Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ယေ​ရ​မိ 22:11 - Common Language Bible

11 ယု​ဒ​ဘု​ရင်​အ​ဖြစ်​ခ​မည်း​တော်​ယော​ရှိ​၏ အ​ရိုက်​အ​ရာ​ကို​ဆက်​ခံ​သူ သား​တော်​ယော ခတ်​အ​ကြောင်း​နှင့်​ပတ်​သက်​၍ ထာ​ဝ​ရ​ဘု​ရား က``သူ​သည်​ဤ​အ​ရပ်​မှ​အ​ပြီး​အ​ပိုင်​ထွက် ခွာ​သွား​လေ​ပြီ။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

11 အ သို့ ကြောင့် ဆို သော်၊ ခ မည်း တော် ယော ရှိ မင်း အ ရိုက် အ ရာ၌ နန်း စံ သော၊ ဤ အ ရပ် ဒေ သ မှ စွန့် ခွာ ရ သူ ယု ဒ ဘု ရင် ရှ လ္လုံ မင်း နှင့် စပ် လျဉ်း ၍၊ ထာ ဝ ရ ဘု ရား က၊ ထို မင်း သည် ပြန် လာ တော့ မည် မ ဟုတ်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

11 ခ​မည်း​တော် ယော​ရှိ​မင်း​ကြီး​အ​ရာ၌​စိုး​စံ၍ ဤ​ပြည်​မှ​ထွက်​သွား​သော ယု​ဒ​ရှင်​ဘု​ရင် ယော​ရှိ​မင်း​ကြီး၏​သား​ရှ​လ္လုံ​ကို ရည်​မှတ်၍ ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​ကား၊ ထို​မင်း​သည် နောက်​တစ်​ဖန် ဤ​ပြည်​သို့ ပြန်၍​မ​လာ​ရ။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

11 ခမည်းတော်​ယောရှိ​မင်းကြီး​၏​အရိုက်အရာ​ကို ဆက်ခံ​သော ယောရှိ​မင်းကြီး​၏​သား​တော် ယုဒ​ဘုရင်​ရှလ္လုံ​မင်းကြီး​နှင့်​ပတ်သက်၍ ထာဝရဘုရား​က “သူ​သည် ဤ​ပြည်​မှ​ထွက်သွား​၍ နောက်တစ်ဖန် ပြန်လာ​ရ​တော့​မည်​မ​ဟုတ်​။

အခန်းကိုကြည့်ပါ။ ကော်ပီ




ယေ​ရ​မိ 22:11
10 ပူးပေါင်းရင်းမြစ်များ  

ယော​ရှိ​နန်း​စံ​ချိန်​၌​အီ​ဂျစ်​ဘု​ရင်​နေ​ခေါ​သည် အာ​ရှု​ရိ​ဘု​ရင်​ကို​စစ်​ကူ​ပေး​ရန်​တပ်​မ​တော် နှင့်​ဥ​ဖ​ရတ်​မြစ်​သို့​ချီ​တက်​လာ​၏။ ယော​ရှိ​မင်း သည်​အီ​ဂျစ်​တပ်​မ​တော်​ကို​မေ​ဂိဒ္ဒေါ​မြို့​တွင် ဆီး တား​ရန်​ကြိုး​စား​ရာ​စစ်​ပွဲ​တွင်​ကျ​ဆုံး​တော် မူ​၏။-


သူ​၏​အရာ​ရှိ​များ​သည်​မင်း​ကြီး​၏​အ​လောင်း​ကို စစ်​ရ​ထား​ပေါ်​တွင်​တင်​၍ ယေ​ရု​ရှ​လင်​မြို့​သို့ ယူ​ဆောင်​ပြီး​လျှင်​ဘု​ရင်​တို့​၏​သင်္ချိုင်း​တော်​တွင် သင်္ဂြိုဟ်​ကြ​၏။ ယုဒ​ပြည်​သူ​တို့​သည်​ယော​ရှိ​၏ သား​တော်​ယော​ခတ်​ကို​ရွေး​ချယ်​ကာ​ဘိ​သိက် ပေး​၍​မင်း​မြှောက်​ကြ​လေ​သည်။


