ဆာလံ 6:10 - Common Language Bible10 ငါ၏ရန်သူတို့သည်အရှက်တကွဲ အရေးနိမ့်ကြလိမ့်မည်။ သူတို့သည်တစ်ခဏချင်းတွင်ကစဥ့်ကရဲဖြစ်လျက် ပြေးရကြလိမ့်မည်။ အခန်းကိုကြည့်ပါ။Garrad Bible10 ငါ့ ရန် သူ ရှိ သ မျှ တို့ သည်၊ အ ရှက် ကွဲ၍ ထိတ် လန့် ခြင်း၊ ရှောင် တ ခင် လန့်၍ အ ရှက် ကွဲ ခြင်း ခံ ရ ကြ လ တ္တံ့။ အခန်းကိုကြည့်ပါ။Judson Bible10 ငါ့ရန်သူအပေါင်းတို့သည် ရှက်ကြောက်၍ ဆုံးရှုံးခြင်း ရှိကြလိမ့်မည်။ ချက်ချင်းပြန်သွား၍ ရှက်ကြောက်ခြင်းသို့ ရောက်ကြလိမ့်မည်။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း10 ငါ၏ရန်သူရှိသမျှတို့သည် အရှက်ကွဲ၍ အလွန်ထိတ်လန့်ကြလိမ့်မည်။ သူတို့သည် ပြန်လှည့်၍ ချက်ချင်းပင်အရှက်ကွဲကြလိမ့်မည်။ အခန်းကိုကြည့်ပါ။ |
သို့ရာတွင် အို ထာဝရဘုရား၊ကိုယ်တော်သည် စွမ်းရည်တန်ခိုးကြီးမားသောစစ်သည်တော် ကဲ့သို့ ကျွန်တော်မျိုးဘက်၌ရှိတော်မူသည်ဖြစ်၍၊ ကျွန်တော်မျိုးကိုနှိပ်စက်ညှင်းဆဲသူတို့ သည် ခြေချော်၍လဲကြပါလိမ့်မည်။ သူတို့သည်အဘယ်အခါမျှအနိုင် ရလိမ့်မည်မဟုတ်ပါ။ သူတို့သည်အောင်မြင်မှုမရနိုင်သဖြင့် အစဉ်ပင် အသရေပျက်ကြပါလိမ့်မည်။ သူတို့၏အသရေပျက်မှုသည်အဘယ်အခါ ၌မျှ မေ့ပျောက်သွားလိမ့်မည်မဟုတ်ပါ။
ရန်သူများသည်မိမိတို့အား၊ ကိုယ်တော်ရှင်အပြစ်ဒဏ်ခတ်တော်မူမည် ကိုမသိကြပါ။ အို ထာဝရဘုရားသူတို့အားအရှက်ကွဲ စေတော်မူပါ။ ဒုက္ခရောက်စေတော်မူပါ။ ကိုယ်တော်ရှင်ပြင်ဆင်ထား တော်မူသည့်အပြစ်ဒဏ်ကိုခံစေတော်မူပါ။ ကိုယ်တော်ရှင်သည်မိမိ၏လူမျိုးတော်အား အဘယ်မျှချစ်တော်မူကြောင်း သူတို့အားပြတော်မူပါ၏။
အို ဘုရားသခင်၊ သူတို့အားရှုတ်ချလျက်အပြစ်ဒဏ်ပေးတော်မူပါ။ သူတို့၏ဆိုးညစ်သောအကြံအစည်များက သူတို့ကိုပင်အကျိုးနည်းစေတော်မူပါ။ သူတို့၏များမြောင်သော အပြစ်များကြောင့်လည်းကောင်း၊ကိုယ်တော်ကို ပုန်ကန်ကြသည့်အတွက်ကြောင့်လည်းကောင်း သူတို့အားရှေ့တော်မှောက်မှနှင်ထုတ်တော်မူပါ။
``ငါထာဝရဘုရား၏လူမျိုးတော်ကို အစိုး ရသူဟေဇကိမင်းထံသို့ပြန်သွား၍`သင်၏ ဘိုးတော်ဒါဝိဒ်၏ဘုရားသခင်၊ ငါထာဝရ ဘုရားသည် သင်၏ပတ္ထနာကိုကြားတော်မူ၍ သင်၏မျက်ရည်ကိုမြင်တော်မူပြီ။ ငါသည် သင်၏အနာရောဂါကိုပျောက်ကင်းစေမည် ဖြစ်၍ သင်သည်သုံးရက်ကြာသော်ဗိမာန် တော်သို့သွားနိုင်လိမ့်မည်။-