သူ၏မျက်နှာတံခါးကို အဘယ်သူဖွင့်လိမ့်မည်နည်း။ သူ၏ သွားတန်းတို့သည် ကြောက်မက်ဘွယ် ဖြစ်ကြ၏။
ဆာလံ 57:4 - Common Language Bible ရန်သူများသည်လူသားကိုစားသည့်ခြင်္သေ့များ သဖွယ် ငါ့ကိုဝိုင်းရံထား၏။ သူတို့၏သွားများသည်လှံများ၊မြားများ နှင့်တူ၏။ သူတို့၏လျှာများသည်သန်လျက်ကဲ့သို့ ထက်၏။ Garrad Bible ငါ့ အ သက် သည် ခြင်္သေ့ ဘောင် တွင် ရှိ လျက်၊ ဒေါ သ မီး တောက် သော လူ့ သား တို့ တွင် ငါ အိပ် ရ၏။ သူ တို့ အ စွယ် သည် လှံ နှင့် မြှား၊ လျှာ လည်း ထက် သော သန် လျက် ဖြစ် ၏။ Judson Bible ငါ့ဝိညာဉ်သည် ခြင်္သေ့စုထဲမှာနေရ၏။ ဒေါသမီးလောင်လျက်ရှိသော လူသားတို့တွင် ငါအိပ်ရ၏။ သူတို့သွားတို့သည် လှံနှင့်မြား ဖြစ်ကြ၏။ သူတို့လျှာသည်လည်း ထက်သောသန်လျက်ဖြစ်၏။ မြန်မာ့စံမီသမ္မာကျမ်း ငါ၏စိတ်ဝိညာဉ်သည် ခြင်္သေ့တို့အလယ်၌ရှိ၏။ အငမ်းမရဝါးမျိုတတ်သည့် လူသားတို့အလယ်၌ ငါလဲလျောင်းနေ၏။ သူတို့၏သွားသည် လှံနှင့်မြားကဲ့သို့ဖြစ်၏။ သူတို့၏လျှာသည်လည်း ထက်သောဓားကဲ့သို့ဖြစ်၏။ |
သူ၏မျက်နှာတံခါးကို အဘယ်သူဖွင့်လိမ့်မည်နည်း။ သူ၏ သွားတန်းတို့သည် ကြောက်မက်ဘွယ် ဖြစ်ကြ၏။
သူသည်သားကောင်ကိုဖမ်းဆီးရန်သားရဲတွင်း၌ ချောင်းမြောင်းနေသောခြင်္သေ့ကဲ့သို့ဝပ်၍နေ တတ်၏။ သူသည်ဆင်းရဲသူများကိုချောင်းမြောင်း၍ မိမိပိုက်ကွန်တွင်ဖမ်းဆီးပြီးလျှင်ဆွဲယူ သွားတတ်၏။
အို ထာဝရဘုရား၊ ကိုယ်တော်ရှင်သည်အဘယ်ကာလတိုင်အောင် ကြည့်၍နေတော်မူပါမည်နည်း။ သူတို့၏တိုက်ခိုက်မှုများမှကျွန်တော်မျိုးအား ကယ်နုတ်တော်မူပါ။ ဤခြင်္သေ့တို့၏ဘေးမှကျွန်တော်မျိုး၏အသက်ကို ကယ်တော်မူပါ။
ကိုယ်တော်ရှင်၏အလင်းတော်နှင့် သစ္စာတရားတော်ကိုစေလွှတ်၍ ကျွန်တော်မျိုးအားကိုယ်တော်ရှင်၏သန့်ရှင်း မြင့်မြတ်သည့်ဇိအုန်တောင် သို့လည်းကောင်း၊ ကိုယ်တော်ကိန်းဝပ်ရာဗိမာန်တော်သို့လည်းကောင်း ပြန်၍ပို့ဆောင်စေတော်မူပါ။
သင်သည်သူတစ်ပါးပျက်စီးရာပျက်စီးကြောင်းကို ကြံစည်တတ်၏။ သင်၏လျှာသည်သင်တုန်းဋ္ဌားကဲ့သို့ထက်မြက်၏။ သင်သည်မဟုတ်မမှန်သည့်စကားကိုအစဉ်ပင် လုပ်ကြံပြောဆိုတတ်၏။