ယော​ခတ်​သည်​အ​သက်​နှစ်​ဆယ့်​သုံး​နှစ်​ရှိ​သော အ​ခါ ယု​ဒ​ပြည်​ဘု​ရင်​အ​ဖြစ်​နန်း​တက်​၍ ယေ​ရု ရှ​လင်​မြို့​တွင်​သုံး​လ​မျှ​နန်း​စံ​ရ​လေ​သည်။ သူ ၏​မယ်​တော်​မှာ လိ​ဗ​န​မြို့​သား​ယေ​ရ​မိ​၏ သ​မီး​ဟာ​မု​တာ​လ​ဖြစ်​၏။-


နေ​ခေါ​မင်း​သည်​ယော​ရှ​၏​သား​တော်​ဧ​လျာ​ကိမ် အား ယော​ယ​ကိမ်​ဟူ​သော​နာ​မည်​သစ်​ကို​ပေး​၍ ခ​မည်း​တော်​၏​အ​ရိုက်​အ​ရာ​၌​နန်း​တင်​လေ သည်။ ယော​ခတ်​ကို​မူ​အီ​ဂျစ်​ပြည်​သို့​ခေါ်​ဆောင် သွား​၏။ ယော​ခတ်​သည်​ထို​ပြည်​၌​ပင်​ကွယ်​လွန် လေ​သည်။


ယော​ရှိ​တွင်​ယော​ဟာ​နန်၊ ယော​ယ​ကိမ်၊ ဇေ​ဒ​ကိ နှင့် ရှလ္လုံ​ဟူ​၍​သား​တော်​လေး​ပါး​ရှိ​၏။-


ထို​အ​ခါ​မြောက်​ပိုင်း​နိုင်​ငံ​အ​ကြီး​အ​ကဲ လေး​ဦး​ဖြစ်​ကြ​သော ယော​ဟ​နန်​၏​သား အာ​ဇ​ရိ၊ မေ​ရှိ​လေ​မုတ်​၏​သား​ဗေ​ရ​ခိ၊ ရှလ္လုံ ၏​သား​ဟေ​ဇ​ကိ​နှင့် ဟာ​ဒ​လဲ​၏​သား အာ​မ​သာ​တို့​သည်​လည်း တပ်​မ​တော်​၏ အ​ပြု​အ​မူ​ကို​ကန့်​ကွက်​ကြ​လေ​သည်။-


မင်း​ကြီး​၏​အ​မိန့်​အ​ရ​ဟိ​လ​ခိ​နှင့်​အ​ချို့ သော​သူ​တို့​သည် ယေ​ရု​ရှ​လင်​မြို့​သစ်​ပိုင်း​တွင် နေ​ထိုင်​သူ၊ ဟု​လ​ဒ​အ​မည်​ရှိ​အ​မျိုး​သ​မီး ပ​ရော​ဖက်​ထံ​သို့​သွား​၍​စုံ​စမ်း​မေး​မြန်း ကြ​၏။ (ထို​အ​မျိုး​သ​မီး​၏​ခင်​ပွန်း၊ ဟ​ရ​ဟတ် ၏​မြေး၊ တိ​က​ဝ​၏​သား၊ ရှလ္လုံ​သည်​ဗိ​မာန် တော်​ဆိုင်​ရာ​ဝတ်​လုံ​များ​ကို​ထိန်း​သိမ်း​ရ သူ​ဖြစ်​သ​တည်း။) သူ​တို့​သည်​ထို​အ​မျိုး သ​မီး​အား​ဖြစ်​ပျက်​သည့်​အ​မှု​အ​ရာ​များ ကို​ပြော​ပြ​ကြ​၏။-


မိ​မိ​တို့​မျှော်​မှန်း​တမ်း​တ​သည့်​ပြည်​သို့ နောင်​အ​ဘယ်​အ​ခါ​၌​မျှ​ပြန်​လာ​ရ​ကြ လိမ့်​မည်​မ​ဟုတ်'' ဟု​မိန့်​တော်​မူ​၏။


ဤဗျာဒိတ်တော်သည်အာမုန်၏သား၊ ယုဒ ဘုရင်ယောရှိလက်ထက်၌ဇေဖနိအား ထာဝရဘုရားပေးတော်မူသောဗျာဒိတ် တော်ဖြစ်၏။ (ဇေဖနိကားဟိဇကိမင်းမျိုး ဝင်အာမရိ၊ ဂေဒလိနှင့်ကုရှိတို့မှဆင်း သက်လာသူတည်း။)


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