မြော်လင့်စရာရှိသောကြောင့် မစိုးရိမ်ဘဲနေလိမ့်မည်။ ယခုအရှုံးခံရသော်လည်း လုံခြုံစွာ ငြိမ်ဝပ်လိမ့်မည်။
ဆာလံ 127:2 - Common Language Bible အသက်မွေးဝမ်းကျောင်းမှုအတွက် နံနက်စောစောထ၍ ညဥ့်နက်သည်တိုင်အောင်ပင်ပန်းစွာအလုပ် လုပ်ရခြင်းသည်အချည်းနှီးဖြစ်၏။ အဘယ်ကြောင့်ဆိုသော်ထာဝရဘုရားသည် မိမိချစ်တော်မူသောသူတို့အိပ်စက်နေစဉ် သူတို့လိုအပ်သောအရာများကို ပေးသနားတော်မူသောကြောင့်ဖြစ်၏။ Garrad Bible စော စော ထ လျက်၊ ညဉ့် နက် မှ အိပ် လျက်၊ ပင် ပန်း ခံ၍ စား သောက် သော် လည်း၊ အ ချည်း နှီး ဖြစ်၏။ နှစ် သက် တော် မူ သော သူ့ အား၊ အိပ် ပျော် ခွင့် ကို သ နား တော် မူ ၏။ Judson Bible စောစောထလျက်၊ ညနက်သည်တိုင်အောင် မအိပ်ဘဲနေလျက်၊ ပင်ပန်းစွာ အစာစားလျက်နေသော်လည်း အကျိုးမရှိ။ အိပ်ပျော်ရသောအခွင့်ကို ချစ်တော်မူသောသူအား အမှန်ပေးတော်မူ၏။ မြန်မာ့စံမီသမ္မာကျမ်း စောစောထလျက်၊ ညဥ့်နက်မှအိပ်လျက်၊ ခက်ခဲပင်ပန်းစွာ လုပ်ကိုင်စားသောက်လျက်နေခြင်းသည် သင့်အတွက် အချည်းနှီးဖြစ်၏။ အကြောင်းမူကား ကိုယ်တော်သည် မိမိချစ်တော်မူသောသူအား အိပ်စက်ရသောအခွင့်ကိုပေးတော်မူ၏။ |
မြော်လင့်စရာရှိသောကြောင့် မစိုးရိမ်ဘဲနေလိမ့်မည်။ ယခုအရှုံးခံရသော်လည်း လုံခြုံစွာ ငြိမ်ဝပ်လိမ့်မည်။
ထာဝရဘုရားသည်ငါ့ကိုကွယ်ကာ စောင့်ထိန်းတော်မူသောကြောင့်ငါသည်လဲလျောင်း အိပ်ပျော်ခွင့်ကိုရရှိ၏။
ကျွန်တော်မျိုးသည်လဲလျောင်းလိုက်သောအခါ ငြိမ်သက်စွာအိပ်ပျော်သွားပါ၏။ အို ထာဝရဘုရား၊ ကိုယ်တော်သာလျှင်ကျွန်တော်မျိုးအားလုံခြုံစွာ နေနိုင်ခွင့်ကိုပေးတော်မူပါ၏။
ကိုယ်တော်ရှင်၏တန်ခိုးတော်အားဖြင့် ကျွန်တော်မျိုးတို့အားကယ်တော်မူပါ။ ချစ်တော်မူသောသူတို့သည်ကယ်ဆယ် ခြင်း ခံရကြစေရန်ကျွန်တော်မျိုးတို့၏ ဆုတောင်းပတ္ထနာကိုနားညောင်းတော်မူပါ။
ထာဝရဘုရား၏ ကောင်းကြီးမင်္ဂလာသည် စည်းစိမ်ကိုဖြစ်စေ တတ်၏။ ထိုစည်းစိမ်နှင့်လည်း၊ ဝမ်း နည်းခြင်းအကြောင်းကို ရောနှော တော်မမူ။
နေအောက်မှာ ပြုလေသမျှသော အမှုအရာ တို့ကို ငါမြင်ပြီ။ အလုံးစုံတို့သည် အနတ္တအမှု၊ လေကို ကျက်စားသော အမှုဖြစ်ကြ၏။
လူသည်အဘော်အဘက်၊ သားသမီး၊ ညီအစ်ကို မရှိ၊ တယောက်တည်းဖြစ်သော်လည်း၊ ကြိုးစားအားထုတ် ၍ မကုန်နိုင်။ မိမိစည်းစိမ်ကိုမြင်၍ မရောင့်ရဲနိုင်။ ငါသည် ကိုယ်ကိုညှဉ်းဆဲ၍၊ အဘယ်သူအဘို့ ကြိုးစား အားထုတ်သနည်းဟု မမေးတတ်။ ဤအမှုအရာသည် လည်း အနတ္တအမှု၊ အလွန်ပင်ပန်းစေသောအမှုဖြစ်၏။
အလုပ်လုပ်သောသူသည် များစွာစားသည် ဖြစ်စေ၊ အနည်းငယ်စားသည်ဖြစ်စေ၊ အအိပ်မြိန်တတ်၏။ ရတတ်သောသူ၏ စည်းစိမ်မူကား၊ စည်းစိမ်ရှင်ကို အအိပ် ပျက်စေတတ်၏။
လူကြိုးစားအားထုတ်သမျှတို့၌ ဝမ်းဘို့သာ ကြိုးစားအားထုတ်သော်လည်း၊ စားချင်သော စိတ်မပြေ နိုင်။
သို့ဖြစ်၍လူတို့က`ငါတို့သည်အိပ်ရာဝင်ပြီး နောက်လန်းဆန်းစွာနိုးထ၍လာ၏' ဟုပြော ဆိုကြလိမ့်မည်။
သူတို့၏လုံခြုံရေးကိုစိတ်ချရစေရန်ငါ သည်သူတို့နှင့်ပဋိညာဉ်ပြုတော်မူမည်။ ကြောက်မက်ဖွယ်ကောင်းသည့်သားရဲတိရစ္ဆာန် အပေါင်းကိုပြည်တွင်းမှဖယ်ရှားပစ်မည်။ သို့မှသာလျှင်ငါ၏သိုးတို့သည်ဘေးမဲ့ လုံခြုံစွာတောကန္တာရများ၌နေရကြ ၍ တောများတွင်အိပ်ရကြလိမ့်မည်။