သူ၏စကားတို့သည်ထောပတ်ထက်ပင် ချောမွတ်သော်လည်း သူ၏စိတ်နှလုံးထဲ၌မူကား မုန်းတီးတတ်သောသဘောရှိ၏။ သူ၏စကားတို့သည်ဆီကဲ့သို့ပျော့ပျောင်း သော်လည်း ထက်သောဋ္ဌားကဲ့သို့ထိခိုက်နာကြင်စေတတ်၏။
အို ဘုရားသခင်၊ ဤရက်စက်ကြမ်းကြုတ်သောခြင်္သေ့၏အစွယ် များကို ချိုးတော်မူပါ။
သူတို့စော်ကားပြောဆိုခြိမ်းခြောက်သည်ကို ကြားတော်မူပါ။ သူတို့၏လျှာသည်ဋ္ဌားသဖွယ်ဖြစ်ပါ၏။ သို့သော်လည်းသူတို့က``ငါတို့စကားကို အဘယ်သူ ကြားပါမည်နည်း'' ဟုဆိုကြပါ၏။
သူတို့သည်မိမိတို့၏လျှာကိုဋ္ဌားသဖွယ် သွေးကြပါ၏။ သနားကြင်နာခြင်းကင်းမဲ့သောစကား များဖြစ်သော မြားများကိုချိန်ရွယ်ကြ၏။
သန်လျက်နှင့်ထိုးသကဲ့သို့ စကားပြောတတ် သော လူတချို့ရှိ၏။ ပညာရှိတို့၏ လျှာမူကား အနာကို ပင် ပျောက်စေတတ်၏။
ဆင်းရဲသောသူတို့ကို မြေကြီးပေါ်က၎င်း၊ ငတ်မွတ်သောသူတို့ကို လူစုထဲက၎င်း၊ ကိုက်စားပယ်ရှင်း စရာဘို့ သန်လျက်နှင့်တူသောသွား၊ ထားနှင့်တူသော အံနှင့် ပြည့်စုံသော လူတမျိုးရှိ၏။
လျှာသည်မီးနှင့်တူ၍အပြစ်ဒုစရိုက်ဖြင့် ပြည့်ဝသောကမ္ဘာဖြစ်၏။ ယင်းသည်ကိုယ်အင်္ဂါ အစိတ်အပိုင်းတစ်ခုအဖြစ်ဖြင့်တည်ရှိကာ၊ ငါတို့၏ကိုယ်ခန္ဓာတစ်ခုလုံးသို့အပြစ်ဒုစရိုက် ကူးစက်ပျံ့နှံ့စေလေသည်။ လျှာသည်ငရဲမှ ရရှိသည့်မီးဖြင့်ငါတို့၏ဘဝတစ်ခု လုံးကိုကျွမ်းလောင်စေတတ်၏။-
လူမျိုးတကာတို့ကိုနှိမ်နင်းရန်အတွက်ကိုယ် တော်၏ခံတွင်းမှထက်သောသန်လျက်ထွက်၏။ ကိုယ်တော်သည်ထိုသူတို့ကိုသံလှံတံဖြင့် အုပ်စိုးတော်မူလိမ့်မည်။ အနန္တတန်ခိုးရှင်ဘုရား သခင်၏အမျက်တော်တည်းဟူသောစပျစ် သီးနယ်ရာကျင်းတွင်စပျစ်ရည်များကို နင်းတော်မူလိမ့်မည်။-
သို့ရာတွင်အကယ်၍ဤအမှုသည်မရိုး မဖြောင့်လျှင်မူကား အဘိမလက်ထံမှ မီးလျှံထွက်၍ရှေခင်မြို့နှင့်ဗေသမိလ္လောမြို့ ရှိလူတို့အားကျွမ်းလောင်ပါစေသော။ ရှေခင် မြို့နှင့်ဗေသမိလ္လောမြို့ရှိလူတို့ထံမှလည်း မီးလျှံထွက်၍အဘိမလက်အားကျွမ်း လောင်ပါစေသော။''