ဆာလံ 71:1 - Common Language Bible1 အို ထာဝရဘုရား၊ ကိုယ်တော့်ထံခိုလှုံရန်ကျွန်တော်မျိုးချဉ်းကပ် ပါ၏။ ကျွန်တော်မျိုးအားအဘယ်အခါ၌မျှ အရေးရှုံးနိမ့်စေတော်မမူပါနှင့်။ အခန်းကိုကြည့်ပါ။Garrad Bible1 အို ထာ ဝ ရ ဘု ရား၊ ကိုယ် တော်၌ အ ကျွန်ုပ် ခို လှုံ ပါ ၏။ အခန်းကိုကြည့်ပါ။Judson Bible1 အိုထာဝရဘုရား၊ ကိုယ်တော်ကိုအကျွန်ုပ်ခိုလှုံပါ၏။ အရှက်ကွဲခြင်းနှင့် အစဉ်ကင်းလွတ်ပါစေသော။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း1 အို ထာဝရဘုရား၊ ကိုယ်တော်၌အကျွန်ုပ်ခိုလှုံပါ၏။ အကျွန်ုပ်ကို မည်သည့်အခါမျှ အရှက်တကွဲဖြစ်စေတော်မမူပါနှင့်။ အခန်းကိုကြည့်ပါ။ |
ကျွန်တော်မျိုးအားနှိပ်စက်ညှင်းဆဲသူတို့ကို အရှက်ကွဲစေတော်မူ၍ ကျွန်တော်မျိုးအား အရှက်ရမှုမှချမ်းသာပေးတော်မူပါ။ ထို သူတို့အားထိတ်လန့်တုန်လှုပ်စိတ်နှင့်ပြည့်ဝ စေတော်မူ၍ ကျွန်တော်မျိုးကိုထိတ်လန့်တုန် လှုပ်စေတော်မမူပါနှင့်။ သူတို့၏အပေါ်သို့ ဘေးအန္တရာယ်ဆိုးကိုသက်ရောက်စေတော် မူ၍သူတို့အားကျိုးပဲ့ကြေမွစေတော် မူပါ။