Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ဆာ​လံ 68:3 - Common Language Bible

3 သူ​တော်​ကောင်း​တို့​မူ​ကား​ကိုယ်​တော်​၏​ရှေ့​တော်​တွင် ဝမ်း​မြောက်​ရွှင်​လန်း​ကြ​၏။ သူ​တို့​သည်​အ​လွန်​ပင်​ပျော်​ရွှင်​ကြ​၍ ဝမ်း​မြောက်​စွာ​ကြွေး​ကြော်​ကြ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

3 ဖြောင့် မတ် သူ တို့ မူ ကား၊ ဘု ရား သ ခင့် ရှေ့ တော် ၌၊ ရွှင် လန်း အား ရ ဝမ်း မြောက် ရ ကြ ပါ ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

3 ဖြောင့်​မတ်​သော သူ​တို့​သည် ဝမ်း​မြောက်၍၊ ဘု​ရား​သ​ခင့်​ရှေ့​တော်​မှာ ရွှင်​လန်း​သော​စိတ်​နှင့် အ​လွန် ဝမ်း​မြောက်​ဝမ်း​သာ ကြ​ပါ​စေ​သော။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

3 သို့သော် ဖြောင့်မတ်​သော​သူ​တို့​သည် ဝမ်းမြောက်​၍ ဘုရားသခင်​၏​ရှေ့​တော်​၌​ရွှင်လန်း​ကြ​လိမ့်မည်​။ သူ​တို့​သည် ဝမ်းမြောက်​ခြင်း​ဖြင့် ရွှင်မြူး​ကြ​လိမ့်မည်​။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဆာ​လံ 68:3
16 ပူးပေါင်းရင်းမြစ်များ  

အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​ရှင်​သည်​မင်း​ကြီး​အား​ခွန်​အား​စွမ်း ရည်​ကို ပေး​တော်​မူ​သ​ဖြင့်​သူ​သည်​ဝမ်း​မြောက်​ပါ​၏။ ကိုယ်​တော်​ရှင်​သည်​စစ်​ပွဲ​ကို​အောင်​စေ​တော်​မူ သ​ဖြင့် သူ​သည်​အ​လွန်​အား​ရ​ရွှင်​လန်း​ပါ​၏။


အို သူ​တော်​ကောင်း​အ​ပေါင်း​တို့၊ ထာ​ဝ​ရ​ဘု​ရား​ပြု​တော်​မူ​သော​အ​မှု​တော် အ​တွက် ဝမ်း​မြောက်​ရွှင်​မြူး​ကြ​လော့။ ကိုယ်​တော်​၏​စ​ကား​ကို​နား​ထောင်​သူ​အ​ပေါင်း​တို့၊ ရွှင်​လန်း​စွာ​ကြွေး​ကြော်​ကြ​လော့။


သူ​ယုတ်​မာ​တို့​မူ​ကား​သေ​ကြ​လိမ့်​မည်။ ထာ​ဝ​ရ​ဘု​ရား​အား​ရန်​ဘက်​ပြု​သူ​တို့​သည် တော​ပန်း​များ​ကဲ့​သို့​ပျောက်​ကွယ်​ကြ​လိမ့်​မည်။ မီး​ခိုး​ကဲ့​သို့​လွင့်​ပျောက်​ကြ​လိမ့်​မည်။


ထို​အ​ခါ အို ဘု​ရား​သ​ခင်၊ကျွန်​တော်​မျိုး​သည် ယဇ်​ပလ္လင်​တော်​သို့​ချဉ်း​ကပ်​ပါ​မည်။ ကျွန်​တော်​မျိုး​သည်​အ​ထံ​တော်​မှ​ရွှင်​လန်း ဝမ်း​မြောက်​ခြင်း​ကို​ခံ​ယူ​ရ​ရှိ​ပါ​၏။ အို ဘု​ရား​သ​ခင်၊ ကျွန်​တော်​မျိုး​၏​ဘု​ရား၊ကိုယ်​တော်​အား စောင်း​တီး​လျက်​ချီး​မွမ်း​ထော​မ​နာ​ပြု​ပါ​မည်။


သူ​တော်​ကောင်း​တို့​သည်​အ​ပြစ်​ကူး​သူ​များ အ​ပြစ်​ဒဏ်​သင့်​ကြ​သည်​ကို​မြင်​သော​အ​ခါ ဝမ်း​မြောက်​ကြ​လိမ့်​မည်။ သူ​တို့​သည်​သူ​ယုတ်​မာ​တို့​၏​သွေး​အိုင်​တွင် ခြေ​ဆေး​ကြ​လိမ့်​မည်။


