ဇာခရိ 7:7 - Common Language Bible
ဤကားယေရုရှလင်မြို့ကောင်းစားစည်ပင် လျက်နေချိန်၌ ရှေးပရောဖက်များအားဖြင့် ထာဝရဘုရားပေးတော်မူသောဗျာဒိတ် တော်ဖြစ်၏။ ထိုအခါမြို့ပတ်ဝန်းကျင်ကျေး ရွာများတွင်သာလျှင်လူအမြောက်အမြား နေထိုင်ကြသည်မဟုတ်။ တောင်ဘက်ဒေသ နှင့်အနောက်ဘက်ရှိတောင်ခြေဒေသများ တွင်လည်းနေထိုင်ကြလေသည်။
အခန်းကိုကြည့်ပါ။
ပတ် ဝန်း ကျင် ရှိ ဇ န ပုဒ် များ နှင့် တ ကွ၊ ယေ ရု ရှ လင် မြို့ တော် သည်၊ ငြိမ် ငြိမ် သက် သက် စည် ကား လျက်၊ နေ ဂပ် ခ ရိုင်၊ ရှ ဖေ လ ခ ရိုင် လည်း စည် ကား လျက် ရှိ စဉ်၊ အ ထက် ပ ရော ဖက် တို့ အား ဖြင့်၊ ငါ ထာ ဝ ရ ဘု ရား ဟစ် ကြော် ခဲ့ သော အ ချက် များ ကို သင် တို့ နာ ခံ အပ် ကြ သည် တ ကား ဟူ ၍ တည်း။
အခန်းကိုကြည့်ပါ။
ယေရုရှလင်မြို့မပျက်၊ စည်ပင်၍ ပတ်လည်၌ရှိသော မြို့ရွာ၊ တောင်မျက်နှာအရပ်နှင့် မြေညီသောအရပ်၌ လူများသေးသောအခါ၊ ရှေးပရောဖက်တို့ဖြင့် ထာဝရဘုရားကြွေးကြော်တော်မူသော အမိန့်တော်ပြည့်စုံပြီ မဟုတ်လောဟု မိန့်တော်မူ၏။
အခန်းကိုကြည့်ပါ။
ဂျေရုဆလင်မြို့နှင့် အနီးဝန်းကျင်ရှိမြို့ရွာများ၌ လူအများစိုးရိမ်ကြောင့်ကြမှုကင်းစွာနေထိုင်ကြရစဉ်က၊ နေဂေ့အရပ်နှင့်မြေနိမ့်ဒေသတွင် လူသူနေထိုင်သေးစဉ်က ထာဝရဘုရားသည် ရှေးပရောဖက်တို့မှတစ်ဆင့် ဤစကားတို့ကိုမိန့်တော်မူခဲ့ရသည် မဟုတ်လော’ဟူ၍ ပြောကြားလော့”ဟု မိန့်ဆို၏။
အခန်းကိုကြည့်ပါ။