ထာဝရဘုရားသည်အလွန်တရာလှပ တင့်တယ်သည့် မြို့တော်တည်းဟူသော ဇိအုန်တောင်မှရောင်ခြည်တော်ကိုလွှတ်တော်မူ၏။
ဇာခရိ 11:10 - Common Language Bible ထိုနောက်ငါသည်လူမျိုးတကာတို့နှင့် ထာဝရဘုရားပြုတော်မူခဲ့သည့်ပဋိ ညာဉ်တော်ကိုဖျက်သိမ်းသည့်အနေဖြင့်``ကျေး ဇူးပြုခြင်း'' နာမည်တွင်သောတောင်ဝှေး ကိုယူ၍ချိုးပစ်လိုက်လေသည်။- Garrad Bible ကျေး ဇူး ပြု ခြင်း ခေါ် တောင် ဝေး ကို ကိုင် ယူ၍၊ ခပ် သိမ်း သော လူ မျိုး ခြား တို့ နှင့် ဖွဲ့ ခဲ့ သော မ ဟာ မိတ် ကို ပယ် ဖျက် မည့် လက္ခ ဏာ အ ဖြစ်၊ ချိုး ဖြတ် သည့် အ လျောက်၊ Judson Bible ခပ်သိမ်းသောလူမျိုးတို့နှင့် အရင်ဖွဲ့သော ပဋိညာဉ်ကို ဖျက်လို၍၊ ကျေးဇူးအမည်ရှိသော ငါ၏တောင်ဝှေးကို ယူ၍ ချိုး၏။ မြန်မာ့စံမီသမ္မာကျမ်း လူမျိုးတကာနှင့်ဖွဲ့ခဲ့သောပဋိညာဉ်ကို ပယ်ဖျက်ရန် ငါသည် ကျေးဇူးတော်တောင်ဝှေးကို ယူ၍ ချိုးပစ်၏။ |
ထာဝရဘုရားသည်အလွန်တရာလှပ တင့်တယ်သည့် မြို့တော်တည်းဟူသော ဇိအုန်တောင်မှရောင်ခြည်တော်ကိုလွှတ်တော်မူ၏။
ကိုယ်တော်ရှင်၏အစေခံနှင့်ပြုတော်မူခဲ့သော ပဋိညာဉ်တော်ကိုလည်းပယ်ဖျက်တော်မူပါပြီ။ သူ၏သရဖူကိုမြေသို့ချတော်မူပါပြီ။
ကျွန်တော်မျိုးတို့၏ဘုရားဖြစ်တော်မူသော ထာဝရဘုရား၊ ကျွန်တော်မျိုးတို့သည်ကိုယ်တော်ရှင်၏ကောင်းချီး မင်္ဂလာကိုခံစားကြရပါစေသော။ ပြုလေသမျှသောအမှုတို့တွင်လည်း ကျွန်တော်မျိုးတို့အားအောင်မြင်ခွင့်ပေးတော်မူပါ။
ကိုယ်တော်ရှင်၏နာမတော်ကိုထောက်၍ ကျွန်တော်မျိုးတို့အားစက်ဆုပ်ရွံရှာတော်မမူ ပါနှင့်။ ကိုယ်တော်ရှင်၏ဘုန်းအသရေကိုဆောင်သည့် ရာဇပလ္လင်တည်းဟူသောယေရုရှလင်မြို့ကို အသရေပျက်စေတော်မမူပါနှင့်။ ကိုယ်တော်ရှင်ကျွန်တော်မျိုးတို့နှင့်ပြုတော် မူသော ပဋိညာဉ်ကိုဖျက်တော်မမူပါနှင့်။
ကိုယ်တော်သည်မိမိ၏အမိန့်တော်ကို အသင် ဣသရေလအမျိုးသားတို့အားဆင့်ဆိုရန် ငါ့ကိုစေခိုင်းတော်မူ၏။ သင်တို့သည်ဗိမာန် တော်ခိုင်ခံ့မှုကိုဂုဏ်ယူဝါကြွားကြ၏။ ဗိမာန် တော်ကိုကြည့်ရှုလိုကြ၏။ ဗိမာန်တော်သို့ သွားရောက်လိုကြ၏။ သို့ရာတွင်ထာဝရ ဘုရားသည်ထိုဗိမာန်တော်ကိုညစ်ညမ်းစေ တော်မူလိမ့်မည်။ ယေရုရှလင်မြို့တွင်ကျန် ရစ်ခဲ့သောသင်တို့၏အိမ်ထောင်စုသားလူ ငယ်များသည်လည်းစစ်ပွဲတွင်ကျဆုံးကြ လိမ့်မည်။-
