ဇာခရိ 7:6 - Common Language Bible6 စားပွဲသောက်ပွဲကျင်းပကြသည်မှာလည်း မိမိတို့အာသာချင်ရဲပြေစေရန်သာလျှင် ဖြစ်ပေသည်'' ဟုမိန့်တော်မူ၏။ အခန်းကိုကြည့်ပါ။Garrad Bible6 စား ပွဲ သောက် ပွဲ များ ကို ပြု ကြ သည် မှာ၊ ကိုယ် ကို ရည် ဆောင် ကြ သည် မ ဟုတ် လော။ အခန်းကိုကြည့်ပါ။Judson Bible6 စားသောက်သောအခါ၌လည်း ကိုယ်အလိုအလျောက် စားသောက်ကြသည် မဟုတ်လော။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း6 သင်တို့ စားသောက်ကြသောအခါ ကိုယ့်အဖို့သာ ကိုယ်စားသောက်ကြသည်မဟုတ်လော။ အခန်းကိုကြည့်ပါ။ |
ထိုနိုင်ငံများတွင်သူတို့သည်ထာဝရ ဘုရားအားစပျစ်ရည်ပူဇော်သကာကိုလည်း ကောင်း၊ ယဇ်ကောင်ကိုလည်းကောင်းပူဇော်နိုင် လိမ့်မည်မဟုတ်။ သူတို့စားသောအစားအစာ သည်အသုဘအိမ်မှကျွေးသောအစားအစာ ကဲ့သို့စားသူတိုင်းအားညစ်ညမ်းစေမည်။ သူ တို့သည်အဆာပြေရန်ထိုအစားအစာကို စားရမည်။ ထိုအစားအစာကိုပူဇော်သကာ အဖြစ်ဖြင့်ထာဝရဘုရား၏ဗိမာန်တော် သို့မယူဆောင်သွားရ။-
သို့ဖြစ်၍ထိုနေ့၌သူတို့သည်ထာဝရ ဘုရား၏ရှေ့တော်တွင်စားသောက်ကာ အလွန်ရွှင်လန်းဝမ်းမြောက်ကြကုန်၏။ သူတို့သည်ရှောလမုန်အားဘုရင်အဖြစ် ဖြင့်ဒုတိယအကြိမ်ကြေညာလေသည်။ သူ့အားမိမိတို့၏ဘုရင်အဖြစ်ဖြင့် လည်းကောင်း၊ ဇာဒုတ်အားယဇ်ပုရောဟိတ် အဖြစ်ဖြင့်လည်းကောင်း၊ ထာဝရဘုရား ၏နာမတော်ကိုအမှီပြု၍ဘိသိက် ပေးကြ၏။-
သင်တို့သည်မိမိတို့မီးရှို့ပူဇော်ရာသိုးများကို ငါ့ထံသို့မယူဆောင်ခဲ့ကြ။ သင်တို့၏ယဇ်များဖြင့်ဂုဏ်ပြုချီးမြှောက်ခြင်း ခံရသူမှာလည်းငါမဟုတ်။ ငါသည်ပူဇော်သကာများကိုတောင်းဆိုခြင်း အားဖြင့် သင်တို့အားဝန်မလေးစေပါ။ မွှေးကြိုင်သောနံ့သာပေါင်းကို တောင်းဆိုခြင်းအားဖြင့်လည်းသင်တို့စိတ်ကို မငြီးငွေ့စေပါ။
သူတို့က``အကယ်၍ထာဝရဘုရားသည် ငါတို့ကိုအဘယ်အခါ၌မျှမြင်တော်မ မူလျှင် ငါတို့အဘယ်ကြောင့်အစာရှောင် ကြပါတော့မည်နည်း။ ကိုယ်တော်သည်ငါတို့ နှိမ့်ချသည်ကိုမြင်တော်မမူလျှင် အဘယ် ကြောင့်ငါတို့ဒုက္ခခံကြပါမည်နည်း'' ဟု ဆိုကြ၏။ ထာဝရဘုရားကသူတို့အား``အဖြစ်မှန် မှာသင်တို့သည်အစာရှောင်လျက်နေစဉ်၌ ပင်ကိုယ်ကျိုးရှာလျက် မိမိတို့ငယ်သား များကိုလည်းနှိပ်စက်ညှင်းဆဲကြ၏။-
ဤကားယေရုရှလင်မြို့ကောင်းစားစည်ပင် လျက်နေချိန်၌ ရှေးပရောဖက်များအားဖြင့် ထာဝရဘုရားပေးတော်မူသောဗျာဒိတ် တော်ဖြစ်၏။ ထိုအခါမြို့ပတ်ဝန်းကျင်ကျေး ရွာများတွင်သာလျှင်လူအမြောက်အမြား နေထိုင်ကြသည်မဟုတ်။ တောင်ဘက်ဒေသ နှင့်အနောက်ဘက်ရှိတောင်ခြေဒေသများ တွင်လည်းနေထိုင်ကြလေသည်။