အို ထာဝရဘုရား၊ ကိုယ်တော်သည်ကျွန်တော်မျိုးအား အဘယ်ကာလတိုင်အောင်မေ့လျော့၍ နေတော်မူပါမည်နည်း။ ထာဝစဉ်မေ့လျော့၍နေတော်မူမည်လော။ အဘယ်ကာလတိုင်အောင်မျက်နှာတော်ကို လွှဲတော်မူပါမည်နည်း။
ဆာလံ 74:23 - Common Language Bible ကိုယ်တော်ရှင်၏ရန်သူတို့အမျက်ထွက်၍ဟစ် အော်သံ၊ ကိုယ်တော်ရှင်အားရန်ဘက်ပြုသူတို့၏အစဉ်မပြတ် အော်သံတို့ကိုမေ့လျော့တော်မမူပါနှင့်။ Garrad Bible ကိုယ် တော် ကို ရန် ဘက် ပြု သူ တို့ ဟိန်း သံ၊ ပုန် ကန် သူ တို့ ပြု မြဲ ရာ ဟုန်း သံ ကို မေ့ လျော့ တော် မ မူ ပါ နှင့်။ Judson Bible ကိုယ်တော်၏ ရန်သူတို့အသံကို မေ့လျော့တော်မမူပါနှင့်။ ကိုယ်တော်ကို ပုန်ကန်သောသူတို့၏ ရုန်းရင်းခတ်ခြင်းအသံသည် အစဉ်မပြတ် တိုးတက်လျက်ရှိပါ၏။ မြန်မာ့စံမီသမ္မာကျမ်း ကိုယ်တော့်ရန်သူတို့၏အသံတည်းဟူသော ကိုယ်တော်တစ်ဖက်၌ထကြွသောသူတို့ထံမှ အစဉ်မပြတ်ထွက်ပေါ်လာသည့် အုတ်အုတ်ကျက်ကျက်အသံကို မေ့လျော့တော်မမူပါနှင့်။ |
အို ထာဝရဘုရား၊ ကိုယ်တော်သည်ကျွန်တော်မျိုးအား အဘယ်ကာလတိုင်အောင်မေ့လျော့၍ နေတော်မူပါမည်နည်း။ ထာဝစဉ်မေ့လျော့၍နေတော်မူမည်လော။ အဘယ်ကာလတိုင်အောင်မျက်နှာတော်ကို လွှဲတော်မူပါမည်နည်း။
ကိုယ်တော်ရှင်သည်ပင်လယ်ရေမြည်ဟည်းသံနှင့် လှိုင်းလုံးသံတို့ကိုငြိမ်သက်စေတော်မူပါ၏။ လူတို့ရုန်းရင်းဆန်ခတ်သံများကိုလည်း ငြိမ်သက်စေတော်မူပါ၏။
ကိုယ်တော်ရှင်၏ရန်သူတို့သည်ဗိမာန်တော်ထဲ၌ အောင်သံကြွေးကြော်ကြပါပြီ။ ဗိမာန်တော်တွင်အောင်လံများကိုစိုက်ထူကြ ပါပြီ။
သင်အမျက်ထွက်ပုံ၊ မာန်မာနကြီးပုံတို့ ကိုငါကြားသိရလေပြီ။ သို့ဖြစ်၍၊ ငါသည် သင့်ကိုနှာရှုတ်တပ်၍ဇက်ခွံ့ပြီးလျှင်လာ လမ်းအတိုင်းပြန်စေမည်။''
သင်၏ရန်သူအပေါင်းတို့သည် သင့်ကိုပြောင်လှောင်ကြလျက်မုန်းစိတ်နှင့် စိုက်၍ကြည့်ကြ၏။ သူတို့သည်မဲ့ရွဲ့ကာနှာခေါင်းရှုံ့လျက်``သူ့ကို ငါတို့သုတ်သင်ဖျက်ဆီးလိုက်ကြလေပြီ။ ဤနေ့ကားငါတို့စောင့်မျှော်နေခဲ့သည့်နေ့ပေ တည်း'' ဟုဆိုကြ၏။
ကိုယ်တော်က``သင်သည်နိနေဝေမြို့ကြီးသို့သွား၍သတိပေးလော့။ ထိုမြို့သူမြို့သားတို့သည်အလွန်ဆိုးယုတ်ကြကြောင်းကိုငါသိတော်မူပြီ'' ဟုမိန့်တော်မူ၏။-
သူတို့သည်သိုးသူငယ်တော်ကိုစစ်တိုက်ကြလိမ့် မည်။ သိုးသူငယ်တော်သည်အရှင်တကာတို့၏ အရှင်၊ ဘုရင်တကာတို့၏ဘုရင်ဖြစ်တော်မူ သောကြောင့်သူတို့ကိုနှိမ်နင်းတော်မူလိမ့်မည်။ ကိုယ်တော်ခေါ်ယူရွေးကောက်တော်မူသောသူ၊ ကိုယ်တော်အားသစ္စာရှိသောသူတို့သည်ကိုယ် တော်နှင့်အတူအောင်ပွဲဝင်ခွင့်ရကြလိမ့် မည်'' ဟုဆို၏။