Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ဆာ​လံ 13:3 - Common Language Bible

3 ကျွန်​တော်​မျိုး​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား၊ ကျွန်​တော်​မျိုး​ခေါ်​သော​အ​ခါ​ကြည့်​တော်​မူ​၍ ထူး​တော်​မူ​ပါ။ ကျွန်​တော်​မျိုး​ကို​ပြန်​လည်​၍​ခွန်​အား​ဖြင့် ပြည့်​ဝ​စေ​တော်​မူ​ပါ။ ကျွန်​တော်​မျိုး​အား​သေ​စေ​တော်​မ​မူ​ပါ​နှင့်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

3 အ ကျွန်ုပ် ဘု ရား သ ခင်၊ အို ထာ ဝ ရ ဘု ရား၊ ကြည့် ရှု နား ညောင်း၍၊ အ သေ အိပ် ခြင်း ကို အ ကျွန်ုပ် မ အိပ် ရ စေ ခြင်း ငှာ၊ မျက် စိ လင်း စေ တော် မူ ပါ။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

3 အ​ကျွန်ုပ်၏ ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား၊ အ​ကျွန်ုပ်​စ​ကား​ကို မျက်​နှာ​ပြု၍ နား​ထောင်​တော်​မူ​ပါ။ အ​ကျွန်ုပ်​မျက်​စိ​ကို လင်း​စေ​တော်​မူ​ပါ။ သို့​မ​ဟုတ်​လျှင် အ​သေ​အိပ်​ပျော်​ခြင်း​သို့ ရောက်​ရ​ပါ​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

3 အကျွန်ုပ်​၏​ဘုရားသခင် ထာဝရဘုရား​၊ ကြည့်ရှုဆင်ခြင်​၍ အကျွန်ုပ်​ကို​ထူး​တော်မူ​ပါ​။ အကျွန်ုပ်​၏​မျက်စိ​ကို​အလင်းပေး​တော်မူ​ပါ​။ သို့မဟုတ်လျှင် အကျွန်ုပ်​သည် သေ​ခြင်း​၌​အိပ်ပျော်​ရ​ပါ​လိမ့်မည်​။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဆာ​လံ 13:3
15 ပူးပေါင်းရင်းမြစ်များ  

အို အ​ကျွန်ုပ်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​သည်​အ​ကျွန်ုပ်​တို့​အား​က​ရု​ဏာ​ထား တော်​မူ​သ​ဖြင့် လူ​မျိုး​ခြား​တို့​၏​လက်​မှ​လွတ် မြောက်​စေ​၍ ယ​ခု​အ​ခါ​သန့်​ရှင်း​မြင့်​မြတ်​သည့် ဌာ​န​တော်​တွင် ကာ​လ​အ​နည်း​ငယ်​မျှ​ဘေး​မဲ့ လုံ​ခြုံ​စွာ​နေ​ရ​သော​အ​ခွင့်​ကို​ပေး​တော်​မူ​ပါ ပြီ။ ကိုယ်​တော်​သည်​ကျွန်ုပ်​တို့​အား ကျွန်​ဘ​ဝ​မှ လွတ်​မြောက်​စေ​၍​ဘ​ဝ​သစ်​ကို​ပေး​တော်​မူ ပါ​ပြီ။-


ကွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင်​၏​တ​ရား​တော်​ကို မ​မေ့​မ​လော့​ပါ။ သို့​ဖြစ်​၍​ကွန်​တော်​မျိုး​၏​ဒုက္ခ​ကို​ရှု​မှတ်​လက် ကယ်​တော်​မူ​ပါ။


အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​အား အ​လင်း​ကို ပေး​တော်​မူ​ပါ​၏။ ကျွန်​တော်​မျိုး​၏​မှောင်​မိုက်​ကို​ပျောက်​လွင့် စေ​တော်​မူ​ပါ​၏။


ကျွန်​တော်​မျိုး​တွင်​အ​ဘယ်​မျှ​ရန်​သူ​များ​ကြောင်း​ကို ကြည့်​တော်​မူ​ပါ။ သူ​တို့​သည်​ကျွန်​တော်​မျိုး​အား​အ​ဘယ်​မျှ မုန်း​ကြောင်း​ကို​သိ​မှတ်​တော်​မူ​ပါ။


ကိုယ်​တော်​ရှင်​၏​ခိုင်​မြဲ​သော​မေတ္တာ​တော်​ကြောင့် ကျွန်​တော်​မျိုး​သည်​ဝမ်း​မြောက်​ရွှင်​လန်း​ပါ လိမ့်​မည်။ ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​၏​ဝေ​ဒ​နာ​ကို မြင်​တော်​မူ​ပါ​၏။ ကျွန်​တော်​မျိုး​၏​ဒုက္ခ​ကို​သိ​တော်​မူ​ပါ​၏။


အို ထာ​ဝ​ရ​ဘု​ရား၊ ကျွန်​တော်​မျိုး​၏​မြွက်​ဆို​ချက်​ကို​နား​ထောင်​တော်​မူ​ပါ။ ကျွန်​တော်​မျိုး​၏​မြည်​တမ်း​သံ​များ​ကို​ကြား​တော်​မူ​ပါ။


