ရောမ 3:21 - Common Language Bible21 သို့ရာတွင်ယခုအခါ၌ဘုရားသခင်သည် လူသားအားမိမိနှင့်အဘယ်နည်းဖြင့် မှန်ကန် စွာဆက်ဆံစေကြောင်းသိသာထင်ရှားလာ ပေပြီ။ ဤနည်းသည်တရားဥပဒေနှင့်လုံးဝ မသက်ဆိုင်။ သို့ရာတွင်ဤအကြောင်းကို မောရှေ၏ပညတ်ကျမ်းနှင့်ပရောဖက်ကျမ်း များကသက်သေခံကြ၏။- အခန်းကိုကြည့်ပါ။Garrad Bible21-22 ယ ခု ခေတ် မှာ မူ ပ ည တ္တိ ကျမ်း နှင့် ပ ရော ဖက် ကျမ်း များ သက် သေ ခံ သည့် အ တိုင်း ပ ညတ် တ ရား နှင့် ကင်း သော ဘု ရား သ ခင်၏ ဖြောင့် မတ် ခြင်း၊ ယေ ရှု ခ ရစ် ကို ယုံ ကြည် သော အား ဖြင့်၊ ယုံ ကြည် သူ အ ပေါင်း တို့ အ ပေါ် သို့ သက် ရောက် သည့် ဘု ရား သ ခင်၏ ဖြောင့် မတ် ခြင်း သည် ထင် ရှား လျက် ရှိ၏။ အခန်းကိုကြည့်ပါ။Judson Bible21 ယခုမူကား၊ ပညတ္တိကျမ်းနှင့် အနာဂတ္တိကျမ်းတို့သည် သက်သေခံသည်နှင့်အညီ၊ ပညတ်တရားနှင့် မစပ်ဆိုင်သော ဘုရားသခင်၏ ဖြောင့်မတ်ခြင်းတရားတည်းဟူသော၊- အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း21 သို့ရာတွင် ယခုအခါ၌ ပညတ်တရားနှင့်ပရောဖက်များသက်သေခံသော ဘုရားသခင်၏ဖြောင့်မတ်ခြင်းသည် ပညတ်တရားမပါဘဲ ထင်ရှားလေပြီ။ အခန်းကိုကြည့်ပါ။ခေတ်သစ်မြန်မာ သမ္မာကျမ်း21 သို့သော် ယခုတွင်မူ ပညတ်တရားကို လိုက်နာကျင့်သုံးရသည့်နည်းလမ်းဖြင့် မဟုတ်ဘဲ ဘုရားသခင်ရှေ့တော်၌ ဖြောင့်မတ်သည်ဟု သတ်မှတ်ခံရမည့် အခြားနည်းလမ်းကို ကျွန်ုပ်တို့အား ဖွင့်ပြတော်မူပြီ။ ထိုနည်းလမ်းအကြောင်းကို ပညတ်ကျမ်းနှင့် ပရောဖက်ကျမ်းများ၌ ရှေးယခင်ကပင် ဖော်ပြထားတော်မူခဲ့၏။ အခန်းကိုကြည့်ပါ။ |
သို့ရာတွင်အဘယ်လက်နက်မျှသင့်အားအနာတရ ဖြစ်စေနိုင်လိမ့်မည်မဟုတ်။ သင်သည်မိမိအားပြစ်တင်စွပ်စွဲသူမှန်သမျှကို ပြန်လည်ချေပနိုင်လိမ့်မည်။ ငါသည်မိမိ၏အစေခံများကာကွယ်စောင့်ရှောက်ရန် အောင်ပွဲကိုပေးတော်မူမည်'' ဟုမိန့်တော်မူ၏။ ဤကားထာဝရဘုရားမြွက်ဟတော်မူသော စကားပင်ဖြစ်သတည်း။
``ခုနစ်ဆယ်ခုနစ်လီနှစ်ကာလသည်ကား သင်၏အမျိုးသားများနှင့် သင်၏သန့်ရှင်း မြင့်မြတ်သောမြို့တော်အား အပြစ်ဒုစရိုက် နှင့်မကောင်းမှုများမှလွတ်မြောက်စေရန် ဘုရားသခင်သတ်မှတ်ပေးတော်မူသည့် အချိန်ကာလဖြစ်၏။ ရူပါရုံနှင့်ဗျာဒိတ် တော်အကောင်အထည်ပေါ်လာစေရန်နှင့် အသန့်ရှင်းဆုံးဗိမာန်တော်ကိုပြန်လည် ဆက်ကပ်နိုင်ရေးအတွက် ဘုရားသခင် သည်ထိုသူတို့၏အပြစ်များကိုဖြေ လွှတ်တော်မူ၍ ထာဝစဉ်တရားမျှတ မှုစိုးမိုးရာခေတ်ကိုတည်ထောင်တော် မူလိမ့်မည်။-
ထိုနောက်ကိုယ်တော်က ``မောရှေ၏ပညတ်ကျမ်း၊ ပရောဖက်ကျမ်းများနှင့်ဆာလံကျမ်းတွင်ငါ ၏အကြောင်းနှင့်ပတ်သက်၍ဖော်ပြထားသည့် အမှုအရာများသည်ဖြစ်ပျက်ရမည်ဟူ၍ သင် တို့နှင့်အတူရှိစဉ်အခါကငါပြောခဲ့၏။ ငါ ပြောခဲ့သည့်အတိုင်းယခုဖြစ်ပျက်လျက်ရှိ၏'' ဟုမိန့်တော်မူ၏။
