အဘယ်သူသည်ကိုယ်တော်၏အံ့သြဖွယ်ကောင်း သော အမှုတော်အပေါင်းတို့ကိုဖော်ပြနိုင်ပါသနည်း။ အဘယ်သူသည်ကိုယ်တော်၏ဂုဏ်တော်ရှိ သမျှကို ဖော်ကူးနိုင်ပါသနည်း။
ဆာလံ 71:16 - Common Language Bible အရှင်ထာဝရဘုရား၏တန်ခိုးတော်ကို အမှီပြု၍ ကျွန်တော်မျိုးသွားလာပါမည်။ ကိုယ်တော်ရှင်၊ကိုယ်တော်ရှင်သာလျှင် ကောင်းမြတ်တော်မူကြောင်းကို ကျွန်တော်မျိုးထုတ်ဖော်ကြေညာပါမည်။ Garrad Bible အ ရှင် ထာ ဝ ရ ဘု ရား၏ တန် ခိုး တော် များ ကို ဆက် သွင်း၍၊ ကိုယ် တော်၏ ဖြောင့် မတ် တော် မူ ခြင်း ကို သာ အောက် မေ့ ပါ မည်။ Judson Bible အရှင်ထာဝရဘုရား၏ ဘုန်းတန်ခိုးတော်များကိုအမှီပြု၍ ကိုယ်တော်၏ ဖြောင့်မတ်ခြင်းတရားကိုသာ ပြသပါမည်။ မြန်မာ့စံမီသမ္မာကျမ်း အကျွန်ုပ်သည် ဘုရားရှင်ထာဝရဘုရား၏ အစွမ်းတန်ခိုးတော်များဖြင့် သွား၍ ကိုယ်တော်၏ဖြောင့်မတ်ခြင်းကိုသာ ထုတ်ဖော်ပြောဆိုပါမည်။ |
အဘယ်သူသည်ကိုယ်တော်၏အံ့သြဖွယ်ကောင်း သော အမှုတော်အပေါင်းတို့ကိုဖော်ပြနိုင်ပါသနည်း။ အဘယ်သူသည်ကိုယ်တော်၏ဂုဏ်တော်ရှိ သမျှကို ဖော်ကူးနိုင်ပါသနည်း။
ထာဝရဘုရားသည်မိမိ၏လူစုတော်အား စွမ်းအားပေးတော်မူ၏။ သူတို့အားငြိမ်းချမ်းသာယာမှုကောင်းချီး မင်္ဂလာကိုပေးတော်မူ၏။
အို ဘုရားသခင်၊ ကျွန်တော်မျိုး၏အသက်ကိုချမ်းသာပေး တော်မူပါ။ ကျွန်တော်မျိုးကိုကယ်တော်မူပါ။ ကျွန်တော်မျိုးသည်ကိုယ်တော်ရှင် တရားမျှတတော်မူကြောင်းကိုဝမ်းမြောက်စွာ ထုတ်ဖော်ကြေညာပါမည်။
ကျွန်တော်မျိုးသည်ကိုယ်တော်ရှင် ကောင်းမြတ်တော်မူပုံကိုပြောကြားပါမည်။ ကိုယ်တော်ရှင်၏ကယ်တင်ခြင်းကျေးဇူးသည် ကျွန်တော်မျိုးနားလည်နိုင်သည်ထက်ပို၍ နက်နဲပါ၏။ သို့ရာတွင်ထိုကျေးဇူးတော်အကြောင်းကို ကျွန်တော်မျိုးသည်တစ်နေ့လုံးပြော ကြားပါမည်။
အို ဘုရားသခင်၊ ကိုယ်တော်ရှင်၏တရားမျှတမှုသည် မိုးကောင်းကင်တိုင်အောင်ရောက်ရှိပါ၏။ အဘယ်ကြောင့်ဆိုသော်ကိုယ်တော်ရှင်သည် ကြီးမြတ်သည့်အမှုအရာများကိုပြုတော် မူပြီ ဖြစ်သောကြောင့်တည်း။ ကိုယ်တော်ရှင်နှင့်တူသူတစ်စုံတစ်ယောက်မျှ မရှိပါ။
ကိုယ်တော်ရှင်သည်တရားမျှတတော်မူသည် နှင့်အညီ၊ ကျွန်တော်မျိုးအားကူမတော်မူပါ။ ကယ်ဆယ်တော်မူပါ။ ကျွန်တော်မျိုး၏ပန်ကြားချက်ကိုနားညောင်း ၍ ကယ်တော်မူပါ။
ကျွန်တော်မျိုးအားအကျိုးယုတ်စေရန် ရှာကြံသူတို့သည်အရေးရှုံးနိမ့်၍အသရေပျက် ရကြပြီဖြစ်သောကြောင့် ကိုယ်တော်ရှင်ဖြောင့်မတ်တော်မူခြင်း တရားအကြောင်းကိုတစ်နေ့လုံးပြောကြား ပါမည်။
ကျွန်တော်မျိုးတို့၏ဘုရားသခင်ထာဝရ ဘုရား၊ ကျွန်တော်မျိုးတို့သည် သူတစ်ပါးတို့အုပ်စိုးမှုကို ခံရကြပါပြီ။ သို့ရာတွင်ကိုယ်တော်ရှင် တစ်ပါးတည်းသာလျှင်၊ ကျွန်တော်မျိုးတို့၏အရှင်သခင်ဖြစ်တော်မူပါ၏။