ထာ​ဝ​ရ​ဘု​ရား​ပြု​တော်​မူ​သော​အ​မှု​တော်​ကြောင့် သူ​တော်​ကောင်း​အ​ပေါင်း​တို့​သည်​ရွှင်​လန်း ဝမ်း​မြောက်​ကြ​လိမ့်​မည်။ သူ​တို့​သည်​ထာ​ဝ​ရ​ဘု​ရား​၏​ထံ​တော်​တွင် ခို​လှုံ​ကြ​လိမ့်​မည်။ စိတ်​နှ​လုံး​ဖြူ​စင်​ဖြောင့်​မတ်​သူ​အ​ပေါင်း​တို့​သည် ကိုယ်​တော်​အား​ထော​မ​နာ​ပြု​ကြ​လိမ့်​မည်။


ငါ​ဤ​သို့​အ​မိန့်​ရှိ​၏။ သူ​ယုတ်​မာ​တို့​အား​မ​ကြွား​မ​ဝါ​ကြ​နှင့်။


အို သူ​တော်​ကောင်း​အ​ပေါင်း​တို့၊ ထာ​ဝ​ရ​ဘု​ရား​ပြု​တော်​မူ​သော​အ​မှု​တော် ကြောင့် ရွှင်​လန်း​ဝမ်း​မြောက်​ကြ​လော့။ သန့်​ရှင်း​မြင့်​မြတ်​တော်​မူ​သော​ဘု​ရား ပြု​တော်​မူ​ခဲ့​သည့် အ​မှု​တော်​ကို​အောက်​မေ့​သ​တိ​ရ​လျက် ကျေး​ဇူး​တော်​ကို​ချီး​မွမ်း​ကြ​လော့။


ထို​နောက်​သင်​တို့​၏​သား​သမီး​များ၊ ကျေး​ကျွန် များ၊ သင်​တို့​၏​မြို့​များ​တွင်​နေ​ထိုင်​သော​လေဝိ အ​မျိုး​သား​များ​နှင့်​အ​တူ ကိုယ်​တော်​၏​ရှေ့ တော်​၌​ဝမ်း​မြောက်​ကြ​လော့။ လေဝိ​အ​မျိုး သား​တို့​တွင်​ကိုယ်​ပိုင်​မြေ​ရှိ​ကြ​မည်​မ​ဟုတ် ကြောင်း​သ​တိ​ရ​ကြ​လော့။-


အ​စဉ်​မ​ပြတ်​ရွှင်​လန်း​ဝမ်း​မြောက်​ကြ​လော့။-


သင်​တို့​သည်​ခ​ရစ်​တော်​ကို​မ​မြင်​ဘူး​သော် လည်း​ချစ်​ကြ​၏။ ယ​ခု​မ​တွေ့​မ​မြင်​ရ​သော် လည်း​သင်​တို့​သည်​ကိုယ်​တော်​ကို​ယုံ​ကြည် ကြ​၏။ သို့​ဖြစ်​၍​သင်​တို့​သည်​နှုတ်​ဖြင့်​မ​ဖော် ပြ​နိုင်​အောင်​လွန်​စွာ​ဘုန်း​ကြီး​သော​ရွှင်​လန်း ဝမ်း​မြောက်​ခြင်း​ရှိ​ကြ​၏။-


ကောင်း​ကင်​ဘုံ​သား​တို့၊ ထို​မြို့​ပျက်​စီး​သည့် အ​တွက်​ဝမ်း​မြောက်​ရွှင်​မြှုး​ကြ​လော့။ ဘု​ရား သ​ခင်​၏​လူ​စု​တော်​ဝင်​များ၊ တ​မန်​တော်​များ၊ ပ​ရော​ဖက်​များ​တို့၊ ဝမ်း​မြောက်​ရွှင်​မြူး​ကြ​လော့။ သင်​တို့​အား​ပြု​သ​မျှ​အ​တွက်​ဘု​ရား​သ​ခင် သည်​ထို​မြို့​ကို​အ​ပြစ်​ဒဏ်​စီ​ရင်​တော်​မူ​ပြီ။


သိုး​သူ​ငယ်​တော်​၏​ထိမ်း​မြား​မင်္ဂလာ​ပွဲ​အ​ခါ ကျ​ရောက်​ပြီ​ဖြစ်​၍​ငါ​တို့​သည်​ရွှင်​လန်း​ဝမ်း မြောက်​လျက် ဘုန်း​အ​သ​ရေ​တော်​ကို​ချီး​မွမ်း ကြ​ကုန်​အံ့။ ကိုယ်​တော်​၏​မင်္ဂ​လာ​ဆောင်​သ​တို့ သ​မီး​သည်​မိ​မိ​ကိုယ်​ကို​အ​သင့်​ပြင်​ဆင် ထား​လေ​ပြီ။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