သူယုတ်မာသည်မိမိ၏ဆိုးညစ်သော အလိုဆန္ဒများအကြောင်းကိုကြွားဝါတတ်၏။ လောဘကြီးသူသည်ထာဝရဘုရားကို ကျိန်ဆဲပစ်ပယ်တတ်၏။
ဇာခရိ 8:17 - Common Language Bible သင်တို့သည်အချင်းချင်းဘေးအန္တရာယ်ဖြစ် စေမည့်အကြံအစည်ကိုမပြုကြနှင့်။ ကျိန် ဆိုခြင်းကိုပြုလျက်မမှန်သောသက်သေကို မခံကြနှင့်။ လိမ်လည်ပြောဆိုမှု၊ မတရား သည့်အမှုနှင့် အကြမ်းဖက်မှုတို့ကိုငါမုန်း ၏'' ဟုမိန့်တော်မူ၏။ Garrad Bible အ ချင်း ချင်း မ ကောင်း ကြံ စည် ခြင်း၊ မု သာ သုံး ၍ သက် သေ ခံ ခြင်း များ ကို ငါ ရွံ ရှာ သည့် အ တွက်၊ မ ပြု ကြ လင့် ဟု၊ ထာ ဝ ရ ဘု ရား မိန့် တော် မူ သည် ဟူ၍ တည်း။ Judson Bible တစ်ယောက်ကိုတစ်ယောက် အဘယ်သူမျှ မကောင်းသောအကြံကို မကြံကြနှင့်။ မမှန်သောကျိန်ဆိုခြင်းကို မနှစ်သက်ကြနှင့်။ ထိုသို့သောအမှုရှိသမျှတို့ကို ငါမုန်းသည်ဟု ထာဝရဘုရား မိန့်တော်မူ၏။ မြန်မာ့စံမီသမ္မာကျမ်း သင်တို့စိတ်ထဲ၌ ကိုယ့်အိမ်နီးချင်းအား မကောင်းသောအကြံကို မကြံစည်ရ။ မဟုတ်မမှန် ကျိန်ဆိုခြင်းကို မနှစ်သက်ရ။ ဤအရာအလုံးစုံကို ငါမုန်း၏’ဟူ၍ ထာဝရဘုရားမိန့်တော်မူသည်”ဟု မိန့်ဆို၏။ |
သူယုတ်မာသည်မိမိ၏ဆိုးညစ်သော အလိုဆန္ဒများအကြောင်းကိုကြွားဝါတတ်၏။ လောဘကြီးသူသည်ထာဝရဘုရားကို ကျိန်ဆဲပစ်ပယ်တတ်၏။
မကောင်းမှုကိုအဘယ်အခါ၌မျှသည်းခံမည် မဟုတ်ပါ။ ဘုရားသခင်အားကျောခိုင်းသူတို့၏ အပြုအမူတို့ကိုမုန်း၍ ထိုအပြုအမူတို့နှင့်အဘယ်သို့မျှပတ်သက် မည် မဟုတ်ပါ။
ကောက်သော စိတ်သဘောနှင့် ပြည့်စုံ၍၊ မကောင်းသော အကြံကို အစဉ်ကြံစည်တတ်၏။ သူတပါးချင်းရန်တွေ့စေခြင်းငှါ ပြုတတ်၏။
ထာဝရဘုရားကို ကြောက်ရွံ့သောသဘောကား၊ ဒုစရိုက်ကိုမုန်းသောသဘောတည်း။ မာနထောင်လွှား ခြင်း၊ စော်ကားခြင်း၊ မကောင်းသော လမ်းသို့လိုက်ခြင်း၊ ကောက်သောစကားဖြင့်ပြောဆိုခြင်းတို့ကို ငါမုန်း၏။
အို ယေရုရှလင်မြို့၊ သင်သည်ချမ်းသာရာရ စေရန် မိမိစိတ်နှလုံးကိုဆိုးညစ်မှုနှင့်ကင်း စင်စေလော့။ သင်သည်အဘယ်မျှကြာအောင် ဆက်လက်၍ဆိုးညစ်စွာကြံစည်လျက်နေ ဦးမည်နည်း။
