ကိုယ်တော်သည်မာန်မာနကြီးသူမင်းသား တို့၏ စိတ်ကိုနှိမ့်ချတော်မူလျက်ဘုန်းကြီးသည့် ဘုရင်တို့အားထိတ်လန့်တုန်လှုပ်စေတော်မူ၏။
အ မင်း မင်း တို့ စိတ် မာန် ကို ပယ် ဖြတ် ၍၊ မြေ ကြီး ရှင် ဘု ရင် တို့ ၌၊ ကြောက် မက် ဖွယ် ဖြစ် တော် မူ ၏။
ထိုဘုရားသည် မင်းသားတို့၏စိတ်ကို နှိမ့်ချတော်မူ၏။ လောကီရှင်ဘုရင်တို့၌ ကြောက်ရွံ့ဖွယ် ဖြစ်တော်မူ၏။
ကိုယ်တော်သည် အုပ်ချုပ်သူမင်းတို့၏စိတ်ကို နှိမ့်ချတော်မူ၏။ ကမ္ဘာမြေကြီးပေါ်ရှိ ရှင်ဘုရင်တို့အတွက် ကြောက်ရွံ့ဖွယ်ဖြစ်တော်မူ၏။
ထာဝရဘုရားသည်ကောင်းကင်တမန်ကို စေလွှတ်၍ အာရှုရိတပ်သားများနှင့်တပ်မ တော်အရာရှိများအားသုတ်သင်ပယ်ရှင်း စေတော်မူ၏။ ဧကရာဇ်မင်းသည်အရှက်ကွဲ လျက်အာရှုရိပြည်သို့ပြန်တော်မူ၏။ တစ် နေ့သ၌သူသည်မိမိဘုရား၏ဗိမာန် တော်၌ရှိနေစဉ် သားတော်အချို့တို့သည် သူ့အားဋ္ဌားဖြင့်လုပ်ကြံကြလေသည်။
အချင်းဘုရင်တို့၊ပညာသတိရှိကြလော့။ အချင်းမင်းအပေါင်းတို့၊သတိမူကြလော့။
ထိုနောက်ကိုယ်တော်သည်အမျက်တော်ထွက် လျက် သူတို့အားသတိပေးတော်မူသဖြင့် သူတို့သည်အမျက်တော်အရှိန်ကြောင့် ကြောက်လန့်တုန်လှုပ်ကြကုန်၏။
အမြင့်မြတ်ဆုံးဖြစ်တော်မူသောထာဝရဘုရား သည် ကြောက်မက်ဖွယ်ကောင်းပေ၏။ ကိုယ်တော်သည်ကမ္ဘာတစ်ဝန်းလုံးကို အစိုးရတော်မူသောဘုရင်မင်းမြတ်ဖြစ်တော် မူ၏။
ကျေးဇူးတော်ချီးမွမ်းခြင်းသည်သာ လျှင် ဘုရားသခင်အားသင်တို့ပူဇော်ရာ ယဇ်ဖြစ်စေကြလော့။ ထို့ပြင်၊အနန္တတန်ခိုးရှင်အားသင်တို့သစ္စာ ကတိထားသည့်အတိုင်းပြုကြလော့။
သန့်ရှင်းရာဌာနတော်မှကြွလာတော်မူသော ဣသရေလအမျိုးသားတို့၏ဘုရားသခင် သည် ရိုသေကြောက်ရွံ့ဖွယ်ဖြစ်ပါသည်တကား။ ကိုယ်တော်သည်မိမိ၏လူစုတော်အားတန်ခိုးနှင့် စွမ်းရည်ကိုပေးတော်မူ၏။ ဘုရားသခင်အားထောမနာပြုကြလော့။
မိုးကောင်းကင်ကိုအစိုးရသည့်နတ်များ နှင့်လောကီဘုရင်တို့အား ထာဝရဘုရား အပြစ်ဒဏ်ခတ်တော်မူမည့်အချိန်ကာလ ကျရောက်လာလိမ့်မည်။-
ဤပွဲတော်များသည်ပုံမှန်ဥပုသ်နေ့များ အပြင်ကျင်းပရသောပွဲတော်များဖြစ်၏။ ဤပူဇော်သကာများသည် ထာဝရဘုရား အားပုံမှန်ပူဇော်ခြင်း၊ သစ္စာဝတ်ဖြေရာ ပူဇော်ခြင်း၊ စေတနာအလျောက်ပူဇော် ခြင်းများအပြင်ပူဇော်ရသောပူဇော် သကာများဖြစ်သည်။)
ထာဝရဘုရားက``ငါသည်လူမျိုးတကာ ကိုလုံးဝဖျက်ဆီးခဲ့လေပြီ။ သူတို့၏မြို့ များကိုသုတ်သင်ဖျက်ဆီး၍မြို့တံတိုင်း များ၊ ရဲတိုက်များကိုလည်းယိုယွင်းပျက် စီးစေလေပြီ။ မြို့တို့သည်လူသူဆိတ်ငြိမ် လျက်လမ်းတို့သည်လည်းဟာလာဟင်း လင်းဖြစ်လျက်နေကြ၏။ လူတစ်ဦး တစ်ယောက်မျှမရှိကြတော့ပေ။-
ယော်ဒန်မြစ်အနောက်ဘက်တွင်စိုးစံသောအာ မောရိဘုရင်များနှင့် မြေထဲပင်လယ်ကမ်းခြေ တစ်လျှောက်စိုးစံသောခါနာန်ဘုရင်အပေါင်း တို့သည် ဣသရေလအမျိုးသားတို့ယော်ဒန် မြစ်ကိုဖြတ်ကူးပြီးသည်အထိ မြစ်ရေကို ထာဝရဘုရားခန်းခြောက်စေတော်မူကြောင်း ကြားသိရကြ၏။ ထိုကြောင့်သူတို့သည် ဣသရေလအမျိုးသားတို့ကိုကြောက်ရွံ့ ၍စိတ်ပျက်အားလျော့ကြကုန်၏။
ထိုအခါလောကီဘုရင်၊ အာဏာပိုင်၊ စစ်သူကြီး၊ သူဌေးသူကြွယ်၊ တန်ခိုးအာဏာရှိသူမှစ၍ ကျွန်နှင့်ကျွန်မဟုတ်သူအပေါင်းတို့သည်လိုဏ် ဂူများ၌လည်းကောင်း၊ တောင်ပေါ်ကျောက်ဆောင် များ၌လည်းကောင်းပုန်းအောင်း၍နေကြ ကုန်၏။-