ထိုရုပ်တုတို့သည်နှုတ်များရှိပါလျက် စကားမပြောနိုင်၊ မျက်စိများရှိပါလျက်မမြင်နိုင်။
နှုတ် ရှိ လျက် ပင်၊ ပြော ဆို ခွင့်၊ မျက် စိ ရှိ လျက် ပင်၊ ရှု မြင် ခွင့်၊
ထိုရုပ်တုတို့သည် နှုတ်ရှိ၍ စကားမပြောတတ်။ မျက်စိရှိ၍ မမြင်တတ်။
၎င်းတို့သည် နှုတ်ရှိသော်လည်း စကားမပြောနိုင်ကြ။ မျက်စိရှိသော်လည်း မမြင်နိုင်ကြ။
ထိုနောက်ကိုယ်တော်က``ဤလူစု၏စိတ်နှလုံးသည်ထိုင်းမှိုင်းလျက်၊ သူတို့၏နားများသည်လေးလျက်၊ မျက်စိများသည်လည်းပိတ်လျက်နေအောင်ပြုလော့။ သို့မှသာလျှင်သူတို့သည်မမြင်နိုင်၊ မကြားနိုင်၊ နားမလည်နိုင်ဘဲနေကြလိမ့်မည်။ အကယ်၍သူတို့သည်မြင်နိုင်ကြားနိုင်နားလည်နိုင်ကြမည်ဆိုပါမူ မိမိတို့၏ဝိညာဉ်ဆိုင်ရာရောဂါများပျောက်ကင်းစေရအောင်စိတ်နှလုံးပြောင်းလဲကြလိမ့်မည်'' ဟုငါ့အားမိန့်တော်မူ၏။