ဆာလံ 60:5 - Common Language Bible5 ကိုယ်တော်ရှင်၏တန်ခိုးတော်အားဖြင့် ကျွန်တော်မျိုးတို့အားကယ်တော်မူပါ။ ချစ်တော်မူသောသူတို့သည်ကယ်ဆယ် ခြင်း ခံရကြစေရန်ကျွန်တော်မျိုးတို့၏ ဆုတောင်းပတ္ထနာကိုနားညောင်းတော်မူပါ။ အခန်းကိုကြည့်ပါ။Garrad Bible5 နှစ် သက် တော် မူ သော လူ မျိုး တို့ ဘေး လွတ် ကြ စေ ရန်၊ ညာ လက် ရုံး တော် အား ဖြင့် ထူ၍၊ အောင် မြင် ခွင့် ပေး တော် မူ ပါ။ အခန်းကိုကြည့်ပါ။Judson Bible5 ချစ်တော်မူသော သူတို့သည် ချမ်းသာရမည်အကြောင်း၊ အကျွန်ုပ်စကားကိုနားထောင်၍၊ လက်ယာလက်ရုံးတော်အားဖြင့် ကယ်တင်တော်မူပါ။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း5 ကိုယ်တော်ချစ်တော်မူသောသူတို့သည် လွတ်မြောက်ခြင်းသို့ရောက်မည့်အကြောင်း ကိုယ်တော်၏လက်ယာလက်တော်ဖြင့်ကယ်တင်ပြီး အကျွန်ုပ်တို့ကို ထူးတော်မူပါ။ အခန်းကိုကြည့်ပါ။ |
ထာဝရဘုရားက``ငါချစ်မြတ်နိုးသည့် လူတို့သည် မကောင်းမှုများကိုပြုကျင့် လျက်နေကြ၏။ သူတို့မှာအဘယ်သို့လျှင် ငါ၏ဗိမာန်တော်သို့ဝင်ရောက်ခွင့်ရှိသနည်း။ တိရစ္ဆာန်များကိုယဇ်ပူဇော်ခြင်းအားဖြင့် သက်ရောက်လတ္တံ့သောဘေးအန္တရာယ်ဆိုးကို ဖယ်ရှားနိုင်မည်ဟုထင်မှတ်ကြသလော။ သူ တို့သည်ဆိုးညစ်မှုများကိုပြုလုပ်လျက် ဝမ်းမြောက်ကြမည်လော။-