ကျွန်တော်မျိုး၏ဘုရားသခင်ထာဝရဘုရား၊ ကျွန်တော်မျိုးခေါ်သောအခါကြည့်တော်မူ၍ ထူးတော်မူပါ။ ကျွန်တော်မျိုးကိုပြန်လည်၍ခွန်အားဖြင့် ပြည့်ဝစေတော်မူပါ။ ကျွန်တော်မျိုးအားသေစေတော်မမူပါနှင့်။
ဆာလံ 76:5 - Common Language Bible ရန်သူတို့၏ရဲရင့်သည့်စစ်သည်များသည် မိမိတို့၌ရှိသည့်ပစ္စည်းဥစ္စာများကို ဆုံးရှုံးရကြလျက်ယခုအခါ သေဆုံးကြလေကုန်ပြီ။ သူတို့၏စွမ်းအားနှင့်ကျွမ်းကျင်မှုတို့သည် အချည်းနှီးသာဖြစ်ခဲ့သည်။ Garrad Bible ရဲ ရင့် သူ တို့ သည်၊ အ လု အ ယက် ခံ ရ၍၊ အ အိပ် ကြီး အိပ် ကြ ရ ပြီ။ အား ကြီး သူ တစ် ဦး တစ် ယောက် မျှ ကိုယ့် လက် ရုံး ကို မ သုံး ရ။ Judson Bible ရဲရင့်သောသူတို့သည် လုယူခြင်းကိုခံရ၍ အိပ်ပျော်ကြပြီ။ အားကြီးသောသူ တစ်စုံတစ်ယောက်မျှ မိမိလက်ကို မတွေ့ရ။ မြန်မာ့စံမီသမ္မာကျမ်း ရဲရင့်သောသူတို့သည် အလုယက်ခံရ၍ အပြီးတိုင်အိပ်ပျော်သွားကြပြီ။ စစ်သူရဲအပေါင်းတို့သည်လည်း မိမိတို့လက်စွမ်းကို မပြနိုင်ခဲ့ကြပေ။ |
ကျွန်တော်မျိုး၏ဘုရားသခင်ထာဝရဘုရား၊ ကျွန်တော်မျိုးခေါ်သောအခါကြည့်တော်မူ၍ ထူးတော်မူပါ။ ကျွန်တော်မျိုးကိုပြန်လည်၍ခွန်အားဖြင့် ပြည့်ဝစေတော်မူပါ။ ကျွန်တော်မျိုးအားသေစေတော်မမူပါနှင့်။
အာရှုရိပြည်သည်စစ်ပွဲတွင်ကျရှုံးရလိမ့် မည်။ သို့ရာတွင်လူတို့တန်ခိုးစွမ်းရည်ကြောင့် မဟုတ်။ အာရှုရိအမျိုးသားတို့တိုက်ပွဲမှ ထွက်ပြေးကြလိမ့်မည်။ သူတို့လူငယ်လူ ရွယ်များသည်လည်းကျွန်ခံရကြလိမ့်မည်။-
ထိုညဥ့်၌ထာဝရဘုရား၏ကောင်းကင်တမန် သည် အာရှုရိတပ်စခန်းသို့ဝင်၍တပ်သား တစ်သိန်းရှစ်သောင်းငါးထောင်ကိုသုတ်သင်ပစ် လေသည်။ နောက်တစ်နေ့အရုဏ်တက်ချိန်၌ ထိုသူအပေါင်းတို့သည်လဲ၍သေနေကြ၏။-
ငါတို့လွတ်မြောက်ရန်အချိန်ကာလသည် ဝေးသေးသည်ဟုဆိုသူ အချင်းခေါင်းမာသည့်လူစု၊ငါပြောသည်ကို နားထောင်ကြလော့။
သူတို့သည်အစားကြူးသူများပေလော။ ငါ သည်သူတို့အားစားပွဲကြီးတစ်ခုတည်ခင်း ကျွေးမွေးကာမူးယစ်ပျော်ရွင်စေမည်။ သူတို့ သည်အိပ်ပျော်၍သွားပြီးလျှင်နောင်အဘယ် အခါ၌မျှနိုးထကြတော့မည်မဟုတ်။-
``သို့ဖြစ်၍ငါနေဗုခဒ်နေဇာမင်းသည် ကောင်းကင်ဘုံရှင်ဘုရင်မင်းအားထောမနာ ပြုပါ၏။ ဂုဏ်တော်နှင့်ဘုန်းအသရေတော် ကိုလည်းချီးမွမ်းပါ၏။ ကိုယ်တော်ပြုလေ သမျှသောအမှုတို့သည်မှန်ကန်ပါပေ သည်။ ကိုယ်တော်သည်အစဉ်ပင်တရားမျှ တတော်မူ၍မာန်မာနထောင်လွှားသူတို့ အားနိမ့်ကျစေတော်မူပါ၏'' ဟုရေး သားဖော်ပြတော်မူလေသည်။
အို အာရှုရိဘုရင်သင်၏ဘုရင်ခံများသည် အိပ်ငိုက်ကြလေပြီ။ သင်၏မှူးမတ်များသည် လည်းထာဝရအိပ်ပျော်လျက်နေကုန်၏။ သင် ၏ပြည်သူတို့သည်တောင်များပေါ်တွင်ကွဲ လွင့်လျက်ရှိရာသူတို့အားမိမိတို့ပြည် သို့တစ်ဖန်ပြန်လည်ခေါ်ဆောင်ပေးမည့်သူ တစ်ဦးတစ်ယောက်မျှမရှိတော့ပေ။-