ထာဝရဘုရားသည်ပရောဖက်နာသန်အား ဒါဝိဒ်ထံသို့စေလွှတ်တော်မူသဖြင့် နာသန်သည် သွား၍မင်းကြီးအား``အခါတစ်ပါးကတစ်မြို့ တည်းနေလူနှစ်ယောက်ရှိ၏။ တစ်ယောက်သည်ချမ်း သာကြွယ်ဝ၍တစ်ယောက်ကဆင်းရဲ၏။-
ဇာခရိ 12:12 - Common Language Bible တိုင်းပြည်တွင်းရှိအိမ်ထောင်မိသားစုများ တစ်ခုစီခွဲ၍ ငိုကြွေးမြည်တမ်းကြလိမ့် မည်။ ဒါဝိဒ်မင်းမှဆင်းသက်သည့်အိမ်ထောင် မိသားစု၊ နာသန်မှဆင်းသက်သည့်အိမ် ထောင်မိသားစု၊- Garrad Bible ပြည် လုံး နှံ့ အိမ် ထောင် တိုင်း သည်၊ အ သီး အ ခြား မြည် တမ်း ကြ ရာ၊ ဒါ ဝိဒ် မင်း မျိုး သည် ယောက်ျား မိန်း မ အ ခြား စီ၊ နာ သန့် အ နွယ် သား တို့ သည် ယောက်ျား မိန်း မ အ ခြား စီ၊ Judson Bible တစ်ပြည်လုံး အမျိုးအနွယ်အသီးအသီး တစ်မျိုးတခြားစီ ငိုကြွေးမြည်တမ်း ကြလိမ့်မည်။ ဒါဝိဒ်မင်း၏ အဆွေအမျိုးတခြား၊ သူတို့မိန်းမများ တခြား၊ နာသန်၏ အဆွေအမျိုးတခြား၊ သူတို့မိန်းမများ တခြား၊ မြန်မာ့စံမီသမ္မာကျမ်း တစ်ပြည်လုံးတွင် မျိုးနွယ်စုအလိုက် ငိုကြွေးမြည်တမ်းကြလိမ့်မည်။ ဒါဝိဒ်အမျိုးအနွယ်၏မျိုးနွယ်စုတစ်စု၊ သူတို့၏ကြင်ရာတော်များတစ်စု၊ နာသန်အမျိုးအနွယ်၏မျိုးနွယ်စုတစ်စု၊ သူတို့၏မယားများတစ်စု၊ |
ထာဝရဘုရားသည်ပရောဖက်နာသန်အား ဒါဝိဒ်ထံသို့စေလွှတ်တော်မူသဖြင့် နာသန်သည် သွား၍မင်းကြီးအား``အခါတစ်ပါးကတစ်မြို့ တည်းနေလူနှစ်ယောက်ရှိ၏။ တစ်ယောက်သည်ချမ်း သာကြွယ်ဝ၍တစ်ယောက်ကဆင်းရဲ၏။-
ယေရုရှလင်မြို့တွင်ရရှိသောသားသမီး များမှာရှမွာ၊ ရှောဗပ်၊ နာသန်၊ ရှောလမုန်၊-
ထိုညတွင်အီဂျစ်ဘုရင်နှင့်မှူးမတ်ပြည်သူ အပေါင်းတို့သည် ထ၍အော်ဟစ်ငိုကြွေးမြည် တမ်းကြလေ၏။ အဘယ်ကြောင့်ဆိုသော်အီဂျစ် တစ်နိုင်ငံလုံးတွင် သားမသေသောအိမ်တစ် အိမ်မျှမရှိသောကြောင့်ဖြစ်သတည်း။-
ထာဝရဘုရားသည် ငါ့အား``ဘုရင်နှင့်သူ့ မယ်တော်၏လှပသောသရဖူများသည် မိမိ တို့ဦးခေါင်းမှပြုတ်ကျပြီဖြစ်၍ သူတို့ အားမိမိတို့၏ရာဇပလ္လင်များမှဆင်း ကြရန်ပြောကြားလော့။-
တောင်ထိပ်များပေါ်တွင်အသံတစ်ခုကို ကြားရကြ၏။ ထိုအသံကားဣသရေလပြည်သားတို့သည် အပြစ်ဒုစရိုက်တွင်ကျင်လည်ကာ၊ မိမိတို့ဘုရားသခင်ထာဝရဘုရားအား မေ့လျော့ခဲ့ကြသဖြင့်၊ ငိုကြွေးလျက်ပန်ကြားလျှောက်ထားကြသည့် အသံပင်ဖြစ်၏။
