ငါသည်ထာဝရဘုရား၏ပညတ်တော်တို့ကို စောင့်ရှောက်ခဲ့ပါ၏။ ငါ၏ဘုရားသခင်ကိုကျောမခိုင်းခဲ့ပါ။
ဆာလံ 128:1 - Common Language Bible ထာဝရဘုရားကိုကြောက်ရွံ့ရိုသေ၍ ကိုယ်တော်၏နည်းလမ်းတော်များနှင့်အညီ ကျင့်ကြံပြုမူသူများသည်မင်္ဂလာရှိကြ၏။ Garrad Bible ထာ ဝ ရ ဘု ရား ကို ခန့် ညား လျက်၊ နည်း လမ်း တော် များ ၌ လျှောက် လိုက် သူ တိုင်း၊ မင်္ဂ လာ ရှိ ပါ စေ သော။ Judson Bible ထာဝရဘုရားကိုကြောက်ရွံ့၍၊ လမ်းခရီးတော်သို့လိုက်သွားသမျှသော သူတို့သည် မင်္ဂလာရှိကြ၏။ မြန်မာ့စံမီသမ္မာကျမ်း ထာဝရဘုရားကို ကြောက်ရွံ့သောသူ၊ ကိုယ်တော်၏လမ်းတော်များအတိုင်း အသက်ရှင်လျှောက်လှမ်းသောသူရှိသမျှတို့သည် မင်္ဂလာရှိကြ၏။ |
ငါသည်ထာဝရဘုရား၏ပညတ်တော်တို့ကို စောင့်ရှောက်ခဲ့ပါ၏။ ငါ၏ဘုရားသခင်ကိုကျောမခိုင်းခဲ့ပါ။
အို ငါ့ဝိညာဉ်၊ထာဝရဘုရားအားထောမနာ ပြုလော့။ ငါ၏ကိုယ်စိတ်နှလုံးတို့၊ကိုယ်တော်၏ သန့်ရှင်းမြင့်မြတ်သောနာမတော်အား ထောမနာပြုကြလော့။
ဖခင်သည်သားသမီးတို့အားသနား ကြင်နာသကဲ့သို့ ထာဝရဘုရားသည်မိမိအားကြောက်ရွံ့ရိုသေ သူတို့အားသနားကြင်နာတော်မူ၏။
သို့ရာတွင်ထာဝရဘုရားကိုကြောက်ရွံ့ ရိုသေကြသူတို့အတွက် ကိုယ်တော်ထားရှိတော်မူသောမေတ္တာတော်မူကား ထာဝစဉ်ခိုင်မြဲပေသည်။ ပဋိညာဉ်တော်ကိုစောင့်ထိန်း၍ပညတ်တော်တို့ကို သစ္စာနှင့်လိုက်နာကျင့်သုံးကြသူတို့အပေါ်သို့ ကိုယ်တော်၏ကျေးဇူးကရုဏာတော်သည် သားစဉ်မြေးဆက်သက်ရောက်သတည်း။
ထာဝရဘုရားကိုထောမနာပြုကြလော့။ ထာဝရဘုရားကိုကြောက်ရွံ့ရိုသေ၍ ပညတ်တော်တို့ကိုစောင့်ထိန်းရန် အထူးနှစ်သက်သူသည်မင်္ဂလာရှိ၏။
ကိုယ်တော်သည်မိမိအားကြောက်ရွံ့ရိုသေသူ အပေါင်းတို့အားယုတ်မြတ်မရွေးကောင်းချီး ပေးတော်မူလိမ့်မည်။
ထာဝရဘုရား၏တရားတော်ကိုလိုက်လှောက် လက် အပြစ်ဆိုဖွယ်မရှိအောင်သက်ရှင်လှုပ်ရှား သူတို့သည်မင်္ဂလာရှိကြ၏။
ထိုသူတို့သည်ဒုစရိုက်ကိုမပြုမကင့်ဘဲ ထာဝရဘုရား၏တရားလမ်းအတိုင်း လိုက်လှောက်တတ်ကြ၏။
ငါသည်ဒုက္ခရောက်စဉ်အခါထာဝရဘုရား ကို ဟစ်ခေါ်ပါ၏။ ကိုယ်တော်သည်လည်းထူးတော်မူပါ၏။
ငါသည်တောင်ရိုးများသို့မျှော်ကြည့်၏။ အဘယ်မှကူညီမစမှုကိုငါရပါမည်နည်း။
