နံနက်ကြယ်တို့သည် တညီတညွတ်တည်း သီချင်းဆို၍၊ ဘုရားသခင်သားအပေါင်းတို့သည် ဝမ်း မြောက်သဖြင့်၊ ကြွေးကြော်ကြစဉ်၊ တိုက်ထောင့်အထွဋ် ကျောက်ကို အဘယ်သူတင်ထားသနည်း။
ဆာလံ 5:11 - Common Language Bible သို့ရာတွင်ကိုယ်တော်ရှင်ထံတော်တွင်လုံခြုံစွာ ခိုလှုံကြသောသူအပေါင်းတို့သည် ဝမ်းမြောက်ရွှင်လန်းရကြပါလိမ့်မည်။ သူတို့သည်ဝမ်းမြောက်သဖြင့်အစဉ် သီချင်းဆိုကြပါလိမ့်မည်။ ကိုယ်တော်ရှင်သည်မိမိအားချစ်သူတို့ကို ကွယ်ကာစောင့်ထိန်းတော်မူပါ၏။ ကိုယ်တော်ရှင်ကြောင့်သူတို့သည်အကယ်ပင် ဝမ်းမြောက်ရကြပါ၏။ Garrad Bible သို့ မှ ကိုယ် တော်၌ ခို လှုံ သူ တို့ သည်၊ ကွယ် ကာ တော် မူ မည် ဖြစ်၍၊ ကာ လ အ စဉ် ရွှင် လန်း စွာ ကြွေး ကြော် ကြ ပါ မည်။ နာ မ တော် ကို ချစ် ခင် ကြည် ညို သူ တို့ လည်း ကိုယ် တော် ကြောင့် အား ရ ကြ ပါ မည်။ Judson Bible ကိုယ်တော်ကို ကိုးစားသောသူတို့မူကား၊ ဝမ်းမြောက်ကြပါစေသော။ စောင့်ရှောက်တော်မူခြင်းကိုခံရ၍ ဝမ်းမြောက်သည်နှင့် ကြွေးကြော်ကြပါစေသော။ နာမတော်ကိုချစ်သောသူတို့သည် ကိုယ်တော်ကြောင့် ဝမ်းသာရွှင်လန်းခြင်း ရှိကြပါစေသော။ မြန်မာ့စံမီသမ္မာကျမ်း သို့သော် ကိုယ်တော်ကိုခိုလှုံသောသူအပေါင်းတို့သည် ဝမ်းမြောက်ကြပါစေသော။ အစဉ်အမြဲရွှင်လန်းစွာကြွေးကြော်ကြပါစေသော။ ကိုယ်တော်သည် သူတို့ကို အုပ်မိုးကွယ်ကာတော်မူသည်ဖြစ်၍ နာမတော်ကိုမြတ်နိုးသောသူတို့သည် ကိုယ်တော်၌ ရွှင်လန်းကြပါစေသော။ |
နံနက်ကြယ်တို့သည် တညီတညွတ်တည်း သီချင်းဆို၍၊ ဘုရားသခင်သားအပေါင်းတို့သည် ဝမ်း မြောက်သဖြင့်၊ ကြွေးကြော်ကြစဉ်၊ တိုက်ထောင့်အထွဋ် ကျောက်ကို အဘယ်သူတင်ထားသနည်း။
တုန်လှုပ်လျက်ရှေ့တော်တွင်ဦးညွှတ်ပျပ်ဝပ်ကြလော့။ ယင်းသို့မပြုပါမူကိုယ်တော်သည် အမျက်တော်ထွက်တော်မူသဖြင့် သင်တို့သည်မုချသေကြေပျက်စီးကြလိမ့်မည်။ ကိုယ်တော်ထံတော်သို့ချဉ်းကပ်ခိုလှုံသူ အပေါင်းတို့သည်မင်္ဂလာရှိကြ၏။
ကျွန်တော်မျိုးအားလွတ်ငြိမ်းချမ်းသာခွင့် ရစေလိုသော သူတို့သည်ရွှင်လန်းဝမ်းမြောက်စွာဖြင့် ``ထာဝရဘုရားသည်ကြီးမြတ်တော်မူ၏။ ကိုယ်တော်၏အစေခံကောင်းစားသည်ကို အားရနှစ်သက်တော်မူ၏'' ဟုအဖန်တလဲလဲ ကြွေးကြော်ကြပါစေသော။
ကိုယ်တော်ရှင်၏ထံတော်သို့ချဉ်းကပ်ကြသူ အပေါင်းတို့သည်ဝမ်းမြောက်ရွှင်လန်းကြပါစေသော။ ကိုယ်တော်ရှင်၏ကယ်တင်ခြင်းကျေးဇူးအတွက် ကျေးဇူးတော်ကိုချီးမွမ်းကြသူအပေါင်းတို့ သည် ``ထာဝရဘုရားသည်အလွန်ကြီးမြတ်တော်မူ ပါပေသည်'' ဟု အစဉ်မပြတ်ချီးကူးနိုင်ကြပါစေသော။
သူတော်ကောင်းတို့သည်အပြစ်ကူးသူများ အပြစ်ဒဏ်သင့်ကြသည်ကိုမြင်သောအခါ ဝမ်းမြောက်ကြလိမ့်မည်။ သူတို့သည်သူယုတ်မာတို့၏သွေးအိုင်တွင် ခြေဆေးကြလိမ့်မည်။