သို့သော်ဘုရားသခင်သည်အကျွန်ုပ်ကိုမစ တော်မူသဖြင့် ယနေ့တိုင်အောင်အကျွန်ုပ်သည် အသက်ရှင်၍ယုတ်မြတ်မဟူလူအပေါင်းတို့ အားသက်သေခံလျက်ရှိပါ၏။ မေရှိယသည် အသေခံတော်မူရမည်ဟူ၍လည်းကောင်း၊ ကိုယ်တော်သည်သေခြင်းမှအဦးထမြောက် တော်မူပြီးလျှင် ဣသရေလအမျိုးသားတို့ နှင့်လူမျိုးခြားတို့အား ကယ်တင်ခြင်း အလင်းတရားတော်ကိုကြေညာတော်မူ လိမ့်မည်ဟူ၍လည်းကောင်း မောရှေနှင့်ပရော ဖက်များဟောကြားခဲ့သည့်အတိုင်းအကျွန်ုပ် သည်ဟောပြောပါ၏'' ဟုချေပလျှောက် ထား၏။
ထိုသူတို့သည်ရက်ချိန်းပေးကြ၏။ ချိန်းသည့်နေ့ ၌ ပေါလုတည်းခိုရာသို့လူအမြောက်အမြား လာရောက်ကြ၏။ ပေါလုသည်နံနက်မှညနေ ချမ်းတိုင်အောင် ဘုရားသခင်၏နိုင်ငံတော်ဆိုင် ရာတရားတော်အကြောင်းကိုရှင်းလင်းဖော် ပြ၏။ သခင်ယေရှု၏အကြောင်းတော်ကိုလည်း မောရှေ၏ပညတ်ကျမ်းနှင့်ပရောဖက်ကျမ်း များမှကောက်နုတ်ကာ ထိုသူတို့နားလည် သဘောပေါက်လာစေရန်ကြိုးစား၍ဟော ပြော၏။
ဘုရားသခင်သည်လူတို့အားအဘယ်သို့ သောနည်းဖြင့် မိမိနှင့်မှန်ကန်စွာဆက်ဆံစေ တော်မူသည်ကိုသတင်းကောင်းကပေါ်လွင် ထင်ရှားစေ၏။ ထိုနည်းမှာအစမှအဆုံး တိုင်အောင်ယုံကြည်ခြင်းအပေါ်တွင်အခြေ ခံသည့်နည်းဖြစ်၏။ ထို့ကြောင့်ကျမ်းစာတွင် ``ယုံကြည်ခြင်းအားဖြင့်ဘုရားသခင်နှင့် မှန်ကန်စွာဆက်ဆံသူသည်အသက်ရှင်လိမ့် မည်'' ဟုလာသတည်း။
သို့ရာတွင်ယခုအခါ၌ထိုလျှို့ဝှက်သည့်သစ္စာ တရားသည်ပရောဖက်ကျမ်းများအားဖြင့်ပေါ် လွင်ထင်ရှားလာလေပြီ။ လူမျိုးအပေါင်းတို့သည် ဘုရားသခင်ကိုယုံကြည်ကာကိုယ်တော်၏စကား တော်ကိုနာခံလာကြစေရန် နိစ္စထာဝရအသက် ရှင်တော်မူသောဘုရား၏အမိန့်တော်အရထို သစ္စာတရားကိုကြေညာလေပြီ။
ဘုရားသခင်သည်သင်တို့အားခရစ်တော် ယေရှုနှင့်တစ်လုံးတစ်ဝတည်းဖြစ်စေတော် မူ၏။ ခရစ်တော်အားငါတို့၏ဉာဏ်ပညာ ဖြစ်စေတော်မူ၏။ ကိုယ်တော်အားဖြင့်ဘုရား သခင်သည် ငါတို့ကိုမိမိနှင့်မှန်ကန်စွာဆက် သွယ်စေတော်မူ၍ ငါတို့သည်ဘုရားသခင်၏ လူစုတော်ဖြစ်လျက်လွတ်မြောက်ခွင့်ကိုရရှိ ကြ၏။-
ဘုရားသခင်သည်ယုံကြည်ခြင်းကိုထောက်၍ လူမျိုးခြားတို့ကို မိမိနှင့်မှန်ကန်စွာဆက်ဆံ စေတော်မူမည်ဖြစ်ကြောင်း ကျမ်းစာတော်တွင် ကြိုတင်ဟော၏။ ကျမ်းစာတော်က ``လူမျိုး အပေါင်းတို့သည် သင့်အားဖြင့်ကောင်းချီး မင်္ဂလာခံစားရကြလိမ့်မည်'' ဟုအာဗြဟံ အားသတင်းကောင်းကိုကြေညာသည်။-
ယေရှုခရစ်၏အစေခံနှင့်တမန်တော်ဖြစ်သူ ရှိမုန်ပေတရုထံမှ ငါတို့ဘုရားသခင်နှင့် ကယ်တင်ရှင်ဖြစ်တော်မူသောယေရှုခရစ်၏ ဖြောင့်မတ်ခြင်းတရားကြောင့် ငါတို့ခံယူရသည့် ယုံကြည်ခြင်းကဲ့သို့အဖိုးထိုက်သည့်ယုံကြည် ခြင်းကိုရရှိကြကုန်သောသူတို့ထံသို့ စာရေးလိုက်သည်။