ရှမ္မသည်ပဲခင်းမှမဆုတ်ခွာဘဲခုခံကာ ကွယ်ကာဖိလိတ္တိအမျိုးသားတို့ကိုသတ် ဖြတ်သဖြင့် ထိုနေ့၌ထာဝရဘုရားသည် အောင်ပွဲကြီးကိုခံစေတော်မူ၏။
ဆာလံ 3:8 - Common Language Bible ထာဝရဘုရားသည်အောင်ပွဲကိုပေးပိုင်သော အရှင်ဖြစ်တော်မူ၏။ ကိုယ်တော်၏လူစုတော်အပေါ်သို့ ကောင်းချီးမင်္ဂလာသက်ရောက်ပါစေသော။ Garrad Bible အောင် မြင် ခွင့် ကို ထာ ဝ ရ ဘု ရား ကြောင့် သာ ရ ပါ ၏။ လူ မျိုး တော့် အ ပေါ် သို့ ကောင်း ကြီး မင်္ဂ လာ တော် သက် ရောက် ပါ စေ သော။ Judson Bible ထာဝရဘုရား၏ကျေးဇူးတော်ကြောင့် ချမ်းသာရပါ၏။ ပေးတော်မူသော ကောင်းချီးမင်္ဂလာသည် ကိုယ်တော်၏ လူစုအပေါ်သို့သက်ရောက်ပါစေသော။ မြန်မာ့စံမီသမ္မာကျမ်း ကယ်တင်ခြင်းသည် ထာဝရဘုရားထံတော်မှလာ၏။ ကိုယ်တော်၏ကောင်းချီးမင်္ဂလာသည် ကိုယ်တော်၏လူမျိုးတော်အပေါ် သက်ရောက်ပါစေသော။(စေလာ) |
ရှမ္မသည်ပဲခင်းမှမဆုတ်ခွာဘဲခုခံကာ ကွယ်ကာဖိလိတ္တိအမျိုးသားတို့ကိုသတ် ဖြတ်သဖြင့် ထိုနေ့၌ထာဝရဘုရားသည် အောင်ပွဲကြီးကိုခံစေတော်မူ၏။
ကိုယ်တော်ရှင်သည်ကွန်တော်မျိုးကိုပိုင်တော် မူပါ၏။ သို့ဖြစ်၍ကယ်တော်မူပါ။ ကွန်တော်မျိုးသည်ကိုယ်တော်ရှင်၏ဥပဒေသ တော် တို့ကိုကြိုးစား၍စောင့်ထိန်းပါ၏။
ထာဝရဘုရားသည်မိမိ၏လူစုတော်အား စွမ်းအားပေးတော်မူ၏။ သူတို့အားငြိမ်းချမ်းသာယာမှုကောင်းချီး မင်္ဂလာကိုပေးတော်မူ၏။
သနားသောစိတ်နှင့်ကိုယ်တော်၏အစေခံ ကျွန်တော်မျိုးအားကြည့်တော်မူပါ။ ကိုယ်တော်၏ခိုင်မြဲသောမေတ္တာတော်နှင့် အညီ ကျွန်တော်မျိုးအားကယ်တော်မူပါ။
သူတို့သည်စီးဆင်းပျောက်ကွယ်သွားတတ်သည့် ရေကဲ့သို့ဖြစ်ကြပါစေသော။ လူသွားလမ်းပေါ်မှပေါင်းပင်များကဲ့သို့ ကြေမွသွားကြပါစေသော။
မင်းကြီး၏နာမတော်သည်တည်မြဲပါ စေသော။ ဂုဏ်သတင်းတော်သည်နေကဲ့သို့အစဉ်အမြဲ တည်နေပါစေသော။ ဘုရားသခင်သည်မင်းကြီးအားကောင်းချီး ပေးတော်မူ သကဲ့သို့လူမျိုးတကာတို့သည် မိမိတို့အားလည်းကောင်း၊ကောင်းချီးပေးတော် မူရန် ဘုရားသခင်ထံတောင်းလျှောက်ကြပါစေသော။
အို ထာဝရဘုရား၊ သူတို့အားကြောက်လန့်စေတော်မူပါ။ မိမိတို့သည်လူမျှသာဖြစ်ကြောင်းကို သိစေတော်မူပါ။
စစ်တိုက်ရာကာလအဘို့မြင်းများကို ပြင်ဆင် သော်လည်း၊ ထာဝရဘုရား၏ကျေးဇူးတော်ကြောင့် ချမ်းသာရပါ၏။
``ငါတစ်ပါးတည်းသာလျှင်ထာဝရဘုရား ဖြစ်တော်မူ၏။ ငါတစ်ပါးတည်းသာလျှင်သင်တို့အား ကယ်တင်တော်မူနိုင်၏။
တောင်ထိပ်များအပေါ်၌ဝတ်ပြုကိုးကွယ် ခြင်းအားဖြင့် အကျွန်ုပ်တို့အကူအညီမရ ပါ။ ဣသရေလအတွက်အကူအညီကို အကျွန်ုပ်ဘုရားသခင်ထာဝရဘုရား ထံတော်၌သာလျှင်ရရှိနိုင်ပါ၏။-