ငါ၏နာမတော်ကိုသင်တို့တိုင်တည်ကျိန်ဆို မှုသည်တော်တည့်မှန်ကန်၊ လျော်ကန်သင့်မြတ် လိမ့်မည်။ ထိုအခါလူမျိုးတကာတို့သည် မိမိ တို့အားကောင်းချီးပေးရန်ငါ့ထံတောင်း လျှောက်ကြလိမ့်မည်။ ငါ့ကိုလည်းထောမနာ ပြုကြလိမ့်မည်'' ဟုမိန့်တော်မူ၏။
ငါသည်မိမိ၏အစေခံပရောဖက်များကို သင်တို့ထံသို့ အဖန်ဖန်အထပ်ထပ်စေလွှတ် ခဲ့၏။ သူတို့ကလည်းသင်တို့အားငါမုန်း ထားစက်ဆုပ်သည့်အမှုကိုမပြုရန်ပြော ကြားခဲ့ကြ၏။-
သို့ရာတွင်ကိုယ်တော်ရှင်သည်ဆိုးညစ်သူသစ္စာဖောက်တို့အား အဘယ်သို့လျှင်သည်းခံနိုင်တော်မူပါသနည်း။ ကိုယ်တော်ရှင်၏မျက်စိတော်တို့သည်အလွန်သန့်ရှင်းမြင့်မြတ်လှသည်ဖြစ်၍ဆိုးညစ်မှုကိုကြည့်မရပါ။ ကိုယ်တော်ရှင်သည်လူတို့ဒုစရိုက်ပြုကျင့်မှုကိုလည်းသည်းမခံနိုင်ပါ။ သို့ဖြစ်၍မိမိတို့ထက်ကိုယ်ကျင့်တရားကောင်းမွန်သူတို့အား ထိုသူတို့သုတ်သင်ပယ်ရှင်းကြသောအခါကိုယ်တော်ရှင်သည်အဘယ်ကြောင့်ဆိတ်ဆိတ်နေတော်မူပါသနည်း။
မုဆိုးမများ၊ မိဘမဲ့များ၊ တစ်ကျွန်းတစ် နိုင်ငံသားများသို့မဟုတ်ဆင်းရဲနွမ်းပါး သူများအားမညှင်းဆဲမနှိပ်စက်ကြနှင့်၊ တစ်ဦးကိုတစ်ဦးဘေးဒုက္ခရောက်အောင် မကြံစည်ကြနှင့်'' ဟုမိန့်မှာခဲ့၏။
ကိုယ်တော်က``ငါသည်တရားစီရင်ရန်သင် တို့ထံသို့လာ၍မှော်အတတ်ကိုကျင့်သုံး သူများ၊ သူတစ်ပါး၏အိမ်ရာကိုပြစ်မှား သူများ၊ မမှန်သောသက်သေခံသူများ၊ မိမိ၏အလုပ်သမားများအပေါ်အခ ကြေးငွေကိုမတရားသဖြင့်ပြုသူများ၊ မုဆိုးမ၊ မိဖမဲ့သူနှင့်လူမျိုးခြားတို့ အားအနိုင်ကျင့်သူမှစ၍ ငါ့အားမရို သေမလေးစားသူမှန်သမျှတို့အားချက် ချင်းထုတ်ဖော်ကြေညာမည်။
ကောင်းမြတ်သောသူသည်မိမိ၏ကောင်းမြတ်သော စိတ်နှလုံးဘဏ္ဍာတိုက်အတွင်းမှကောင်းမြတ်သော အရာကိုထုတ်ဖော်တတ်၏။ ဆိုးယုတ်သောသူသည် မိမိဆိုးယုတ်သောစိတ်နှလုံးဘဏ္ဍာတိုက်အတွင်း မှဆိုးယုတ်သောအရာများကိုထုတ်ဖော်တတ်၏။
လူ့အသက်ကိုသတ်ခြင်း၊ သူ့အိမ်ရာကိုပြစ်မှား ခြင်း၊ ကာမဂုဏ်လိုက်စားခြင်း၊ သူ့ဥစ္စာကိုခိုးခြင်း၊ မမှန်သောသက်သေကိုခံခြင်း၊ သူ့အသရေကို ဖျက်ခြင်းအစရှိသည့်ညစ်ညမ်းသည့်အကြံ အစည်များသည်စိတ်နှလုံးထဲမှထွက်လာ၏။-
သို့ရာတွင်တပ်မက်သောစိတ်ဖြင့်အမျိုးသမီး တစ်ဦးကိုကြည့်သူသည် မိမိ၏စိတ်တွင်ထိုအမျိုး သမီးကိုပြစ်မှားပြီဟုသင်တို့အားငါဆို၏။-