အကျွန်ုပ်သည်ဆိုးညစ်လျှင် အမင်္ဂလာရှိပါ၏။ ဖြောင့်မတ်သော်လည်း ကိုယ်မျက်နှာကိုမပြရ။ ကိုယ်ခံရသော ဒုက္ခဆင်းရဲကို ဆင်ခြင်၍ မိန်းမောတွေဝေလျက် နေရ ပါ၏။
ဆာလံ 83:16 - Common Language Bible အို ထာဝရဘုရား၊ သူတို့သည်ကိုယ်တော်ရှင်၏တန်ခိုးတော် ကြီးမားကြောင်းကိုဝန်ခံကြစေရန်မျက်နှာကို ရှက်စေတော်မူပါ။ Garrad Bible အို ထာ ဝ ရ ဘု ရား၊ နာ မ တော် ကို ရှာ ကြ စေ ရန်၊ မျက် နှာ ရှက် စေ တော် မူ ပါ။ Judson Bible အိုထာဝရဘုရား၊ သူတို့မျက်နှာကို ရှက်စေတော်မူ၍ သူတို့သည် နာမတော်ကို ရှာကြပါစေသော။ မြန်မာ့စံမီသမ္မာကျမ်း အို ထာဝရဘုရား၊ သူတို့သည် ကိုယ်တော်၏နာမတော်ကိုရှာကြစေရန် သူတို့၏မျက်နှာကို အရှက်ကွဲခြင်းနှင့်ပြည့်စေတော်မူပါ။ |
အကျွန်ုပ်သည်ဆိုးညစ်လျှင် အမင်္ဂလာရှိပါ၏။ ဖြောင့်မတ်သော်လည်း ကိုယ်မျက်နှာကိုမပြရ။ ကိုယ်ခံရသော ဒုက္ခဆင်းရဲကို ဆင်ခြင်၍ မိန်းမောတွေဝေလျက် နေရ ပါ၏။
ထသောရေကဲ့သို့ ဘေးဥပဒ်တို့သည် သူ့ကိုလိုက်တတ်၏။ ညဉ့်အခါ မိုဃ်းသက်မုန်တိုင်း ထိုက်သွား တတ်၏။
ကျွန်တော်မျိုး၏ရန်သူများသည်ဂုဏ်အသရေ ပျက်ရကြပါစေသော။ သူတို့သည်အရှက်နှင့်မိမိတို့ကိုယ်ကို ဝတ်လုံသဖွယ်ဖုံးလွှမ်းရကြပါစေသော။
သူ၏ရန်သူတို့ကိုအရှက်ကွဲစေမည်။ သူ၏နိုင်ငံမူကားစည်ပင်သာယာဖွံ့ဖြိုး တိုးတက်လိမ့်မည်'' ဟုမိန့်တော်မူ၏။
အနှိပ်အစက်ခံရသူတို့သည်ကိုယ်တော်ကို မျှော်ကြည့်၍ဝမ်းမြောက်ပါ၏။ သူတို့သည်အဘယ်အခါ၌မျှစိတ်ပျက်ကြ ရလိမ့်မည်မဟုတ်။
ငါ၏ရန်သူတို့သည်အရှက်တကွဲ အရေးနိမ့်ကြလိမ့်မည်။ သူတို့သည်တစ်ခဏချင်းတွင်ကစဥ့်ကရဲဖြစ်လျက် ပြေးရကြလိမ့်မည်။