ထိုကာလသီတင်းနှစ်ခြောက်ဆယ့်နှစ်နှစ် ကုန်ဆုံးချိန်၌ ဘုရားသခင်ရွေးချယ်တော် မူသောခေါင်းဆောင်သည် မတရားလုပ်ကြံ သတ်ဖြတ်ခြင်းကိုခံရလိမ့်မည်။ အခြား အရပ်မှချင်းနင်းဝင်ရောက်လာသူ တန်ခိုး ကြီးမင်းတစ်ပါး၏စစ်သည်ဗိုလ်ခြေတို့ သည် ယေရုရှလင်မြို့နှင့်ဗိမာန်တော်ကို ဖြိုဖျက်ကြလိမ့်မည်။ နောက်ဆုံး၌ဘုရားသခင်ပြင်ဆင်စီရင်တော်မူသည်အတိုင်း စစ်မှုနှင့်ပျက်စီးမှုတို့သည်ရေလွှမ်းမိုး သကဲ့သို့ဖြစ်ပွားရလိမ့်မည်။-
ထိုအခါထာဝရဘုရားကဟောရှေ အား``ဣသရေလပြည်သားတို့သည်ငါ ၏လူစုမဟုတ်၊ ငါသည်လည်းသူတို့၏ ဘုရားသခင်မဟုတ်သောကြောင့်ထိုသား ကို`ငါ့လူမျိုးမဟုတ်' ဟုနာမည်မှည့်လော့'' ဟုမိန့်တော်မူ၏။
သိုးရောင်းဝယ်သူတို့ကငါ့ကိုငှားရမ်းသ ဖြင့်ငါသည်နှိပ်စက်ခြင်းခံရသောသိုးတို့ ကို ထိန်းကျောင်းရသူဖြစ်လာလေသည်။ ``ကျေး ဇူးပြုခြင်း'' ဟုနာမည်တွင်သောသိုးထိန်း တောင်ဝှေးတစ်ချောင်းနှင့်``စည်းလုံးခြင်း'' ဟု နာမည်တွင်သောသိုးထိန်းတောင်ဝှေးတစ် ချောင်းကိုယူပြီးလျှင်သိုးအုပ်ကိုငါ ထိန်းကျောင်းရ၏။-
သင်တို့ခါနာန်ပြည်ကိုစုံစမ်းထောက်လှမ်းခဲ့ သောရက်ပေါင်းလေးဆယ်အတွက် တစ်ရက်လျှင် တစ်နှစ်ကျဖြင့်သင်တို့၏အပြစ်ဒဏ်ကိုနှစ် ပေါင်းလေးဆယ်ခံရကြမည်။ သင်တို့သည်ငါ ၏ပစ်ပယ်ခြင်းဒဏ်ကိုခံရကြလိမ့်မည်။-
``ငါအမှန်ဆိုသည်ကားဤအမှုအရာအလုံးစုံ တို့မဖြစ်မပျက်မီ ယခုအသက်ရှင်နေသူတို့ သေလွန်ရလိမ့်မည်မဟုတ်။-
ဣသရေလအမျိုးသားတို့၏အရှင်ဖြစ် တော်မူသောငါထာဝရဘုရားသည် သင့် အိမ်ထောင်စုနှင့်သားချင်းစုတို့အားကာလ အစဉ်အဆက်ယဇ်ပုရောဟိတ်ဖြစ်စေမည် ဟု အတိတ်ကာလကကတိပြုခဲ့၏။ သို့ ရာတွင်ယခုထိုကတိကိုတည်စေတော့ မည်မဟုတ်ဟုငါဆို၏။ ငါ့အားဂုဏ်ပြု ချီးမြှင့်သူတို့ကိုငါဂုဏ်ပြုချီးမြှင့်မည်။ ငါ့အားမထီမဲ့မြင်ပြုသူတို့အားရွံရှာ စက်ဆုပ်မည်။-