ဘုရားသခင်သည် ငါ့ကိုလေးနှင့်ပစ်၍ ညှဉ်းဆဲ တော်မူသောကြောင့်၊ သူတို့သည် ငါ့ရှေ့မှာ ဇက်ကြိုးကို လွှတ်တတ်ကြ၏။
ဆာလံ 32:9 - Common Language Bible သင်သည်ဇက်နှင့်ဇက်ကြိုးဖြင့်ထိန်းရသော မြင်းသို့မဟုတ်လားကဲ့သို့ဉာဏ်မတုံးနှင့်'' ဟု မိန့်တော်မူ၏။ Garrad Bible ဇက် နှင့် ဇက် ကြိုး တပ်၍ မ ချုပ် တည်း လျှင်၊ မ ချဉ်း မ လာ သော မြင်း လား ကဲ့ သို့၊ ဉာဏ် မဲ့ လျက် မ နေ နှင့်။ Judson Bible သူသည် သင့်ထံသို့ မချဉ်းကပ်သောကြောင့်၊ ပါးစပ်ကို ဇက်ခွံ့၍၊ ဇက်ကြိုးနှင့် ဆွဲရမည်။ မြန်မာ့စံမီသမ္မာကျမ်း အသိဉာဏ်မရှိသောမြင်း၊ သို့မဟုတ် လားကဲ့သို့မဖြစ်နှင့်။ ၎င်းတို့ကို ဇက်သွားနှင့်ဇက်ကြိုးတန်ဆာဖြင့် ထိန်းရ၏။ သို့မဟုတ်လျှင် သင့်ထံသို့လာလိမ့်မည်မဟုတ်။ |
ဘုရားသခင်သည် ငါ့ကိုလေးနှင့်ပစ်၍ ညှဉ်းဆဲ တော်မူသောကြောင့်၊ သူတို့သည် ငါ့ရှေ့မှာ ဇက်ကြိုးကို လွှတ်တတ်ကြ၏။
မြေတိရစ္ဆာန်နားလည်သည်ထက်သာ၍ နားလည်သောဥာဏ်နှင့်၎င်း၊ မိုဃ်းကောင်းကင် ငှက်မရ၊ ထူးဆန်းသောပညာနှင့်၎င်း၊ ငါတို့ကို ပြည့်စုံ စေတော်မူသော ဘုရားသခင်သည် အဘယ်မှာရှိတော် မူသနည်းဟု အဘယ်သူမျှမမေးမြန်းတတ်။
သူ၏အဝတ်ကို အဘယ်သူလှန်နိုင်သနည်း။ နှစ်ထပ်ရှိသော ပါးရိုးကို အဘယ်သူချဉ်းကပ်လိမ့်မည် နည်း။
``ဣသရေလပြည်သားတို့သည်ဝမ်းနည်းကြေ ကွဲလျက် လျှောက်ထားသည်ကိုငါကြား၏။ `အို ထာဝရဘုရား၊ကျွန်တော်မျိုးတို့သည် ရိုင်းသောနွားသူငယ်နှင့်တူပါ၏။ သို့ရာတွင်ကိုယ်တော်ရှင်သည်ကျွန်တော်မျိုး တို့အား စကားတော်ကိုနားထောင်ရန်သွန်သင်တော်မူ ပါ၏။ ကျွန်တော်မျိုးတို့အားပြန်လည်ပို့ဆောင်တော်မူပါ။ အထံတော်သို့ကျွန်တော်မျိုးတို့ပြန်လာရန် အသင့်ရှိပါ၏။ ကိုယ်တော်ရှင်သည်ကျွန်တော်မျိုးတို့၏ဘုရားသခင် ထာဝရဘုရားဖြစ်တော်မူပါ၏။
ထာဝရဘုရားက``ငါ၏လူမျိုးတော်သည် မိုက်မဲထုံထိုင်းကြ၏။ သူတို့သည်ငါ့ကိုမသိ ကြ။ သူတို့သည်ကလေးမိုက်များနှင့်တူ၏။ သူတို့တွင်အသိပညာမရှိ။ သူတို့သည်ဒုစရိုက်ပြုရာတွင် ကျွမ်းကျင်ကြသော်လည်းသုစရိုက်ကိုမူ မပြုတတ်ကြ'' ဟုမိန့်တော်မူ၏။
ငါတို့သည်မြင်းကိုဇက်ခွံ့၍ငါတို့အမိန့် ကိုလိုက်နာစေနိုင်၏။ ငါတို့လိုရာသို့သွား စေနိုင်၏။-