ကွင်းပြင်တို့သည်သိုးများနှင့်ပြည့်နှက်လျက်ရှိပါ၏။ ချိုင့်ဝှမ်းတို့သည်ဂျုံပင်များနှင့်ဖုံးလွှမ်းလျက်ရှိပါ၏။ အရာခပ်သိမ်းတို့သည်ရွှင်လန်းစွာအော်ဟစ်၍ သီချင်းဆိုလျက်ရှိကြပါ၏။
သူတော်ကောင်းတို့မူကားကိုယ်တော်၏ရှေ့တော်တွင် ဝမ်းမြောက်ရွှင်လန်းကြ၏။ သူတို့သည်အလွန်ပင်ပျော်ရွှင်ကြ၍ ဝမ်းမြောက်စွာကြွေးကြော်ကြ၏။
ကိုယ်တော့်အစေခံများ၏သားမြေးတို့သည် တိုင်းပြည်ကိုအမွေခံရလိမ့်မည်။ ကိုယ်တော်အားချစ်သောသူတို့သည်ထိုပြည်တွင် နေထိုင်ကြရလိမ့်မည်။
ဇိအုန်မြို့သူ၊မြို့သားအပေါင်းတို့၊ အားရ ရွှင်မြူး ကြလော့။ အားရရွှင်မြူးကြလော့။ အချင်းယေရုရှလင်မြို့သူ၊မြို့သားတို့၊ ဝမ်းမြောက်စွာကြွေးကြော်ကြလော့။ ကြည့်ကြ။ သင်တို့၏ဘုရင်ကြွလာတော်မူပြီ။ ထိုအရှင်သည်အောင်ပွဲခံ၍ကယ်တင်တော် မူရန် ကြွလာသည်ဖြစ်သော်လည်း စိတ်နှလုံးနှိမ့်ချလျက်မြည်းမ၏သား မြည်းကလေးကိုစီး၍လာ၏။
ဘုရားသခင်အားချစ်မြတ်နိုး၍ကိုယ်တော် ၏အကြံတော်နှင့်အညီ ခေါ်ယူရွေးကောက်ခြင်း ကိုခံရသောသူတို့တွေ့ကြုံခံစားရသော အမှုခပ်သိမ်းတို့မှ အကျိုးပေါ်ထွက်လာစေ ရန်ကိုယ်တော်သည်သူတို့နှင့်အတူလုပ်ဆောင် တော်မူကြောင်းငါတို့သိကြ၏။-
သို့သော်လည်းကျမ်းစာလာသည်အတိုင်း၊ ``ဘုရားသခင်သည်အဘယ်သူမျှမမြင်မကြား စဖူး၊ ဖြစ်နိုင်လိမ့်မည်ဟု အဘယ်သူမျှမထင်မမှတ်ဘူးသည့်၊အမှုအရာကို မိမိအားချစ်သောသူတို့အဖို့ပြင်ဆင်ထားတော် မူ၏။''
စုံစမ်းနှောင့်ယှက်ခြင်းကိုကြံ့ကြံ့ခံနိုင်သော သူသည်မင်္ဂလာရှိ၏။ အဘယ်ကြောင့်ဆိုသော် ထိုသူသည်ယင်းသို့ခံနိုင်သည်ရှိသော် ဘုရား သခင်ကိုချစ်သောသူတို့အားကိုယ်တော်ကတိ ထားတော်မူသည့်အသက်တည်းဟူသောဆု ကိုရရှိမည်ဖြစ်သောကြောင့်တည်း။-
ချစ်သောညီအစ်ကိုတို့၊ နားထောင်ကြလော့။ ယုံကြည်ခြင်း၌ကြွယ်ဝသူများဖြစ်ကြ စေရန်ကိုယ်တော်ကိုချစ်သောသူတို့အတွက် ကတိထားတော်မူသောနိုင်ငံတော်ကိုဆက်ခံ သူများဖြစ်ကြစေရန် ကိုယ်တော်သည်လောက တွင်ဆင်းရဲသူတို့အားရွေးချယ်တော်မူသည် မဟုတ်လော။-
ကောင်းကင်ဘုံသားတို့၊ ထိုမြို့ပျက်စီးသည့် အတွက်ဝမ်းမြောက်ရွှင်မြှုးကြလော့။ ဘုရား သခင်၏လူစုတော်ဝင်များ၊ တမန်တော်များ၊ ပရောဖက်များတို့၊ ဝမ်းမြောက်ရွှင်မြူးကြလော့။ သင်တို့အားပြုသမျှအတွက်ဘုရားသခင် သည်ထိုမြို့ကိုအပြစ်ဒဏ်စီရင်တော်မူပြီ။
အို ထာဝရဘုရားကိုယ်တော်၏ရန်သူ အပေါင်းတို့သည် ဤနည်းအတိုင်းပင်ဆုံးရှုံးပျက်စီးကြပါ စေသော။ သို့ရာတွင်ကိုယ်တော်၏မိတ်ဆွေများမှာမူကား တက်သစ်နေကဲ့သို့ထွန်းလင်းတောက်ပ ကြပါစေသော။ ထိုနောက်ခါနာန်ပြည်တွင်အနှစ်လေးဆယ် တိုင်တိုင်ငြိမ်းချမ်းသာယာလျက်နေသတည်း။