မနာရှေကွယ်လွန်သောအခါ သူ့အားသြဇ ဥယျာဉ်ခေါ်နန်းတော်ဥယျာဉ်တွင်သင်္ဂြိုဟ်ကြ ၏။ ထိုနောက်သူ၏သားတော်အာမုန်သည် ခမည်း တော်၏အရိုက်အရာကိုဆက်ခံ၍နန်းတက် လေသည်။
ဇေဖနိ 1:1 - Common Language Bible ဤဗျာဒိတ်တော်သည်အာမုန်၏သား၊ ယုဒ ဘုရင်ယောရှိလက်ထက်၌ဇေဖနိအား ထာဝရဘုရားပေးတော်မူသောဗျာဒိတ် တော်ဖြစ်၏။ (ဇေဖနိကားဟိဇကိမင်းမျိုး ဝင်အာမရိ၊ ဂေဒလိနှင့်ကုရှိတို့မှဆင်း သက်လာသူတည်း။) Garrad Bible အာ မုန် မင်း သား တော်၊ ယု ဒ ဘု ရင် ယော ရှိ မင်း လက် ထက်၊ ဟေ ဇ ကိ တီ၊ အာ မ ရိ မြစ်၊ ဂေ ဒ လိ မြေး၊ ကု ရှိ သား ဇေ ဖ နိ သို့ ရောက် လာ သော၊ ထာ ဝ ရ ဘု ရား၏ ဗျာ ဒိတ် တော် ကား။ Judson Bible ယုဒရှင်ဘုရင်အာမုန်သား ယောရှိမင်းလက်ထက်၊ ဟိဇကိ၊ အာမရိ၊ ဂေဒလိတို့မှ ဆင်းသက်သော ကုရှိ၏သား ဇေဖနိသို့ ရောက်လာသော ထာဝရဘုရား၏နှုတ်ကပတ်တော်ဟူမူကား၊ မြန်မာ့စံမီသမ္မာကျမ်း အာမုန်၏သား၊ ယုဒဘုရင်ယောရှိမင်းကြီးလက်ထက်၌ ဟေဇကိ၏တီ၊ အာမရိ၏မြစ်၊ ဂေဒလိ၏မြေး၊ ကုရှိ၏သားဇေဖနိထံသို့ ရောက်လာသောထာဝရဘုရား၏နှုတ်ကပတ်တော်ကား ဤသို့တည်း။ |
မနာရှေကွယ်လွန်သောအခါ သူ့အားသြဇ ဥယျာဉ်ခေါ်နန်းတော်ဥယျာဉ်တွင်သင်္ဂြိုဟ်ကြ ၏။ ထိုနောက်သူ၏သားတော်အာမုန်သည် ခမည်း တော်၏အရိုက်အရာကိုဆက်ခံ၍နန်းတက် လေသည်။
အာမုန်အားသြဇဥယျာဉ်ရှိသင်္ချိုင်းတွင် သင်္ဂြိုဟ် လိုက်ကြ၏။ ထိုနောက်သူ၏သားတော်ယောရှိ သည် ခမည်းတော်၏အရိုက်အရာကိုဆက်ခံ ၍နန်းတက်လေသည်။
မနာရှေကွယ်လွန်သောအခါသူ့အားနန်း တော်ထဲတွင်သင်္ဂြိုဟ်ကြ၏။ ထိုနောက်သားတော် အာမုန်သည်ခမည်းတော်၏အရိုက်အရာ ကိုဆက်ခံ၍နန်းတက်လေသည်။
ယောရှိ၏သားယုဒဘုရင်အာမုန် နန်းစံ တစ်ဆယ့်သုံးနှစ်မြောက်၌ ထာဝရဘုရား သည်ယေရမိကိုဗျာဒိတ်ပေးတော်မူ၏။-
ယုဒဘုရင်အဖြစ်ခမည်းတော်ယောရှိ၏ အရိုက်အရာကိုဆက်ခံသူ သားတော်ယော ခတ်အကြောင်းနှင့်ပတ်သက်၍ ထာဝရဘုရား က``သူသည်ဤအရပ်မှအပြီးအပိုင်ထွက် ခွာသွားလေပြီ။-
``ထာဝရဘုရားသည်အာမုန်၏သားယုဒ ဘုရင်ယောရှိနန်းစံတစ်ဆယ့်သုံးနှစ်မြောက် မှအစပြု၍ ယနေ့တိုင်အောင်နှစ်ဆယ့်သုံး နှစ်ပတ်လုံးငါ့အားဗျာဒိတ်ပေးလျက်နေ တော်မူခဲ့၏။ ငါသည်လည်းကိုယ်တော်၏ ဗျာဒိတ်တော်များကို သင်တို့အားပြန်ကြား ခဲ့၏။ သို့ရာတွင်သင်တို့သည်ပမာဏမပြု ခဲ့ကြ။-
ဗာဗုလုန်ပြည်ခေဗာမြစ်အနီးတွင် ဗုဇိ၏သားယဇ်ပုရောဟိတ်ဖြစ်သူယေဇကျေလသည် ဘုရားသခင်မိန့်တော်မူသံကိုကြားရ၍တန်ခိုးတော်သည်သူ့အပေါ်သို့သက်ရောက်၏။
ယုဒနိုင်ငံတွင်သြဇိမင်း၊ ယောသံမင်း၊ အာ ခတ်မင်း၊ ဟေဇကိမင်းနှင့်ဣသရေလနိုင်ငံ တွင်ယောရှမင်း၏သားယေရောဗောင်မင်းတို့ စိုးစံသည့်လက်ထက်၌ ဗေရိ၏သားဟောရှေ ထံသို့ရောက်ရှိလာသောထာဝရဘုရား၏ နှုတ်ကပတ်တော်ကားဤသို့တည်း။
ကျမ်းစာတော်မှန်သမျှကိုဘုရားသခင်၏ လမ်းညွှန်မှုဖြင့်ရေးသားပြုစုထားသဖြင့် ထို ကျမ်းစာတော်သည်သမ္မာတရားတော်ကိုသွန် သင်ခြင်း၊ ဆုံးမသြဝါဒပေးခြင်း၊ အမှား များကိုပြုပြင်ခြင်း၊ လျောက်ပတ်စွာသက်ရှင် နေထိုင်တတ်ရန်လမ်းညွှန်ခြင်းတို့ကိုပြု သောအားဖြင့်၊-
သို့ဖြစ်၍ငါတို့သည်ပရောဖက်များကြေညာ သည့်ဗျာဒိတ်တော်ကိုပို၍စိတ်ချယုံကြည် ကြ၏။ ထိုဗျာဒိတ်တော်ကိုဂရုပြုလော့။ အဘယ် ကြောင့်ဆိုသော်ယင်းသည်အရုဏ်ကျင်းလျက် နေအလင်းပေါ်၍ သင်တို့စိတ်နှလုံးထဲတွင် အရုဏ်ကြယ်ပေါ်ထွက်ချိန်မတိုင်မီအမှောင် ထဲတွင်ထွန်းလင်းလျက်နေသည့်မီးခွက်နှင့်တူ၏။-