``ဣသရေလပြည်သားတို့သည်ဝမ်းနည်းကြေ ကွဲလျက် လျှောက်ထားသည်ကိုငါကြား၏။ `အို ထာဝရဘုရား၊ကျွန်တော်မျိုးတို့သည် ရိုင်းသောနွားသူငယ်နှင့်တူပါ၏။ သို့ရာတွင်ကိုယ်တော်ရှင်သည်ကျွန်တော်မျိုး တို့အား စကားတော်ကိုနားထောင်ရန်သွန်သင်တော်မူ ပါ၏။ ကျွန်တော်မျိုးတို့အားပြန်လည်ပို့ဆောင်တော်မူပါ။ အထံတော်သို့ကျွန်တော်မျိုးတို့ပြန်လာရန် အသင့်ရှိပါ၏။ ကိုယ်တော်ရှင်သည်ကျွန်တော်မျိုးတို့၏ဘုရားသခင် ထာဝရဘုရားဖြစ်တော်မူပါ၏။
ကမ္ဘာမြေကြီးသည်ဝမ်းနည်းပူဆွေးလျက်နေ လိမ့်မည်။ မိုးကောင်းကင်သည်လည်းမှောင်မဲ၍လာလိမ့် မည်။ ထာဝရဘုရားသည်မိန့်မြွက်တော်မူပြီးနောက် မိမိ၏စိတ်ကိုပြောင်းလဲတော်မူလိမ့်မည်မဟုတ်။ စိတ်ပိုင်းဖြတ်တော်မူပြီးနောက်ကိုယ်တော်သည် နောက်ဆုတ်တော်မူလိမ့်မည်မဟုတ်။
လူတို့ကိုခေါ်ယူစုဝေး၍မြင့်မြတ်သော စည်းဝေးပွဲ တစ်ရပ်ကိုပြင်ဆင်ကြလော့။ အသက်ကြီးသူများကိုခေါ်ဖိတ်၍ ကလေးသူငယ်များနှင့်၊နို့စို့ရွယ်များကိုပါ စုဝေးစေကြလော့။ ထိမ်းမြားမင်္ဂလာပြုပြီးခါစ ဇနီးမောင်နှံများပင်လျှင်မိမိတို့၏အခန်း များကို စွန့်ခွာလာရကြပေမည်။
ထိုအခါ၌ယေရုရှလင်မြို့တွင်ငိုကြွေး မြည်တမ်းမှုသည်မေဂိဒ္ဒေါလွင်ပြင်တွင် ဗာလ နတ်ဘုရားအတွက်ငိုကြွေးမြည်တမ်းမှုကဲ့ သို့ကြီးကျယ်ပေလိမ့်မည်။-
လေဝိမှဆင်းသက်သည့်အိမ်ထောင်မိသားစု၊ ရှိမိမှဆင်းသက်သည့်အိမ်ထောင်မိသားစု၊-
ထိုအခါလူသားကြွလာတော်မူမည့်နိမိတ် လက္ခဏာသည်မိုးကောင်းကင်တွင်ပေါ်ထွန်းလာ လိမ့်မည်။ မိုးတိမ်ကိုစီးလျက်ကြီးစွာသောဘုန်း တန်ခိုးတော်ဖြင့်လူသားကြွလာတော်မူသည်ကို ကမ္ဘာပေါ်ရှိလူအပေါင်းတို့သည်မြင်ကြသော အခါငိုကြွေးမြည်တမ်းကြလိမ့်မည်။-
ဧလျာကိမ်သည်မေလေ၏သား၊ မေလေသည်မဲနန်၏ သား၊ မဲနန်သည်မတ္တသ၏သား၊ မတ္တသသည်နာသန်၏ သား၊ နာသန်သည်ဒါဝိဒ်၏သားဖြစ်၏။-
သင်တို့သည်ဆုတောင်းပတ္ထနာအတွက်အချိန် ပေးရန် ကြိုတင်သဘောတူညီချက်အရခေတ္တ ဆိုင်းငံ့ခြင်းမှတစ်ပါး မိမိတို့၏လင်မယား ဝတ်များကိုမပျက်မကွက်ကြစေနှင့်။ ဆုတောင်း ပတ္ထနာပြုချိန်ကုန်ဆုံးသောအခါ၌မူ ပြန် လည်ပေါင်းသင်း၍နေကြလော့။ သို့မှသာလျှင် မိမိတို့၏စိတ်ကိုချုပ်တည်းနိုင်လျက် စာတန် သွေးဆောင်ခြင်းကိုခံနိုင်ကြလိမ့်မည်။
ကြည့်ရှုလော့။ ကိုယ်တော်သည်မိုးတိမ်စီး၍ကြွ လာတော်မူလိမ့်မည်။ ကိုယ်တော်အားလှံဖြင့် ထိုးဖောက်ခဲ့သူများပါမကျန် လူအပေါင်း တို့သည်ကိုယ်တော်ကိုဖူးမြင်ကြရလိမ့်မည်။ ကမ္ဘာပေါ်ရှိလူမျိုးရှိသမျှတို့သည်ဝမ်း နည်းကြေကွဲကြလိမ့်မည်။ ထိုအတိုင်း ဖြစ်ပါစေသော။