Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ဟေ​ရှာ​ယ 31:8 - Common Language Bible

8 အာ​ရှု​ရိ​ပြည်​သည်​စစ်​ပွဲ​တွင်​ကျ​ရှုံး​ရ​လိမ့် မည်။ သို့​ရာ​တွင်​လူ​တို့​တန်​ခိုး​စွမ်း​ရည်​ကြောင့် မ​ဟုတ်။ အာ​ရှု​ရိ​အ​မျိုး​သား​တို့​တိုက်​ပွဲ​မှ ထွက်​ပြေး​ကြ​လိမ့်​မည်။ သူ​တို့​လူ​ငယ်​လူ ရွယ်​များ​သည်​လည်း​ကျွန်​ခံ​ရကြ​လိမ့်​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

8 အာ ရှု ရိ လူ မျိုး လည်း လူ့ ဓား စာ မ ဟုတ်၊ ဓား တော် စာ ဖြစ် လျက် ကျ ဆုံး ရာ၊ ဓား ဘေး မှ ပြေး ကြ သော လက် ရွေး တို့ သည်၊ လ မိုင်း အ မှု ထမ်း ဖြစ် ရ ကား၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

8 အာ​ရှု​ရိ​လူ​သည်​လည်း၊ ကြီး​မြတ်​သော​သူ၏ ဓား​မ​ဟုတ်​သော ဓား​ဖြင့် ဆုံး​လိမ့်​မည်။ ယုတ်​သော​သူ၏ ဓား​မ​ဟုတ်​သော​ဓား​သည် သူ့​ကို​ဖျက်​ဆီး​လိမ့်​မည်။ သူ​သည်​လည်း ဓား​ဘေး​မှ​ပြေး၍၊ သူ​ရဲ​တို့​သည် ကျွန်​ခံ​ရ​ကြ​လိမ့်​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

8 “​အဆီးရီးယား​သည် လူ့​ဓား​မ​ဟုတ်​သော​ဓား​ဖြင့် ကျဆုံး​လိမ့်မည်​။ လူ့​ဓား​မ​ဟုတ်​သော​ဓား​သည် သူ့​ကို​ဝါးမျို​မည်​။ သူ​သည် ဓားဘေး​မှ​ထွက်ပြေး​ရ​မည်​။ သူ​၏​လူပျို​တို့​သည် အခိုင်းအစေ​ဖြစ်​ကြ​ရ​မည်​။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဟေ​ရှာ​ယ 31:8
21 ပူးပေါင်းရင်းမြစ်များ  

ငါ​သည်​မိ​မိ​၏​ဣ​သ​ရေ​လ​ပြည်​တော်​တွင် အာ​ရှု​ရိ​အ​မျိုး​သား​တို့​အား​သုတ်​သင်​ဖျက် ဆီး​၍၊ ငါ​၏​တောင်​ရိုး​များ​အ​ပေါ်​တွင်​သူ တို့​ကို​ခြေ​နှင့်​ကျော်​နင်း​ပစ်​မည်။ ငါ​၏​လူ​မျိုး တော်​အား သူ​တို့​ထမ်း​ရ​ကြ​သည့်​ထမ်း​ပိုး နှင့်​ဒုက္ခ​ဝန်​ထုပ်​များ​မှ​လွတ်​မြောက်​စေ​မည်။-


သို့​သော်​သူ​သည်​မိ​မိ​နား​နေ​ရာ​သည် ကောင်း​သည်​ကို​လည်း​ကောင်း၊ နေ​ထိုင်​ရာ​ပြည်​သည်​သာ​ယာ​သည်​ကို လည်း​ကောင်း​မြင်​၏။ ထို့​ကြောင့်​သူ​သည်​ဝန်​ကို​သယ်​ပိုး​ရန်​ခါး ကို​ညွှတ်​၍ ကျွန်​အ​ဖြစ်​နှင့်​အ​ဋ္ဌမ္မ​ခိုင်း​စေ​ခြင်း​ကို​ခံ​ရ​၏။


ငါ​သည်​ယု​ဒ​ပြည်​သား​တို့​ကို​မူ​ကား သ​နား​ကြင်​နာ​ဦး​မည်။ သူ​တို့​၏​ဘု​ရား​သ​ခင်​ငါ​ထာ​ဝ​ရ​ဘု​ရား​သည်​သူ​တို့ အား​ကယ်​တင်​မည်။ သို့​ရာ​တွင်​စစ်​တိုက် ခြင်း​အား​ဖြင့်​လည်း​ကောင်း၊ လေး၊ မြား၊ ဋ္ဌား၊ မြင်း၊ မြင်း​တပ်​အား​ဖြင့်​လည်း​ကောင်း​သူ တို့​အား​ကယ်​တင်​မည်​မ​ဟုတ်။


ထာ​ဝ​ရ​ဘု​ရား​သည်​ဧ​က​ရာဇ်​မင်း​အား မိ​မိ​၏​ပြည်​သို့​ပြန်​စေ​ရန် သ​တင်း​တစ်​စုံ​တစ် ရာ​ကို​ကြား​သိ​စေ​တော်​မူ​လိမ့်​မည်။ ထို​နောက် သူ့​ကို​ထို​ပြည်​၌​ပင်​အ​ဆုံး​စီ​ရင်​တော်​မူ ပေ​အံ့'' ဟု​ပြန်​ကြား​လိုက်​၏။