အို ထာ​ဝ​ရ​ဘု​ရား၊ ကျွန်​တော်​မျိုး​အား​သ​နား​တော်​မူ​ပါ။ ရန်​သူ​များ​ကြောင့်​ကျွန်​တော်​မျိုး​အ​ဘယ်​မျှ ဆင်း​ရဲ ဒုက္ခ​ခံ​ရ​ကြောင်း​ကို​ရှု​မှတ်​တော်​မူ​ပါ။ အို ထာ​ဝ​ရ​ဘု​ရား ကျွန်​တော်​မျိုး​အား​သေ​ဘေး​မှ​ကယ်​ဆယ်​တော် မူ​ပါ။


သူ​တို့​သည်​အ​စား​ကြူး​သူ​များ​ပေ​လော။ ငါ သည်​သူ​တို့​အား​စား​ပွဲ​ကြီး​တစ်​ခု​တည်​ခင်း ကျွေး​မွေး​ကာ​မူး​ယစ်​ပျော်​ရွင်​စေ​မည်။ သူ​တို့ သည်​အိပ်​ပျော်​၍​သွား​ပြီး​လျှင်​နောင်​အ​ဘယ် အ​ခါ​၌​မျှ​နိုး​ထ​ကြ​တော့​မည်​မ​ဟုတ်။-


ထို​မြို့​၏​စီ​မံ​အုပ်​ချုပ်​သူ​များ၊ပ​ညာ​ရှိ​များ၊ ခေါင်း​ဆောင်​များ​နှင့်​စစ်​သည်​တပ်​သား​များ အား ငါ​မူး​ယစ်​စေ​မည်။ သူ​တို့​သည်​အိပ်​ပျော်​သွား​ပြီး​လျှင် နောင်​အ​ဘယ်​အ​ခါ​၌​မျှ​နိုး​ထ​ကြ​လိမ့်​မည် မဟုတ်။ ဤ​ကား​ငါ​ဘု​ရင်​မြွက်​ဟ​သည့်​စ​ကား​ဖြစ်​၏။ ငါ​သည်​အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား ဖြစ်​သ​တည်း။


အို ထာ​ဝ​ရ​ဘု​ရား​အ​ဘယ်​သို့​သော အ​ဖြစ်​အ​ပျက်​များ​နှင့် ကျွန်​တော်​မျိုး​တို့​ကြုံ​တွေ့​ရ​ကြ​သည်​ကို အောက်​မေ့​သ​တိ​ရ​တော်​မူ​ပါ။ ကျွန်​တော်​မျိုး​တို့​အား​ကြည့်​တော်​မူ​ပါ​၏။ ကျွန်​တော်​မျိုး​တို့​အ​သ​ရေ​ပျက်​မှု​ကို ရှု​မြင်​တော်​မူ​ပါ။


အ​ဘယ်​ကြောင့်​ဆို​သော်​အ​လင်း​သည်​ခပ်​သိမ်း သော​အ​ရာ​တို့​ကို​ပေါ်​လွင်​ထင်​ရှား​စေ​သော ကြောင့်​ဖြစ်​၏။ ဤ​အ​ကြောင်း​ကြောင့်​ကျမ်း​စာ တော်​တွင်၊ ``အိပ်​ပျော်​သူ၊ ထ​လော့။ သေ​ခြင်း​မှ​ထြေမာက်​လော့။ ခ​ရစ်​တော်​သည်​သင့်​အ​ပေါ်​သို့ ထွန်း​လင်း​တော်​မူ​လိမ့်​မည်'' ဟု​ပါ​ရှိ​သ​တည်း။


ဘု​ရား​သ​ခင်​၏​ဘုန်း​အ​သ​ရေ​တော်​သည်​ထို​မြို့ အ​ပေါ်​သို့​ထွန်း​လင်း​၍​သိုး​သူ​ငယ်​တော်​သည်​ထို မြို့​၏​ဆီ​မီး​ဖြစ်​သ​ဖြင့် ထို​မြို့​သည်​နေ​၏ အ​ရောင်၊ လ​၏​အ​ရောင်​ကို​မ​လို။-


ယော​န​သန်​မူ​ကား​ခ​မည်း​တော်​ကျိန်​ဆဲ​ခဲ့ သည်​ကို​မ​ကြား​ခဲ့​ပေ။ ထို့​ကြောင့်​သူ​သည် မိ​မိ​တွင်​ပါ​သော​တုတ်​ချောင်း​ဖြင့် ပျား​လ​ပို့ တွင်​နှစ်​၍​ပျား​ရည်​အ​နည်း​ငယ်​ကို​စား​လေ သည်။ ထို​အ​ခါ​သူ​သည်​ချက်​ချင်း​ပင်​လန်း ဆန်း​၍​လာ​၏။-


ယော​န​သန်​က``ငါ​တို့​အ​မျိုး​သား​များ​အား ခ​မည်း​တော်​ပြု​သော​အ​မှု​သည်​ဆိုး​ရွား​လှ ပါ​သည်​တ​ကား။ ပျား​ရည်​အ​နည်း​ငယ်​ကို စား​ရ​သ​ဖြင့်​ငါ​အ​ဘယ်​မျှ​လန်း​ဆန်း​လာ သည်​ကို​ကြည့်​လော့။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