိတိုင် ရောက်သွားကြပြီး ဂျူးလူမျိုးတို့ကိုသာ ဘုရားသခင်၏နှုတ်ကပတ်တရားကို ဟောပြောကြ၏။ |
ယုဒအာဏာပိုင်တို့က ``ငါတို့ရှာ၍မတွေ့စေရန် သူသည်အဘယ်အရပ်သို့သွားပါမည်နည်း။ ယုဒ အမျိုးသားတို့နေထိုင်ရာဂရိမြို့များသို့သွား၍ ဂရိအမျိုးသားတို့အားဟောပြောသွန်သင်ပါ မည်လော။-
သို့ရာတွင်သူတို့အထဲတွင်သခင်ယေရှု ကိုယုံကြည်သူ ကုပရုပြည်သားနှင့်ကုရေ နေပြည်သားအချို့ပါ၏။ သူတို့သည်အန္တိ အုတ်မြို့သို့သွား၍ လူမျိုးခြားတို့အားလည်း သခင်ယေရှု၏အကြောင်းသတင်းကောင်း ကိုဟောပြောကြေညာကြ၏။-
ဤသတင်းကိုယေရုရှလင်မြို့ရှိအသင်း တော်ကြားလျှင် ဗာနဗအားအန္တိအုတ်မြို့ သို့စေလွှတ်ကြ၏။-
အန္တိအုတ်မြို့အသင်းတော်တွင် ပရောဖက်များ နှင့်ဆရာများရှိ၏။ ထိုသူတို့ကားဗာနဗ၊ နိဂါခေါ်ရှုမောင်၊ ကုရေနေပြည်သားလုကိ၊ (စော်ဘွားဟေရုဒ်၏ငယ်သူငယ်ချင်းဖြစ်သူ) မာနင်နှင့်ရှောလုတို့တည်း။-
ဗာနဗနှင့်ရှောလုတို့သည်သန့်ရှင်းသော ဝိညာဉ်တော်စေလွှတ်တော်မူသည်အတိုင်း သေလုကိမြို့သို့သွားရောက်၍ထိုမြို့မှ ကုပရုကျွန်းသို့သင်္ဘောလွှင့်ကြ၏။-
ပေါလုနှင့်ဗာနဗတို့ကယခင်ကထက်ပိုမို ရဲရင့်စွာဟောကြားသည်မှာ ``ငါတို့သည်ဘုရား သခင်၏နှုတ်ကပတ်တရားတော်ကို သင်တို့အား ဦးစွာပထမဟောပြောရပေမည်။ သို့ရာတွင် သင်တို့သည်ထိုတရားတော်ကိုပစ်ပယ်ကာ မိမိ တို့ကိုယ်ကိုထာဝရအသက်နှင့်မထိုက်မတန် သူများဖြစ်သည်ဟုစီရင်ကြသောကြောင့် ငါတို့ သည်သင်တို့ထံမှထွက်ခွာ၍လူမျိုးခြားတို့ ထံသို့သွားကြပါမည်။-
အန္တိအုတ်မြို့သို့သင်္ဘောလွှင့်ကြ၏။ ထိုမြို့ကား ယခုမိမိတို့ဆောင်ရွက်ပြီးစီးသွားသည့် အမှုတော်အတွက် ဘုရားသခင်၏ကျေးဇူး တော်သို့အပ်နှံ၍စေလွှတ်သောမြို့ပင်ဖြစ် သတည်း။
ထိုအခါတမန်တော်များ၊ အသင်းတော်လူ ကြီးများနှင့်အသင်းတော်ဝင်အပေါင်းတို့ သည် ကိုယ်စားလှယ်များကိုရွေးချယ်၍ပေါလု၊ ဗာနဗနှင့်အတူအန္တိအုတ်မြို့သို့စေလွှတ် ရန်ဆုံးဖြတ်ကြ၏။ သူတို့သည်ယုံကြည်သူ တို့အလွန်ကြည်ညိုလေးစားကြသော ဗာရှဗခေါ်ယုဒနှင့်သိလတို့ကိုရွေး ချယ်ကြ၏။-
