ဆာလံ 57:5 - Common Language Bible5 အို ဘုရားသခင်၊ ကိုယ်တော်ရှင်၏ကြီးမြတ်တော်မူပုံကို မိုးကောင်းကင်တွင်လည်းကောင်း၊ ကိုယ်တော်ရှင်၏ဘုန်းအသရေတော်ကို ကမ္ဘာတစ်ဝန်းလုံးတွင်လည်းကောင်းပေါ်လွင်ထင်ရှား စေတော်မူပါ။ အခန်းကိုကြည့်ပါ။Garrad Bible5 အို ဘု ရား သ ခင်၊ မိုး ကောင်း ကင် ထက်၊ ချီး မြှင့် ခြင်း ခံ လျက်၊ မြေ ကြီး တစ် ပြင် လုံး ထက်၊ ဘုန်း တော် ထင် ပေါ် ပါ စေ သော။ အခန်းကိုကြည့်ပါ။Judson Bible5 အိုဘုရားသခင်၊ ကောင်းကင်မြင့်သည်ထက် ကိုယ်တော်ကြီးမြင့်တော်မူစေသတည်း။ မြေကြီးတစ်ပြင်လုံးကို ဘုန်းတော် လွှမ်းမိုးပါစေသတည်း။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း5 အို ဘုရားသခင်၊ ကိုယ်တော်သည် ကောင်းကင်အထက်၌ချီးမြှောက်ခြင်းရှိပါစေသော။ ကိုယ်တော်၏ဘုန်းအသရေတော်သည် ကမ္ဘာမြေတစ်ခွင်လုံးကို လွှမ်းမိုးပါစေသော။ အခန်းကိုကြည့်ပါ။ |
အို ကျွန်တော်မျိုးတို့၏ဘုရားသခင်ထာ ဝရဘုရား၊ ယခုပင်ကျွန်တော်မျိုးတို့အား အာရှုရိအမျိုးသားတို့၏လက်မှကယ်တော် မူပါ။ သို့မှသာလျှင်ကိုယ်တော်ရှင်တစ်ပါး တည်းသာလျှင် ဘုရားသခင်ဖြစ်တော်မူကြောင်း ကမ္ဘာပေါ်ရှိလူမျိုးအပေါင်းတို့သိရှိကြပါ လိမ့်မည်'' ဟုဆုတောင်းပတ္ထနာပြုတော်မူ၏။
ထာဝရဘုရားအားထောမနာပြုကြလော့။ ကူမတော်မူရန်တောင်းလျှောက်ကြလော့။ ကိုယ်တော်ပြုတော်မူသောအမှုတော်တို့ကို လူမျိုးတကာတို့အားပြောကြားကြလော့။ ကိုယ်တော်၏ကြီးမြတ်တော်မူပုံကို သူတို့အားပြောကြားကြလော့'' ဟု လူတို့သီဆိုကူးဧမည့်အချိန်ကာလ ကျရောက်လာလိမ့်မည်။
ဒါဝိဒ်မင်းသည်လူထုတစ်ရပ်လုံးအား``ငါ့ သားရှောလမုန်သည်ဘုရားသခင်ရွေးချယ် တော်မူသောသူဖြစ်၏။ သို့သော်လည်းအသက် အရွယ်ငယ်၍အတွေ့အကြုံမရှိသေးသူ ဖြစ်၏။ သူပြုရမည့်အမှုကားအလွန်ကြီး မားလှပေသည်။ အဘယ်ကြောင့်ဆိုသော် ယခုတည်ဆောက်ရမည်မှာလူတို့အတွက် နန်းတော်မဟုတ်ဘဲ ဘုရားသခင်ထာဝရ ဘုရားအတွက်ဗိမာန်တော်ဖြစ်သော ကြောင့်တည်း။-