ထာဝရဘုရားက``ငါသည်သင်တို့ကို အီဂျစ်ပြည်မှထုတ်ဆောင်ခဲ့သောသင်တို့ ၏ဘုရားသခင်ထာဝရဘုရားဖြစ်၏။ သင်တို့တွင်ငါမှတစ်ပါးအခြားသော ဘုရားမရှိ၊ ငါတစ်ပါးတည်းသာသင် တို့၏ကယ်တင်ရှင်ဖြစ်၏။-
သို့ရာတွင်အကျွန်ုပ်တို့သည်အရှင်၏ ဂုဏ်တော်ကိုချီးကူးပါမည်။ ကိုယ်တော်အားယဇ်ပူဇော်ပါမည်။ ထို့ပြင်အကျွန်ုပ်ပြုခဲ့သည့်သစ္စာကတိ အတိုင်း လိုက်နာပါမည်။ အကြောင်းမှာကယ်တင်ခြင်းအမှုသည် ထာဝရဘုရားထံတော်မှလာပါသည်'' ဟု ဆုတောင်းပတ္ထနာပြုလေ၏။
ပဋိညာဉ်သေတ္တာတော်ခရီးစထွက်သည့်အခါ မောရှေက``အို ထာဝရဘုရား၊ ထတော်မူပါ။ ကိုယ်တော်၏ရန်သူတို့ကိုကစဥ့်ကလျား ဖြစ်စေ၍ ကိုယ်တော်အားမုန်းတီးသူတို့ကို ထွက်ပြေးစေတော်မူပါ'' ဟူ၍လည်း ကောင်း၊-
သို့ဖြစ်၍သင်တို့သည်ဆိုးညစ်သောအမှုတို့ ကိုစွန့်ပယ်ခြင်းအားဖြင့် ကောင်းချီးခံစားကြရ စေရန်ဘုရားသခင်သည် မိမိ၏အစေခံကို သင်တို့ထံသို့ဦးစွာစေလွှတ်တော်မူ၏'' ဟု ပေတရုဟောပြောလေသည်။
ထိုအရှင်တစ်ပါးတည်းသာလျှင်ကယ်တင် နိုင်၏။ ကမ္ဘာပေါ်တွင်ထိုအရှင်မှတစ်ပါး ငါ တို့ကိုကယ်တင်နိုင်သူတစ်စုံတစ်ယောက်မျှ မရှိ'' ဟုသူတို့အားပြန်လည်ဖြေကြားလေ၏။
ငါတို့သခင်ယေရှု၏ခမည်းတော်ဘုရား သခင်၏ကျေးဇူးတော်ကိုချီးမွမ်းကြကုန် စို့။ အဘယ်ကြောင့်ဆိုသော်ကိုယ်တော်သည် ကောင်းကင်လောကဆိုင်ရာဝိညာဉ်ကောင်း ချီးမင်္ဂလာအပေါင်းကို ခရစ်တော်နှင့် တစ်လုံးတစ်ဝတည်းဖြစ်သူငါတို့အား ပေးသနားတော်မူသောကြောင့်တည်း။-
ကိုယ်တော်က``ငါသည်သင့်ကိုအမှန်ပင်ကောင်း ချီးပေးမည်။ သင်၏အဆက်အနွယ်များကို တိုးပွားများစေမည်'' ဟုမိန့်တော်မူ၏။-
အဆိုးကိုအဆိုးအားဖြင့်လည်းကောင်း၊ ကျိန် ဆဲခြင်းကိုကျိန်ဆဲခြင်းအားဖြင့်လည်းကောင်း တုံ့ပြန်ခြင်းမပြုကြနှင့်။ ယင်းသို့ပြုမည့် အစားကောင်းချီးပေးကြလော့။ အဘယ်ကြောင့် ဆိုသော် ဘုရားသခင်ကတိထားတော်မူသည့် ကောင်းချီးမင်္ဂလာကိုခံစားစေရန် သင်တို့ အားကိုယ်တော်ခေါ်ယူရွေးကောက်တော်မူခဲ့ သောကြောင့်တည်း။-
ထိုနောက်ကောင်းကင်ပရိသတ်ကြီးမှ ထွက် ပေါ်လာသောအသံနှင့်တူသည့်အသံကိုငါ ကြားရ၏။ ထိုသူတို့က``ဘုရားသခင်၏ဂုဏ် တော်ကိုချီးမွမ်းကြလော့။ ငါတို့ဘုရားသခင် သည်ကယ်တင်တော်မူသောအရှင်၊ ဘုန်းအသ ရေတော်၊ တန်ခိုးတော်နှင့်ပြည့်စုံတော်မူသော အရှင်ဖြစ်တော်မူပါ၏။-
သူတို့က``ကယ်တင်ခြင်းကျေးဇူးသည်ပလ္လင် တော်ပေါ်မှာစံတော်မူသော ငါတို့ဘုရား သခင်နှင့်သိုးသူငယ်တော်ထံမှသက်ရောက် လာ၏'' ဟုကြီးသောအသံနှင့်ကြွေးကြော် ကြ၏။-