အိပ်မက်ထဲတွင်ဘုရားသခင်၏ကောင်းကင် တမန်က`ယာကုပ်' ဟုခေါ်လျှင်ငါက`ရှိပါ သည်အရှင်' ဟုထူးသော်၊-
ဇာခရိ 1:9 - Common Language Bible ငါကလည်း``အရှင်ဤမြင်းများကား အဘယ်အတွက်ဖြစ်ပါသနည်း'' ဟုမေး လျှင် ကောင်းကင်တမန်က``သူတို့အဘယ်အတွက် ဖြစ်သည်ကိုငါဖော်ပြမည်။- Garrad Bible အို အ ရှင် ဘု ရား၊ ဤ သူ တို့ ကား မည် သူ ပါ နည်း ဟု မေး လျှင်၊ ငါ နှင့် မြွက် ဆို သော စေ တ မန် တော် က၊ ငါ ပြ မည် ဟု ပြန် ဆို လေ၏။ Judson Bible ငါကလည်း၊ အို သခင်၊ ထိုသူတို့ကား အဘယ်သူနည်းဟု မေးသော်၊ ငါနှင့်ပြောဆိုသော ကောင်းကင်တမန်က၊ ထိုသူတို့ကား အဘယ်သူဖြစ်သည်ကို ငါပြမည်ဟု ဆိုပြီးမှ၊ မြန်မာ့စံမီသမ္မာကျမ်း ငါကလည်း “သခင်၊ အကျွန်ုပ်မြင်ရသောဤအရာများကား မည်သို့ ဆိုလိုသနည်း”ဟု မေးလျှောက်လျှင် ငါနှင့်စကားပြောနေသောကောင်းကင်တမန်က “ဤအရာများ မည်သို့ဆိုလိုသည်ကို သင့်အား ငါပြမည်”ဟု မိန့်ဆိုပြီးလျှင် |
အိပ်မက်ထဲတွင်ဘုရားသခင်၏ကောင်းကင် တမန်က`ယာကုပ်' ဟုခေါ်လျှင်ငါက`ရှိပါ သည်အရှင်' ဟုထူးသော်၊-
ထိုနေရာတွင်ရပ်နေသူတစ်ဦးထံသို့သွား၍ ထိုအရာတို့၏အနက်အဋ္ဌိပ္ပါယ်ကိုမေးမြန်းရာထိုသူကငါ့အားရှင်းပြလေသည်။-
ထာဝရဘုရားသည်ကောင်းကင်တမန် အားနှစ်သိမ့်ဖွယ်ရာစကားများကိုမိန့် ကြားတော်မူသဖြင့်၊-
ငါသည်မိမိနှင့်စကားပြောဆိုနေခဲ့သည့် ကောင်းကင်တမန်အားထိုဦးချိုများ၏ အနက်အဋ္ဌိပ္ပါယ်ကိုမေးမြန်း၍ကြည့်၏။ ထိုကောင်းကင်တမန်က``ထိုဦးချိုတို့သည် ယုဒပြည်သား၊ ဣသရေလပြည်သားနှင့် ယေရုရှလင်မြို့သားတို့အားကွဲလွင့်စေခဲ့ သူကမ္ဘာတန်ခိုးရှင်များကိုသရုပ်ဆောင်ပါ သည်'' ဟုဆို၏။
ထိုနောက်ငါနှင့်စကားပြောဆိုနေခဲ့သည့် ကောင်းကင်တမန်သည်ရှေ့သို့လာသောအခါ အခြားကောင်းကင်တမန်တစ်ပါးကသူ့ထံ သို့လာရောက်နှုတ်ဆက်သည်ကိုငါတွေ့မြင် ရ၏။-
ငါနှင့်စကားပြောဆိုနေခဲ့သည့်ကောင်းကင် တမန်သည် တစ်ဖန်လာ၍အိပ်ပျော်သူကို နှိုးသကဲ့သို့ငါ့ကိုနှိုးပြီးလျှင်၊-
ထိုအခါငါသည်သူ့အား``မီးတင်ခုံ၏ တစ်ဖက်တစ်ချက်တွင်ရှိသောသံလွင်ပင် နှစ်ပင်၏အနက်အဋ္ဌိပ္ပါယ်ကားအဘယ် သို့နည်း။-
ကောင်းကင်တမန်သည်တစ်ဖန်ပေါ်လာပြန် ၍``ကြည့်လော့။ အရာဝတ္ထုတစ်ခုသည်ရွေ့ လျား၍လာနေ၏'' ဆို၏။