အို ယေ​ရု​ရှ​လင်​မြို့၊ သင့်​ကို​တိုက်​ခိုက်​ကြ သည့်​လူ​မျိုး​ခြား​အ​ပေါင်း​တို့​သည် မြေ​မှုန့် ကဲ့​သို့​လည်း​ကောင်း၊ သူ​တို့​၏​ကြောက်​မက် ဖွယ်​ကောင်း​သည့်​စစ်​တပ်​များ​သည် ဖွဲ​ကဲ့ သို့​လည်း​ကောင်း​ချက်​ခြင်း​လွင့်​စင်​သွား ကြ​လိမ့်​မည်။-


သို့​ရာ​တွင်​ထာ​ဝ​ရ​ဘု​ရား​က``ငါ​သည်​ဇိ​အုန် တောင်​နှင့်​ယေ​ရု​ရှ​လင်​မြို့​တွင်​ဆောင်​ရွက်​ရန် အ​မှု​ပြီး​စီး​သော​အ​ခါ၊ အာ​ရှု​ရိ​ဘု​ရင် အား မိ​မိ​၏​ဝါ​ကြွား​မှု​နှင့်​မာန်​မာ​န​ကြီး မှု​တို့​အ​တွက်​အ​ပြစ်​ဒဏ်​ခတ်​မည်'' ဟု​မိန့် တော်​မူ​၏။


ထာ​ဝရ​ဘု​ရား​သည်​ကောင်း​ကင်​တ​မန်​ကို စေ​လွှတ်​၍ အာ​ရှု​ရိ​တပ်​သား​များ​နှင့်​တပ်​မ တော်​အ​ရာ​ရှိ​များ​အား​သုတ်​သင်​ပယ်​ရှင်း စေ​တော်​မူ​၏။ ဧ​က​ရာဇ်​မင်း​သည်​အ​ရှက်​ကွဲ လျက်​အာ​ရှု​ရိ​ပြည်​သို့​ပြန်​တော်​မူ​၏။ တစ် နေ့​သ​၌​သူ​သည်​မိ​မိ​ဘု​ရား​၏​ဗိ​မာန် တော်​၌​ရှိ​နေ​စဉ် သား​တော်​အ​ချို့​တို့​သည် သူ့​အား​ဋ္ဌား​ဖြင့်​လုပ်​ကြံ​ကြ​လေ​သည်။


လူ​မျိုး​တ​ကာ​တို့​သည်​ဣ​သ​ရေ​လ​အ​မျိုး သား​တို့​အား ထာ​ဝ​ရ​ဘု​ရား​ပေး​သ​နား တော်​မူ​သော​ပြည်​တော်​သို့​ပြန်​လာ​နိုင်​ကြ စေ​ရန်​ကူ​ညီ​မ​စ​ကြ​လိမ့်​မည်။ ထို​ပြည်​၌ လူ​မျိုး​ခြား​တို့​သည်​ဣ​သ​ရေ​လ​အ​မျိုး သား​တို့​အား​ကျွန်​များ​ကဲ့​သို့​အ​စေ​ခံ ကြ​လိမ့်​မည်။ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့ အား​ဖမ်း​ဆီး​ချုပ်​နှောင်​သူ​တို့​သည် ယ​ခု အ​ခါ​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​ဖမ်း ဆီး​ချုပ်​နှောင်​ခြင်း​ကို​ခံ​ရကြ​လိမ့်​မည်။ ဣသ​ရေ​လ​ပြည်​သူ​တို့​သည်​လည်း​အ​ခါ တစ်​ပါး​က​မိ​မိ​တို့​အား ဖိ​နှိပ်​ချုပ်​ချယ် ခဲ့​သူ​တို့​ကို​အုပ်​စိုး​ရကြ​လိမ့်​မည်။


လူ​တို့​သည်​မိ​မိ​တို့​အား​ခုတ်​ရန်​အ​သင့် ရှိ​သည့်​ဋ္ဌား​များ​၏​ဘေး​မှ​လည်း​ကောင်း၊ ပစ်​ရန်​အ​သင့်​ရှိ​သည့်​လေး​မြား​တို့​၏​ဘေး မှ​လည်း​ကောင်း၊ စစ်​ဘေး​အန္တ​ရာယ်​ဟူ​သ​မျှ​မှ လည်း​ကောင်း​လွတ်​မြောက်​ရန်​ထွက်​ပြေး​လျက် ရှိ​ကြ​၏။


ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် မိ​မိ​တို့​ရန်​သူ များ​လောက် ပြင်း​ထန်​စွာ​ထာ​ဝ​ရ​ဘု​ရား​၏ အ​ပြစ်​ဒဏ်​ကို​မ​ခံ​ရ​ကြ၊ ရန်​သူ​များ​လောက် လည်း​မ​သေ​ရ​ကြ။-


