မသန့်ရှင်းသောအရာထဲက သန့်ရှင်းသောအရာကို အဘယ်သူ ထုတ်ဘော်နိုင်သနည်း။ အဘယ်သူမျှ မထုတ်မဘော်နိုင်ပါ။
ဆာလံ 51:7 - Common Language Bible ကျွန်တော်မျိုး၏အပြစ်ကိုဖယ်ရှားတော်မူပါ။ သို့ပြုလျှင်ကျွန်တော်မျိုးသည်သန့်စင်ပါလိမ့်မည်။ ကျွန်တော်မျိုးအားဆေးကြောတော်မူပါ။ သို့ပြုလျှင်ကျွန်တော်မျိုးသည်မိုးပွင့်ထက်ပင် ပို၍ဖြူပါလိမ့်မည်။ Garrad Bible ဟုဿုပ် ညွန့် နှင့် အ ကျွန်ုပ် ကို သုတ် သင် တော် မူ ပါ။ စင် ကြယ် ပါ လိမ့် မည်။ ဆေး ကြော တော် မူ ပါ။ မိုး ပွင့် ထက် ဖြူ စင် ပါ လိမ့် မည်။ Judson Bible အကျွန်ုပ်ကို စင်ကြယ်စေခြင်းငှာ၊ ဟုဿုပ်ပင်ညွန့်နှင့် သန့်ရှင်းခြင်းမင်္ဂလာကို ပေးတော်မူပါ။ အကျွန်ုပ်ကို မိုးပွင့်ထက်သာ၍ ဖြူစေခြင်းငှာ ဆေးကြောတော်မူပါ။ မြန်မာ့စံမီသမ္မာကျမ်း အကျွန်ုပ်ကို ဟုဿုပ်ခက်ဖြင့် သန့်စင်စေတော်မူပါ။ ထိုအခါ အကျွန်ုပ်သည် စင်ကြယ်ပါလိမ့်မည်။ အကျွန်ုပ်ကိုဆေးကြောတော်မူပါ။ ထိုအခါ အကျွန်ုပ်သည် နှင်းပွင့်ထက် ပို၍ဖြူပါလိမ့်မည်။ |
မသန့်ရှင်းသောအရာထဲက သန့်ရှင်းသောအရာကို အဘယ်သူ ထုတ်ဘော်နိုင်သနည်း။ အဘယ်သူမျှ မထုတ်မဘော်နိုင်ပါ။
သူတို့သည်အဆိပ်ရှိသည့်မြွေများနှင့်တူ ကြ၏။ နားပင်းသည့်မြွေဟောက်သည်အလမ္ပာယ် ဆရာ၏ အသံကိုသော်လည်းကောင်း၊ကျင်လည်သော မျက်လှည့်ဆရာ၏မန္တန်ကိုသော်လည်းကောင်း မကြားရ။ သူတို့သည်နားပင်းသည့်မြွေဟောက်နည်းတူ မိမိတို့၏နားများကိုပိတ်ထားကြ၏။
ထိုနောက်ဟုဿုပ်ညွန့်တစ်စည်းကိုယူ၍အင်တုံ ထဲရှိသိုး၏သွေး၌နှစ်ပြီးလျှင် တံခါးထုပ်နှင့် တံခါးတိုင်နှစ်တိုင်တို့ကိုသုတ်ရမည်။ နံနက် ချိန်သို့ရောက်သည့်တိုင်အောင်မည်သူမျှမိမိ အိမ်အပြင်သို့မထွက်ရ။-
ထာဝရဘုရားက``သင်တို့၏အမှုကို ယခုစဉ်းစားဆုံးဖြတ်ကြပါစို့။ သင်တို့သည်အပြစ်သွေးစွန်းလျက်ရှိကြ၏။ သို့ရာတွင်ငါသည်သင်တို့အားမိုးပွင့်ကဲ့သို့ဖြူစင်အောင် ဆေးကြောတော်မူမည်။ သင်တို့သည်အပြစ်သွေးဖြင့်နီမြန်းလျက်နေသော်လည်း ဝါဂွမ်းကဲ့သို့ဖြူဖွေး၍လာလိမ့်မည်။-
ပေတရုက ``သခင်၊ အကျွန်ုပ်၏ခြေကို သာမကလက်နှင့်ဦးခေါင်းကိုလည်းဆေး တော်မူပါ'' ဟုလျှောက်၏။
မောရှေသည်ပညတ်တရားတော်တွင်ပါရှိသည့် ပညတ်ရှိသမျှတို့ကိုလူအပေါင်းတို့အား ကြေညာပြီးသောအခါ သိုးမွေးနီနှင့်ဟုဿုတ် ပင်ခက်ကိုအသုံးပြုကာရေနှင့်ရောသောနွား သွေး၊ ဆိတ်သွေးဖြင့်ပညတ်ကျမ်းစာလိပ်ကို လည်းကောင်း၊ လူအပေါင်းတို့ကိုလည်းကောင်း ပက်ဖျန်းလေသည်။-
သို့ရာတွင်ကိုယ်တော်သည်အလင်းတွင်ရှိတော် မူသကဲ့သို့ ငါတို့သည်အလင်းတွင်ကျင်လည် ကြပါမူ အချင်းချင်းတစ်ယောက်နှင့်တစ်ယောက် မိတ်သဟာယဖွဲ့ခြင်းရှိကြ၏။ ဘုရားသခင် ၏သားတော်သခင်ယေရှု၏သွေးတော်သည် လည်းငါတို့၏အပြစ်ရှိသမျှကိုဆေးကြော စင်ကြယ်စေတော်မူလိမ့်မည်။
သစ္စာရှိစွာသက်သေခံတော်မူထသော၊ သေ ခြင်းမှဦးစွာပထမရှင်ပြန်ထမြောက်တော် မူထသော၊ လောကီဘုရင်တို့ကိုအစိုးရ တော်မူထသောယေရှုခရစ်ထံတော်မှလည်း ကောင်း ကျေးဇူးတော်နှင့်ငြိမ်သက်ခြင်းကို သင်တို့ခံစားရကြပါစေသတည်း။ ငါတို့ကိုချစ်တော်မူ၍အသက်တော်ကိုစွန့် တော်မူခြင်းအားဖြင့် ငါတို့အားအပြစ်၏ အနှောင်အဖွဲ့မှလွတ်မြောက်စေတော်မူပြီး လျှင်၊-