သို့ရာတွင်ထာဝရဘုရား၏အကူ အညီကို ယုံကြည်ကိုးစားသူတို့မူကား၊ ခွန်အားသစ်ကို ရရှိကြလိမ့်မည်။ သူတို့သည်လင်းယုန်ငှက်ကဲ့သို့ပျံတက်ကြလိမ့်မည်။ ပြေးသော်လည်းမောပန်းကြလိမ့်မည်မဟုတ်။ ခရီးသွားသော်လည်းနွမ်းနယ်ကြလိမ့်မည်မဟုတ်။
ငါသည်ထာဝရဘုရား၏ပျက်ကွက်ခြင်း မရှိသော မေတ္တာတော်အကြောင်းကိုဖော်ပြမည်။ ငါတို့အဖို့ပြုတော်မူခဲ့သောအမှုတော် အပေါင်း အတွက်ကိုယ်တော်အားထောမနာပြုမည်။ ကိုယ်တော်သည်မိမိ၏မေတ္တာ ကရုဏာတော်ကိုထောက်၍ ဣသရေလအမျိုးသားတို့အားကောင်းချီး မင်္ဂလာ ကြွယ်ဝစွာချပေးတော်မူပြီ။
ငါသည်မိမိလူမျိုးတော်အားကြံ့ခိုင်စေမည်။ သူတို့သည်ငါ့အားဝတ်ပြုကိုးကွယ်လျက် ငါ၏စကားကိုနားထောင်ကြလိမ့်မည်'' ဤကားထာဝရဘုရားမိန့်မြွက်တော်မူသည့် စကားဖြစ်၏။
ဘုရားသခင်၏နိုင်ငံတော်နှင့်အလိုတော်ကို ပထမဦးစွာရှာကြလော့။ သို့ပြုလျှင်ကိုယ်တော် သည်သင်တို့အားအခြားလိုအပ်သောအရာများ ကိုပေးသနားတော်မူလိမ့်မည်။-
ဘုရားသခင်သည်လူတို့အားအဘယ်သို့ သောနည်းဖြင့် မိမိနှင့်မှန်ကန်စွာဆက်ဆံစေ တော်မူသည်ကိုသတင်းကောင်းကပေါ်လွင် ထင်ရှားစေ၏။ ထိုနည်းမှာအစမှအဆုံး တိုင်အောင်ယုံကြည်ခြင်းအပေါ်တွင်အခြေ ခံသည့်နည်းဖြစ်၏။ ထို့ကြောင့်ကျမ်းစာတွင် ``ယုံကြည်ခြင်းအားဖြင့်ဘုရားသခင်နှင့် မှန်ကန်စွာဆက်ဆံသူသည်အသက်ရှင်လိမ့် မည်'' ဟုလာသတည်း။
သူတို့သည်ဘုရားသခင်နှင့်မှန်ကန်စွာဆက် သွယ်နိုင်မည့်လမ်းစဉ်ကိုမသိသဖြင့် ထိုလမ်း စဉ်ကိုမလိုက်ဘဲမိမိတို့ကိုယ်တိုင်တီထွင် သည့်လမ်းစဉ်ကိုလိုက်ကြပေသည်။-
သို့ရာတွင်ယခုအခါ၌ဘုရားသခင်သည် လူသားအားမိမိနှင့်အဘယ်နည်းဖြင့် မှန်ကန် စွာဆက်ဆံစေကြောင်းသိသာထင်ရှားလာ ပေပြီ။ ဤနည်းသည်တရားဥပဒေနှင့်လုံးဝ မသက်ဆိုင်။ သို့ရာတွင်ဤအကြောင်းကို မောရှေ၏ပညတ်ကျမ်းနှင့်ပရောဖက်ကျမ်း များကသက်သေခံကြ၏။-
ကိုယ်တော်သည်ဘုန်းအသရေတော်နှင့်ပြည့်စုံ ကြွယ်ဝတော်မူသည်နှင့်အညီ သင်တို့အား စိတ်ဋ္ဌာတ်ကြံ့ခိုင်လာစေစိမ့်သောငှာဝိညာဉ် တော်အားဖြင့်တန်ခိုးစွမ်းရည်ကိုပေးသနား တော်မူရန်ငါသည်ဆုတောင်းပတ္ထနာပြု၏။-
သင်တို့သည်သခင်ဘုရားနှင့်တစ်လုံးတစ်ဝတည်း ဖြစ်လျက် ကိုယ်တော်၏တန်ခိုးတော်အားဖြင့်ကြံ့ခိုင် ခြင်းရှိကြရန်ငါနောက်ဆုံးမှာကြားလို၏။-
သူသည်မြို့တို့ကိုသံတံခါးများဖြင့်ကာကွယ် ပါစေ။ သူသည်ထာဝစဉ်လုံခြုံစွာနေထိုင်ရပါစေ။''
ခရစ်တော်ထံမှရရှိသည့်စွမ်းရည်အားဖြင့် ငါသည်မည်သည့်အခြေအနေမျိုးကိုမဆို ရင်ဆိုင်နိုင်၏။
ဘုရားသခင်သည်တရားသဖြင့်စီရင်တော် မူသောအရှင်ဖြစ်တော်မူသည်အတိုင်း သင်တို့ ကိုဆင်းရဲဒုက္ခရောက်စေသူတို့အားဆင်းရဲ ဒုက္ခရောက်စေတော်မူလိမ့်မည်။-
ငါ့သား၊ ခရစ်တော်ယေရှုနှင့်ငါတို့တစ်လုံး တစ်ဝတည်းဖြစ်ခြင်းကြောင့် ရရှိသည့်ဆု ကျေးဇူးတော်အားဖြင့်သင်သည်ကြံ့ခိုင် ခြင်းရှိလော့။-