သူတို့က``ထာဝရဘုရား၏အိမ်တော်သို့ ငါတို့သွားကြကုန်အံ့'' ဟုဆိုသောအခါ ငါသည်ရွှင်လန်းဝမ်းမြောက်ပါ၏။
အို ထာဝရဘုရား၊ ကိုယ်တော်ရှင်စိုးစံတော်မူရာကောင်းကင်ဘုံသို့ ကျွန်တော်မျိုးမျှော်ကြည့်ပါ၏။
အကယ်၍ထာဝရဘုရားသာ ငါတို့ဘက်၌ရှိတော်မမူခဲ့လျှင်အဘယ်သို့ ဖြစ်ပါလိမ့်မည်နည်း။ အို ဣသရေလအမျိုးသားတို့၊ဖြေကြားကြလော့။
ထာဝရဘုရားကိုယုံကြည်ကိုးစားသူတို့သည် မရွေ့မရှား၊အစဉ်ခိုင်ခံ့တည်မြဲသော ဇိအုန်တောင်ကဲ့သို့ဖြစ်ကြ၏။
ငါတို့အားဇိအုန်မြို့သို့ ထာဝရဘုရားပြန်လည်ခေါ်ဆောင်သည်မှာ အိပ်မက်ကဲ့သို့ဖြစ်ပါ၏။
အကယ်၍ထာဝရဘုရားသည်အိမ်ကို ဆောက်တော်မမူလျှင်ဆောက်လုပ်သူတို့၏ လုပ်ဆောင်ချက်သည်အချည်းနှီးဖြစ်၏။ ထာဝရဘုရားသည်မြို့ကိုစောင့်တော်မမူ လျှင် ကင်းစောင့်တို့၏စောင့်ကြပ်မှုသည်အချည်းနှီးဖြစ်၏။
သို့ရာတွင်မိမိအားကြောက်ရွံ့ရိုသေသူများ၊ ခိုင်မြဲသောမေတ္တာတော်ကိုကိုးစားသူများ ကို နှစ်သက်တော်မူပေသည်။
ငါ၏လူစုတော်သည်ငါ့စကားကို နားထောင်စေချင်စမ်းပါဘိ။ ငါ့အမိန့်ကိုနာခံစေချင်စမ်းပါဘိ။
ကိုယ်တော်ကိုကြောက်ရွံ့ရိုသေသူအပေါင်းတို့အား သားစဉ်မြေးဆက်ကရုဏာထားတော်မူ၏။
ထိုသူနှစ်ဦးလုံးပင်ဘုရားသခင်၏ရှေ့တော် တွင်သူကောင်းများဖြစ်ကြ၏။ ထာဝရဘုရား ၏ပညတ်တော်ရှိသမျှနှင့်ညွှန်ကြားတော်မူ ချက်များကိုတစ်သဝေမတိမ်းလိုက်နာကြ၏။-
ထို့ကြောင့်ထိုကာလ၌ယုဒပြည်၊ ဂါလိလဲ ပြည်နှင့်ရှမာရိပြည်အရပ်ရပ်တို့တွင်အသင်း တော်သည်အေးချမ်းစွာနေရလေသည်။ အသင်း တော်သည်သခင်ဘုရားအားကြောက်ရွံ့ရိုသေ သောစိတ်ဖြင့် သက်ရှင်လှုပ်ရှားလျက်သန့်ရှင်း သောဝိညာဉ်တော်၏ကူညီအားပေးမှုဖြင့် တည်တံ့ခိုင်မြဲကာအသင်းသားအရေ အတွက်တိုးတက်များပြားလာလေသည်။
``ထာဝရဘုရားသည် သင်တို့၏မြို့များနှင့် လယ်ယာများကိုကောင်းချီးပေးတော်မူမည်။
ညီအစ်ကိုတို့၊ သင်တို့သည်ဘုရားသခင် နှစ်သက်တော်မူစေရန်အဘယ်သို့ပြုမူ ကျင့်ကြံရမည်ကို သင်တို့အားငါတို့သွန် သင်ပြီးဖြစ်ပေသည်။ သင်တို့သည်ငါတို့ သွန်သင်သည့်အတိုင်းပြုကျင့်လျက်ရှိကြ သည်မှန်သော်လည်း၊ ထိုထက်ပို၍ကြိုးစား အားထုတ်ကြရန်သခင်ယေရှု၏နာမ တော်ကိုအမှီပြု၍ငါတို့အထူးတိုက် တွန်းလို၏။-