ကိုယ်တော်ရှင်သည်တရားမျှတတော်မူသည် နှင့်အညီ၊ ကျွန်တော်မျိုးအားကူမတော်မူပါ။ ကယ်ဆယ်တော်မူပါ။ ကျွန်တော်မျိုး၏ပန်ကြားချက်ကိုနားညောင်း ၍ ကယ်တော်မူပါ။
မည် သည့် ကာ လ မျှ အ ရှက် မ ကွဲ စေ ဘဲ၊ ဖြောင့် မတ် တော် မူ သည့် အ တိုင်း၊ ကယ် နုတ် ဆယ် ယူ ခြင်း၊ နား တော် ညောင်း ၍ ကယ် လွှတ် ခြင်း ပြု တော် မူ ပါ။
တရားတော်နှင့်အညီ အကျွန်ုပ်ကိုနုတ်ယူ၍ လွှတ်တော်မူပါ။ နားတော်ကို အကျွန်ုပ်ဘက်သို့လှည့်၍ ကယ်တင်တော်မူပါ။
ကိုယ်တော်၏ဖြောင့်မတ်ခြင်းအားဖြင့် အကျွန်ုပ်ကိုကယ်နုတ်၍ အကျွန်ုပ်ကိုလွတ်မြောက်စေတော်မူပါ။ အကျွန်ုပ်ကိုဂရုစိုက်နားထောင်ပြီး အကျွန်ုပ်ကိုကယ်တင်တော်မူပါ။
အို ထာဝရဘုရား၊ ကျွန်တော်မျိုး၏ဆုတောင်းပတ္ထနာကို ကြားတော်မူပါ။ ဖြောင့်မတ်တော်မူသည်ဖြစ်၍ကျွန်တော်မျိုး အသနားခံသည်ကိုနားထောင်တော်မူပါ။ သစ္စာစောင့်တော်မူသည်ဖြစ်၍ ကျွန်တော်မျိုး၏ပန်ကြားလျှောက်ထားသည်ကို နားညောင်းတော်မူပါ။
အို ထာဝရဘုရား၊ ကိုယ်တော်ရှင်သည်ကတိတော်ရှိသည်အတိုင်း ကျွန်တော်မျိုးအားကယ်ဆယ်တော်မူပါ။ ကောင်းမြတ်တော်မူသည်နှင့်အညီကျွန်တော် မျိုးအား ဆင်းရဲဒုက္ခများမှကယ်တော်မူပါ။
ကိုယ်တော်သည်အမှန်တရားကိုသိမြင်တော် မူသဖြင့် ကျွန်တော်မျိုး၏အကျိုးကိုထောက်၍ တရားစီရင်တော်မူပါ။
အို ဘုရားသခင်၊ ကိုယ်တော်ရှင်သည်နားညောင်းတော်မူ တတ်သည်ဖြစ်၍ ကျွန်တော်မျိုးသည်ကိုယ်တော်ရှင်အား ဆုတောင်းပတ္ထနာပြုပါ၏။ သို့ဖြစ်၍ကျွန်တော်မျိုးဘက်သို့လှည့်တော်မူ၍ ကျွန်တော်မျိုး၏ပတ္ထနာစကားများကို နားထောင်တော်မူပါ။
အို ထာဝရဘုရား၊ ကျွန်တော်မျိုးသည်အထံတော်သို့ခိုလှုံရန် ချဉ်းကပ်ပါ၏။ ကျွန်တော်မျိုးအားအဘယ်အခါ၌မျှ အရေးနိမ့်စေတော်မမူပါနှင့်။ ကိုယ်တော်ရှင်သည်တရားမျှတတော်မူသော ဘုရားဖြစ်တော်မူပါ၏။ ကျွန်တော်မျိုးအားကယ်တော်မူပါ။ ကျွန်တော်မျိုးပန်ကြားလျှောက်ထားပါ၏။
ကျွန်တော်မျိုး၏လျှောက်ထားချက်ကို နားထောင်တော်မူပါ။ ယခုပင်ကျွန်တော်မျိုးအားကယ်တော်မူပါ။ ကျွှန်တော်မျိုးအားကွယ်ကာရန်ကျွန်တော်မျိုး၏ ခိုလှုံရာကျောက်ဖြစ်တော်မူပါ။ ကယ်မတော်မူရန်ကျွန်တော်မျိုး၏ရဲတိုက် ဖြစ်တော်မူပါ။
ဘုရားသခင်သည်သူတော်ကောင်းတို့အား ကြည့်ရှုစောင့်ရှောက်တော်မူ၍ သူတို့၏အော်ဟစ်သံများကိုနားညောင်းတော် မူ၏။
အို ဘုရားသခင်၊ ကျွန်တော်မျိုးမှာအပြစ်မရှိကြောင်း ထုတ်ဖော်ကြေညာတော်မူပါ။ ဘုရားတရားကင်းမဲ့သူတို့ကိုဆန့်ကျင်လျက် ကျွန်တော်မျိုးဘက်မှခုခံကာကွယ်တော်မူပါ။ လိမ်လည်ဆိုးယုတ်သူတို့၏လက်မှ ကျွန်တော်မျိုးအားကယ်တော်မူပါ။
အို အရှင်ဘုရား၊ ကိုယ်တော်သည်အတိတ် ကာလက အကျွန်ုပ်တို့အားကာကွယ်စောင့် ရှောက်တော်မူခဲ့ပါ၏။ သို့ဖြစ်၍ယေရုရှလင် မြို့ကိုဆက်လက်၍ အမျက်ဒေါသထွက်တော် မမူပါနှင့်။ ထိုမြို့သည်ကိုယ်တော်၏မြို့တော်၊ ကိုယ်တော်၏သန့်ရှင်းသောတောင်တော်ဖြစ် ပါ၏။ အကျွန်ုတို့၏အပြစ်ဒုစရိုက်များ နှင့်ဘိုးဘေးတို့ပြုခဲ့သည့်မကောင်းမှုများ ကြောင့် အိမ်နီးချင်းတိုင်းပြည်များရှိလူ အပေါင်းတို့သည် ယေရုရှလင်မြို့နှင့်ကိုယ် တော်၏လူမျိုးတော်အားအထင်အမြင် သေးကြပါ၏။-
သင်တို့တွေ့ကြုံရသည့်စုံစမ်းနှောင့်ယှက်ခြင်း များသည်လူအပေါင်းတို့တွေ့ကြုံနေကြ၊ သာ မန်စုံစမ်းနှောင့်ယှက်ခြင်းများသာဖြစ်၏။ ဘုရား သခင်သည်ကတိတည်တော်မူသောအရှင်ဖြစ် တော်မူသဖြင့် သင်တို့အားမိမိတို့ခံနိုင်သည် ထက်ပို၍စုံစမ်းနှောင့်ယှက်ခြင်းကိုခံစေတော် မူလိမ့်မည်မဟုတ်။ စုံစမ်းနှောင့်ယှက်ခြင်းခံရ ချိန်၌ခံနိုင်သောခွန်အားကိုပေးတော်မူသဖြင့် ထိုစုံစမ်းနှောင့်ယှက်ခြင်းမှလွတ်မြောက်ရန် လမ်းဖွင့်ပေးတော်မူလိမ့်မည်။