ငါ​တို့​၏​ရန်​သူ​များ​သည်​အ​မင်္ဂ​လာ​ရှိ​ကြ ၏။ မိ​မိ​တို့​အား​အ​ဘယ်​သူ​မျှ​တိုက်​ခိုက်​လု ယက်​မှု​ကို​မ​ပြု၊ သစ္စာ​လည်း​မ​ဖောက်​ကြ​သော် လည်း​သူ​တို့​က​လု​ယက်​တိုက်​ခိုက်​ကာ​သစ္စာ ဖောက်​ကြ​၏။ သို့​ရာ​တွင်​သူ​တို့​လု​ယက်​တိုက် ခိုက်​၍​သစ္စာ​ဖောက်​ရန်​အ​ချိန်​ကာ​လ​ကုန်​ဆုံး ချိန်​ကျ​ရောက်​လာ​လိမ့်​မည်။ ထို​အ​ခါ​သူ​တို့ သည်​လု​ယက်​တိုက်​ခိုက်​ခြင်း​နှင့်​သစ္စာ​ဖောက် ခြင်း​ကို​ခံ​ရကြ​လိမ့်​မည်။


အ​ပြစ်​ရှိ​ကြောင်း​တွေ့​ရှိ​ရ​သူ​အ​ပေါင်း​တို့ အား ကိုယ်​တော်​သည်​မီး​အား​ဖြင့်​လည်း​ကောင်း၊ ဋ္ဌား​လက်​နက်​အား​ဖြင့်​လည်း​ကောင်း​ဆုံး​မ တော်​မူ​လိမ့်​မည်။ ထို​သူ​တို့​သည်​လည်း​သေ ကြေ​ရကြ​လိမ့်​မည်။


ဤ​နေ့​သည်​အ​နန္တ​တန်​ခိုး​ရှင်​အ​ရှင် ထာ​ဝ​ရ​ဘု​ရား​၏​နေ့​တော်​ဖြစ်​၏။ ကိုယ်​တော်​သည်​ရန်​သူ​တို့​အား​ယ​နေ့​ပင် လက်​စား​ချေ​တော်​မူ​မည်။ သူ​တို့​အား​အ​ပြစ်​ဒဏ်​ခတ်​တော်​မူ​မည်။ ကိုယ်​တော်​၏​ဋ္ဌား​သည်​သူ​တို့​အ​သား​ကို​အ​ဝ စား​၍ သူ​တို့​၏​သွေး​ကို​အ​ဝ​သောက်​လိမ့်​မည်။ ယ​နေ့​အ​နန္တ​တန်​ခိုး​ရှင်​သည်​ဥ​ဖ​ရတ်​မြစ် အ​နီး မြောက်​ဘက်​ဒေ​သ​၌ မိ​မိ​၏​ယဇ်​ကောင်​များ​ကို​ပူ​ဇော်​တော်​မူ​၏။


``အ​ချင်း​လူ​သား၊ ဗျာ​ဒိတ်​တော်​ကို​ဆင့်​ဆို လော့။ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား​စော် ကား​သည့်​အမ္မုန်​ပြည်​သား​တို့​အား​ငါ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား​အ​ဘယ်​သို့​မိန့်​တော်​မူ ကြောင်း​ကို​ကြေ​ညာ​လော့။'' ``ဖျက်​ဆီး​သုတ်​သင်​ရန်​ဋ္ဌား​တော်​ကို အ​သင့်​ထား​လေ​ပြီ။ ဋ္ဌား​ကို​အ​သင့်​ထား​လေ​ပြီ။ သတ်​ဖြတ်​ရန်​ထို​ဋ္ဌား​တော်​ကို​တိုက်​ချွတ်​ထား​၏။ လျှပ်​ပြက်​သ​ကဲ့​သို့​ပြောင်​လက်​အောင် တိုက်​ချွတ်​ထား​၏'' ဟု​သူ​တို့​အား​ဆင့်​ဆို​လော့။


သင်​တို့​အား​အ​ပြစ်​ဒဏ်​ခတ်​ပြီး​နောက် မ​ကြာ​မီ​ပင်​ငါ​သည်​သူ​တို့​အား​သုတ် သင်​ပယ်​ရှင်း​မည်။-


ထို​နိုင်​ငံ​သား​တို့​သည်​လှိုင်း​လုံး​များ​သ​ဖွယ် တစ်​ဟုန်​တည်း​ရှေ့​သို့​ချီ​တက်​လာ​ကြ​၏။ သို့ ရာ​တွင်​ဘု​ရား​သ​ခင်​က​သူ​တို့​အား​ဖြင့် ပြင်း ပြင်း​ထန်​ထန်​မိန့်​ကြား​ဆုံး​မ​တော်​မူ​သော အ​ခါ​သူ​တို့​သည်​တောင်​နံ​ရံ​မှ​မြေ​မှုန့်​များ ကဲ့​သို့​လည်း​ကောင်း၊ လေ​ဗွေ​တွင်​လွင့်​ပါ​သွား သည့်​ဖွဲ​ကဲ့​သို့​လည်း​ကောင်း​ဆုတ်​ပြေး​ကြ ကုန်​၏။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