ငါ၏အတွက်ဗိမာန်တော်တံခါးတို့ကိုဖွင့် လိုက်ကြ။ ငါသည်ဝင်၍ထာဝရဘုရားအားထောမနာ ပြုမည်။
ဆာလံ 132:7 - Common Language Bible ``ငါတို့သည်ထာဝရဘုရား၏အိမ်တော်သို့ သွားကြကုန်အံ့။ ပလ္လင်တော်ရှေ့တွင်ကိုယ်တော်ကိုဝတ်ပြု ကိုးကွယ်ကြကုန်အံ့'' ဟုငါတို့ဆိုကြ၏။ Garrad Bible ငါ တို့ က၊ စံ ရာ တော် ထဲ သို့ ဝင် ၍၊ ခြေ တော် တင် ရာ ခုန် ရှေ့ ရှိ ခိုး ကြ ကုန် အံ့။ Judson Bible ဘုံဗိမာန်တော်သို့ဝင်၍၊ ခြေတော်တင်ရာ ခုံအောက်၌ ပျပ်ဝပ်ကိုးကွယ်ကြကုန်အံ့။ မြန်မာ့စံမီသမ္မာကျမ်း ကိုယ်တော်ကိန်းဝပ်တော်မူရာတဲတော်သို့ သွားကြကုန်စို့။ ကိုယ်တော်၏ခြေတင်ခုံရှေ့၌ ပျပ်ဝပ်ကြကုန်စို့။ |
ငါ၏အတွက်ဗိမာန်တော်တံခါးတို့ကိုဖွင့် လိုက်ကြ။ ငါသည်ဝင်၍ထာဝရဘုရားအားထောမနာ ပြုမည်။
သူတို့က``ထာဝရဘုရား၏အိမ်တော်သို့ ငါတို့သွားကြကုန်အံ့'' ဟုဆိုသောအခါ ငါသည်ရွှင်လန်းဝမ်းမြောက်ပါ၏။
ကျွန်တော်မျိုးအဖို့မှာမူကိုယ်တော်၏ကြီး မားသော မေတ္တာတော်ကိုခံစားရသဖြင့် အိမ်တော်သို့ဝင်နိုင်ပါ၏။ ကိုယ်တော်၏သန့်ရှင်းမြင့်မြတ်သောဗိမာန်တော်တွင် ကိုးကွယ်ဝတ်ပြုကာ ကိုယ်တော်အားရိုသေလေးမြတ်စွာ ဦးညွှတ်ရှိခိုးနိုင်ပါ၏။
လာကြ၊ကိုယ်တော်အားဦးညွှတ်ပျပ်ဝပ်၍ ရှိခိုးကြကုန်အံ့။ ငါတို့အားဖန်ဆင်းတော်မူသောထာဝရ ဘုရား၏ ရှေ့တော်တွင်ဒူးထောက်ကြကုန်အံ့။
ငါတို့၏ဘုရားသခင်ထာဝရဘုရားအား ထောမနာပြုကြလော့။ ကိုယ်တော်၏ရာဇပလ္လင်တော်ရှေ့၌ ပျပ်ဝပ်ကိုးကွယ်ကြလော့။ ကိုယ်တော်သည်သန့်ရှင်းမြင့်မြတ်တော် မူ၏။
ငါတို့၏ဘုရားသခင်ထာဝရဘုရားအား ထောမနာပြုကြလော့။ သန့်ရှင်းမြင့်မြတ်သည့်တောင်တော်ပေါ်တွင် ကိုးကွယ်ဝတ်ပြုကြလော့။ ငါတို့၏ဘုရားသခင်ထာဝရဘုရားသည် သန့်ရှင်းမြင့်မြတ်တော်မူ၏။
သူတို့က ``ထာဝရဘုရား၏တောင်တော်ပေါ်သို့ ဣသရေလအမျိုးသားတို့ဘုရားသခင်၏ ဗိမာန်တော်သို့ငါတို့တက်ကြကုန်အံ့။ ကိုယ်တော်၏အလိုတော်ကိုသင်ယူကြကုန်အံ့။ ကိုယ်တော်ရွေးချယ်ပေးတော်မူသောလမ်းကို ငါတို့လိုက်လျှောက်ကြကုန်အံ့'' ဟုဆိုကြ လိမ့်မည်။ ``ထာဝရဘုရား၏တရားတော်သည် ယေရုရှလင်မြို့မှလည်းကောင်း ကိုယ်တော်၏နှုတ်ကပတ်တော်သည် ဇိအုန်တောင်ပေါ်မှလည်းကောင်း ပေါ်ထွက်လာလိမ့်မည်။''
ထာဝရဘုရားသည်အမျက်ထွက်တော်မူ၍ ဇိအုန်မြို့ကိုအမှောင်ဖုံးစေတော်မူလေပြီ။ ထိုမြို့၏ခမ်းနားကြီးကျယ်မှုသည် ကောင်းကင်မှမြေကြီးသို့ကျဆင်းယိုယွင်းလေပြီ။ ကိုယ်တော်သည်အမျက်ထွက်တော်မူသောကာလ၌ မိမိ၏ဗိမာန်တော်ကိုပင်စွန့်ပစ်တော်မူ၏။