ဟောရှေ 13:4 - Common Language Bible4 ထာဝရဘုရားက``ငါသည်သင်တို့ကို အီဂျစ်ပြည်မှထုတ်ဆောင်ခဲ့သောသင်တို့ ၏ဘုရားသခင်ထာဝရဘုရားဖြစ်၏။ သင်တို့တွင်ငါမှတစ်ပါးအခြားသော ဘုရားမရှိ၊ ငါတစ်ပါးတည်းသာသင် တို့၏ကယ်တင်ရှင်ဖြစ်၏။- အခန်းကိုကြည့်ပါ။Garrad Bible4 အိ ဂျစ် ပြည် မှ ထွက် သည် က စ၍၊ သင့် ဘု ရား သ ခင် ဖြစ် သော ငါ ထာ ဝ ရ ဘု ရား မှ တစ် ပါး၊ အ ခြား သော ဘု ရား ကို သင် မ သိ။ အ ခြား သော ကယ် တင် ပိုင် ရှင် မ ရှိ ချေ။ အခန်းကိုကြည့်ပါ။Judson Bible4 သို့ရာတွင်၊ ငါထာဝရဘုရားသည် သင့်ကို အဲဂုတ္တုပြည်မှ ကယ်နုတ်သော သင်၏ဘုရားသခင်ဖြစ်၏။ ငါမှတစ်ပါး အခြားသော ဘုရားသခင်ကို သင်မသိပြီ။ ငါမှတစ်ပါး ကယ်တင်နိုင်သော သခင်မရှိ။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း4 “သင်တို့ အီဂျစ်ပြည်၌ရှိစဉ်ကပင် ငါ ထာဝရဘုရားသည် သင်တို့၏ဘုရားသခင် ဖြစ်၏။ ငါမှတစ်ပါး အခြားသောဘုရားကို သင်တို့မသိ။ ငါမှတစ်ပါး သင်တို့ကို ကယ်တင်နိုင်မည့်ဘုရား မရှိ။ အခန်းကိုကြည့်ပါ။ |
အဘယ်ကြောင့်ဆိုသော်ငါသည် ဣသရေလအမျိုးသားတို့၏သန့်ရှင်းမြင့် မြတ်သော ဘုရားသခင်၊ သင်တို့ကိုကယ်တင်သောအရှင်သင်တို့၏ဘုရားသခင် ထာဝရဘုရားဖြစ်သောကြောင့်တည်း။ ငါသည်သင်တို့ကျွန်ဘဝမှလွတ်မြောက်ခွင့် ရရှိကြစေရန် အီဂျစ်ပြည်ကိုစွန့်လွှတ်မည်။ ဆူဒန်ပြည်နှင့် သေဘပြည်ကိုငါစွန့်လွှတ်မည်။
ထိုတိုင်းပြည်အပေါင်းတို့၏ဘုရားများအနက် အဘယ်မည်သောဘုရားသည် မိမိပြည်ကိုငါ တို့ဧကရာဇ်ဘုရင်၏လက်မှအဘယ်အခါ ကကယ်ခဲ့ဖူးပါသနည်း။ ယင်းသို့ဖြစ်ပါမူ ထာဝရဘုရားသည်လည်း ယေရုရှလင်မြို့ကို ကယ်တော်မူနိုင်သည်ဟု သင်တို့အဘယ်ကြောင့် ထင်မှတ်ကြပါသနည်း'' ဟုဆို၏။-