ဇာခရိ 8:4 - Common Language Bible ``တောင်ဝှေးကိုစွဲကိုင်၍သွားရကြသည်တိုင် အောင် အိုမင်းသူအမျိုးသားအမျိုးသမီး ကြီးတို့သည် ယေရုရှလင်လမ်းများတွင် ထိုင်လျက်နေကြလိမ့်မည်။- Garrad Bible အို မင်း လှ သည့် အ တွက်၊ တောင် ဝေး စွဲ ရ သော အ သက် ရှည် သူ ယောက်ျား မိန်း မ တို့ သည်၊ ယေ ရု ရှ လင် မြို့ ရှိ လမ်း များ တွင် စင်္ကြံ လျှောက် သည့် ပြင်၊ Judson Bible ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့်တော်မူသည်ကား၊ အိုသော ယောက်ျားမိန်းမ၊ အသက်ကြီး၍ တောင်ဝှေးကိုင်သော သူအပေါင်းတို့သည် ယေရုရှလင်မြို့လမ်းတို့၌ နေကြလေဦးမည်။ မြန်မာ့စံမီသမ္မာကျမ်း ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားက ‘သက်ကြီးရွယ်အို ယောက်ျားမိန်းမတို့သည် အသက်ကြီး၍ တောင်ဝှေးကိုကိုင်ထားလျက် ဂျေရုဆလင်မြို့ရှိလမ်းဆုံလမ်းခွတို့၌ တစ်ဖန်ပြန်၍ ထိုင်နေကြလိမ့်မည်။ |
အချိန်တန်လျှင် သိမ်းယူသောကောက်လှိုင်းကဲ့သို့၊ သင်သည် အသက်ကြီးရင့်၍ သင်္ချိုင်းသို့ ရောက်ရ လိမ့်မည်။
ထ၍တောင်ဝှေးဖြင့်လမ်းလျှောက်နိုင်လျှင် သော်လည်းကောင်း၊ ထိုသူကိုအပြစ်ဒဏ် မစီရင်ရ၊ ထိုသူအလုပ်ပျက်သည့်အချိန် အတွက် ဒဏ်ရာရစေသူကလျော်ကြေးကို ပေး၍၊ အနာပျောက်ကင်းသည့်အချိန်အထိ ဒဏ်ရာရသူအားတာဝန်ယူစောင့်ရှောက် ရမည်။
ထိုအခါသမီးကညာတို့သည်ပျော်ရွှင်ဝမ်း မြောက်စွာ ကခုန်ကြလိမ့်မည်။ လူအိုလူပျိုများသည်လည်းအားရ ရွှင်မြူးကြလိမ့်မည်။ ငါသည်သူတို့အားနှစ်သိမ့်စေ၍သူတို့ငို ကြွေးခြင်းကို ပျော်ရွှင်ခြင်းအဖြစ်သို့လည်းကောင်း၊ သူတို့၏ဝမ်းနည်းခြင်းကို နှစ်သိမ့်ခြင်းနှင့်ဝမ်းမြောက်ခြင်းအဖြစ်သို့လည်း ကောင်း ပြောင်းလဲစေမည်။
လူတို့သည်ယုဒပြည်မြို့ရွာအပေါင်းတို့ တွင်နေထိုင်ကြလိမ့်မည်။ လယ်ယာလုပ်ကိုင် သူများ၊ သိုးအုပ်များကိုထိန်းကျောင်းသူ များလည်းရှိလိမ့်မည်။-
ပထမကောင်းကင်တမန်ကသူ့အား``ယေရု ရှလင်မြို့တွင်နေထိုင်ကြသည့်လူသတ္တဝါ တို့သည်အလွန်ပင်များသဖြင့် ထိုမြို့ကို တံတိုင်းကာနိုင်လိမ့်မည်မဟုတ်ကြောင်းပေ ကြိုးကိုင်ထားသူလူငယ်ထံသို့ပြေး၍ပြော ကြားလော့။-
သင်တို့သည်သိနာတောင်အစားဇိအုန် တောင်သို့လည်းကောင်း၊ အတိုင်းမသိများစွာ သောကောင်းကင်တမန်များရှိရာအသက် ရှင်တော်မူသောဘုရားသခင်၏မြို့တော် တည်းဟူသော ကောင်းကင်ယေရုရှလင်မြို့ သို့လည်းကောင်းရောက်ရှိနေကြ၏။-
နားထောင်လော့။ သင့်အိမ်ထောင်စု၊ သင့်သား ချင်းစုထဲမှလူငယ်လူရွယ်ရှိသမျှကို ငါသုတ်သင်ပယ်ရှင်းပစ်မည့်အချိန်ရောက် ရှိလာလိမ့်မည်။ ဤနည်းအားဖြင့်သင်၏ အိမ်ထောင်စုတွင် အဘယ်သူမျှအသက် အရွယ်အိုမင်းသည်တိုင်အောင်နေရကြ လိမ့်မည်မဟုတ်။-
သင်သည်အခြားဣသရေလအမျိုးသား တို့အား ငါပေးသည့်ကောင်းချီးမင်္ဂလာများ ကိုမြင်၍ စိတ်ပျက်လျက်မနာလိုစိတ်ဖြစ် လိမ့်မည်။ သို့ရာတွင်သင်၏အိမ်ထောင်စုမှ အဘယ်သူမျှ အိုမင်းသည်တိုင်အောင်နေရ တော့မည်မဟုတ်။-