မျိုးချစ်စိတ်ထက်သန်သူရှိမုန်နှင့်ကိုယ်တော်ကို သစ္စာဖောက်သူယုဒရှကာရုတ်တို့တည်း။
တမန်တော်ဝတ္ထု 1:17 - Common Language Bible ယုဒသည်အမှုတော်ဆောင်တစ်ဦးအဖြစ် ရွေးချယ်ခြင်းခံရသူဖြစ်၍ ငါတို့လူစုတွင် အပါအဝင်ဖြစ်ခဲ့၏။'' Garrad Bible ထို သူ သည် ငါ တို့ တွင် ပါ ဝင်၍ အ မှု တော် ဆောင် အ ဖြစ် ခံ ခဲ့ ရ သည် မှန် သော် လည်း၊ Judson Bible ထိုသူသည် ငါတို့နှင့် ရေတွက်ဝင်ခြင်းသို့ရောက်၍ ဓမ္မဆရာ၏အရာကို ခံရပြီ။- မြန်မာ့စံမီသမ္မာကျမ်း အကြောင်းမူကား ယုဒသည် ငါတို့ထဲ၌ထည့်သွင်းရေတွက်ခြင်းခံရပြီး ဤအမှုတော်လုပ်ငန်းတွင် ပါဝင်ခွင့်ကိုရရှိခဲ့၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ယုဒသည် ငါတို့အဖွဲ့ဝင်ဖြစ်၍ ဤသာသနာလုပ်ငန်းအတွက် ခန့်အပ်ခံရသူလည်း ဖြစ်၏။ |
မျိုးချစ်စိတ်ထက်သန်သူရှိမုန်နှင့်ကိုယ်တော်ကို သစ္စာဖောက်သူယုဒရှကာရုတ်တို့တည်း။
ထိုသို့ကိုယ်တော်မိန့်တော်မူစဉ်ပင် လူပရိသတ် တစ်စုရောက်လာ၏။ တပည့်တော်တစ်ကျိပ်နှစ်ပါး အပါအဝင်ဖြစ်သူယုဒသည် ထိုသူတို့ကို ခေါင်းဆောင်၍လာ၏။ သူသည်သခင်ယေရှုအား နမ်းရှုပ်ရန်ချဉ်းကပ်၏။-
ယာကုပ်၏သားယုဒနှင့်နောင်အခါကိုယ်တော် ကိုသစ္စာဖောက်သူယုဒရှကာရုတ်တို့တည်း။
အကျွန်ုပ်သည်သူတို့နှင့်အတူရှိစဉ်သူတို့ ကိုကာကွယ်စောင့်ရှောက်ခဲ့ပါ၏။ ကျမ်းစာတော် လာသည့်အတိုင်းဖြစ်ပျက်စေရန်ပျက်စီးရ မည့်သူတစ်ဦးမှလွဲ၍ အခြားမည်သူတစ်စုံ တစ်ယောက်မျှပျက်စီးမှုမရှိခဲ့ပါ။-
ဗာနဗနှင့်ရှောလုတို့သည် မိမိတို့ဆောင်ရွက် ရန်ရှိသည့်အမှုကိစ္စများကိုဆောင်ရွက်ကြ ပြီးနောက် ယောဟန်မာကုကိုခေါ်၍ယေရု ရှလင်မြို့မှပြန်ခဲ့ကြ၏။
သို့သော်ငါ့အတွက်သတ်မှတ်ထားသည့်အလုပ် တာဝန်ကိုလည်းကောင်း၊ သခင်ယေရှုပေးအပ် တော်မူသည့်အမှုတော်ကိုလည်းကောင်း၊ ပြီးဆုံး အောင်ဆောင်ရွက်နိုင်မှုသာလျှင်ပဋ္ဌာနဖြစ် သဖြင့် ငါသည်မိမိ၏အသက်ကိုနှမြော ခြင်းမရှိ။ ကိုယ်တော်ပေးအပ်တော်မူသည့် အမှုတော်ကား ဘုရားသခင်၏ကျေးဇူး တော်အကြောင်းသတင်းကောင်းကိုကြေညာ ရန်ပင်ဖြစ်သတည်း။''
ပေါလုသည်ထိုသူတို့အားနှုတ်ဆက်ပြီးနောက် မိမိမှတစ်ဆင့် လူမျိုးခြားတို့အားဘုရား သခင်ပြုတော်မူသောအမှုအရာအလုံးစုံ တို့ကိုတင်ပြ၏။-
ဘုရားသခင်သည်မိမိ၏ကရုဏာတော် နှင့်အညီ ငါတို့အားဤအမှုတော်ဆောင် လုပ်ငန်းကိုပေးအပ်တော်မူသည်ဖြစ်ရာ ငါ တို့တွင်စိတ်ပျက်အားလျော့ခြင်းမရှိ။-
ဤအမှုခပ်သိမ်းကိုဘုရားသခင်ပြုတော် မူ၏။ ဘုရားသခင်သည်ငါတို့အား မိမိ၏ ရန်သူများအဖြစ်မှမိတ်ဆွေများအဖြစ် သို့ခရစ်တော်အားဖြင့်ပြောင်းလဲစေတော်မူ ပြီးလျှင် အခြားသူတို့သည်လည်းမိမိ၏ မိတ်ဆွေများဖြစ်လာစေရန်ဆောင်ရွက်သည့် တာဝန်ကိုငါတို့အားပေးအပ်တော်မူ၏။-