ထိုအသီးကိုစားလျှင်သင်တို့သည်ဘုရားသခင် ကဲ့သို့ အကောင်းနှင့်အဆိုးကိုခွဲခြားသိမြင်လာ နိုင်မည်။ ထို့ကြောင့်ဤကဲ့သို့ပညတ်ရခြင်းဖြစ် သည်'' ဟုပြန်ပြော၏။
ဆာလံ 12:4 - Common Language Bible ဝါကြွားတတ်သူတို့က``ငါတို့သည်မိမိတို့၏ စကားအားဖြင့်လိုချင်သည့်အရာကိုရရှိ ကြ၏။ ငါတို့သည်မိမိတို့အလိုဆန္ဒအတိုင်းပြော ဆိုမည်။ အဘယ်သူမျှငါတို့အားဆီးတား၍ရလိမ့်မည် မဟုတ်'' ဟုဆိုကြ၏။ မြန်မာ့စံမီသမ္မာကျမ်း သူတို့က “ငါတို့သည် ငါတို့၏စကားဖြင့်အောင်နိုင်မည်။ ငါတို့နှုတ်ကို ငါတို့ပိုင်၏။ ငါတို့၏သခင်ကား အဘယ်သူဖြစ်မည်နည်း”ဟု ပြောဆိုတတ်ကြပါ၏။ |
ထိုအသီးကိုစားလျှင်သင်တို့သည်ဘုရားသခင် ကဲ့သို့ အကောင်းနှင့်အဆိုးကိုခွဲခြားသိမြင်လာ နိုင်မည်။ ထို့ကြောင့်ဤကဲ့သို့ပညတ်ရခြင်းဖြစ် သည်'' ဟုပြန်ပြော၏။
အို ထာဝရဘုရား၊ ကိုယ်တော်ရှင်သည်ဆင်းရဲသူတို့၏အကျိုးနှင့် ချို့တဲ့နွမ်းပါးသူတို့၏အခွင့်အရေးများကို ကွယ်ကာတော်မူကြောင်းကျွန်တော်မျိုးသိပါ၏။
ဖာရောဘုရင်က``ထိုဘုရားသည်မည်သူနည်း။ ငါသည်အဘယ်ကြောင့်ထိုဘုရား၏စကား ကိုနာခံလျက် ဣသရေလအမျိုးသားတို့ကို လွှတ်ရမည်နည်း။ ငါသည်ထိုဘုရားကိုမသိ သဖြင့်ဣသရေလအမျိုးသားတို့ကိုမ လွှတ်နိုင်'' ဟုဆိုလေ၏။
ဖြောင့်မတ်သောသူ၏ နှုတ်မှပညာစကား ထွက် တတ်၏။ ကောက်လိမ်သော လျှာမူကား၊ အဖြတ်ခံရ လိမ့်မည်။
ထိုအခါ ပြည်သားတို့က``ယေရမိကိုငါတို့ ဖယ်ရှားကြကုန်အံ့။ ငါတို့အားသွန်သင်မည့် ယဇ်ပုရောဟိတ်များ၊ အကြံပေးမည့်ပညာရှိ များ၊ ဘုရားသခင်၏ဗျာဒိတ်တော်ကိုပြန် ကြားမည့်ပရောဖက်များထားရှိမြဲရှိကြ မည်သာဖြစ်၏။ ယေရမိအားငါတို့စွဲချက် တင်ကြကုန်အံ့။ သူပြောသည့်စကားကို နားမထောင်ဘဲနေကြကုန်အံ့'' ဟုဆို ကြ၏။
ဣသရေလပြည်သူတို့၊ သင်တို့သည်ထာဝရ ဘုရား၏စကားကိုနားထောင်ကြလော့။ ငါ သည်သင်တို့အဖို့တောကန္တာရကဲ့သို့လည်း ကောင်း၊ မှောင်အတိလွှမ်းနေသည့်ပြည်ကဲ့သို့ လည်းကောင်းဖြစ်၍နေလေပြီလော။ ယင်းသို့ မဟုတ်ပါမူသင်တို့သည်အဘယ်ကြောင့် ထင်သလိုပြုကျင့်ကာ ငါ့ထံသို့အဘယ် အခါမျှပြန်မလာဘဲနေတော့မည်ဟု ဆိုကြသနည်း။-
ယခုသင်တို့သည်တံပိုးခရာ၊ ပလွေ၊ စောင်း ငယ်၊ ပတ်သာ၊ စောင်းကြီးနှင့်အခြားတူရိ ယာများတီးမှုတ်သံကိုကြားသည်နှင့်တစ် ပြိုင်နက်ရွှေရုပ်ကြီးကိုဦးညွှတ်ရှိခိုးကြ လော့။ အကယ်၍ရှိမခိုးကြပါကသင်တို့ သည်ပြင်းစွာအလျှံထလျက်နေသောမီး ဖိုထဲသို့ချက်ချင်းပစ်ချခြင်းကိုခံရ ကြလတ္တံ့။ သင်တို့အားကယ်နိုင်မည့်ဘုရား ရှိသည်ဟုသင်တို့ထင်မှတ်ကြသလော'' ဟုမိန့်တော်မူ၏။
သူသည်လူတို့ကိုးကွယ်သောအမည်ခံ ဘုရားမှန်သမျှကိုအတိုက်အခံပြု၍ မိမိသည်ဘုရားတကာတို့ထက်တန်ခိုး ကြီးသည်ဟုဆိုလိမ့်မည်။ သူသည်ဘုရား သခင်၏ဗိမာန်တော်ထဲသို့ပင်လျှင်ဝင်၍ ထိုင်ကာမိမိကိုယ်ကိုဘုရားဟုကြေ ညာလိမ့်မည်။