အသင်းတော်ဝင်တို့သည်ထိုကိုယ်စားလှယ်အဖွဲ့ အား မြို့ပြင်သို့ရောက်အောင်လိုက်ပို့ကြ၏။ ထို အဖွဲ့သည်ဖိနိတ်ပြည်နှင့်ရှမာရိပြည်တို့ကို ဖြတ်သွားစဉ် လူမျိုးခြားတို့ဘုရားသခင်ထံ သို့ပြောင်းလဲလာကြပုံကိုပြောပြကြသဖြင့် ညီအစ်ကိုအပေါင်းတို့သည်လွန်စွာဝမ်းမြောက် ကြ၏။-
စေတမန်တို့အားစေလွှတ်သဖြင့် သူတို့သည် အန္တိအုတ်မြို့သို့သွား၍ယုံကြည်သူအပေါင်း တို့အား စုဝေးစေပြီးလျှင်အမှာစာကိုပေး အပ်ကြ၏။-
ပေါလုနှင့်ဗာနဗတို့သည်အန္တိအုတ်မြို့တွင် ဆက်လက်နေထိုင်၍ သခင်ဘုရား၏နှုတ်ကပတ် တော်ကိုအခြားသူများနှင့်အတူဟောပြော သွန်သင်ကြ၏။
သူတို့သည်အပြင်းအထန်အငြင်းပွားပြီး နောက်လမ်းခွဲခွာသွားကြ၏။ ဗာနဗသည် မာကုကိုခေါ်၍ကုပရုကျွန်းသို့သင်္ဘော လွှင့်လေ၏။-
သူသည်ကဲသရိမြို့သို့ရောက်လျှင်သင်္ဘောမှ ဆင်းပြီးနောက် ယေရုရှလင်မြို့သို့သွား၍ အသင်းတော်ကိုနှုတ်ဆက်၏။ ထိုနောက်အန္တိ အုတ်မြို့သို့သွား၏။-
ကဲသရိမြို့မှတပည့်တော်အချို့တို့သည် ကျွန်ုပ်တို့နှင့်အတူလိုက်ခဲ့ပြီးလျှင် ကျွန်ုပ်တို့ အားကုပရုကျွန်းသားတပည့်တော်ဟောင်း တစ်ဦးဖြစ်သူမနာသုန်၏အိမ်သို့တည်းခို ရန်ခေါ်သွားကြ၏။
ဖိနိတ်ပြည်သို့သွားမည့်သင်္ဘောတစ်စင်းကို တွေ့သဖြင့် ထိုသင်္ဘောပေါ်သို့တက်၍ခရီး ပြုကြပြီးနောက်၊-
သို့ဖြစ်၍သင်တို့သည်ဆိုးညစ်သောအမှုတို့ ကိုစွန့်ပယ်ခြင်းအားဖြင့် ကောင်းချီးခံစားကြရ စေရန်ဘုရားသခင်သည် မိမိ၏အစေခံကို သင်တို့ထံသို့ဦးစွာစေလွှတ်တော်မူ၏'' ဟု ပေတရုဟောပြောလေသည်။
ယောသပ်ဟုနာမည်တွင်သောလူတစ်ယောက် ရှိ၏။ သူ့အားတမန်တော်တို့ကဗာနဗဟူ၍ မှည့်ခေါ်ကြ၏။ (ဗာနဗ၏အနက်ကားအား ပေးကူညီသူဟူ၏။) သူသည်ကုပရုပြည် သား၊ လေဝိအနွယ်ဝင်ဖြစ်၏။-
ဤအကြံကိုတပည့်တော်အပေါင်းတို့နှစ်သက် ကြ၏။ သူတို့သည်သတေဖန်ကိုရွေးချယ်ကြ ၏။ သတေဖန်သည်ယုံကြည်ခြင်းအားကြီး၍ သန့်ရှင်းသောဝိညာဉ်တော်နှင့်ပြည့်ဝသူဖြစ် ၏။ ထို့နောက်ဖိလိပ္ပု၊ ပြောခေါ်၊ နိကနော်၊ တိမုန်၊ ပါမေနနှင့်နိကောလတို့ကိုလည်းရွေးချယ် ကြ၏။ နိကောလကားယုဒအမျိုးသားမဟုတ်၊ ယုဒဘာသာသို့ကူးပြောင်းလာသူအန္တိအုတ် မြို့သားဖြစ်၏။-
အန္တိအုတ်မြို့သို့ပေတရုရောက်ရှိလာသော အခါ သူ၏အပြုအမူသည်မှားလျက်နေ သည်မှာသိသာထင်ရှားသဖြင့် ငါသည် သူ့အားလူတို့ရှေ့တွင်ပြစ်တင်ပြောဆို၏။-