ထာဝရဘုရားအုပ်စိုးတော်မူရာအရပ်ရှိ ဖန်ဆင်းခြင်းခံရသောသတ္တဝါအပေါင်းတို့၊ ကိုယ်တော်အားထောမနာပြုကြလော့။ အို ငါ့ဝိညာဉ်၊ထာဝရဘုရားအားထောမနာ ပြုလော့။
ဆာလံ 108:2 - Common Language Bible ငါ၏စောင်းကြီးစောင်းငယ်တို့၊နိုးထကြလော့။ ငါသည်နေကိုနိုးထစေမည်။ Garrad Bible အ ချင်း တ ယော နှင့် စောင်း များ၊ နိုး ကြ လော့။ အ ရုဏ် တက် ချိန် ငါ နိုး ပါ မည်။ Judson Bible တယောနှင့် စောင်းတို့၊ နိုးကြလော့။ ငါလည်း စောစောနိုးမည်။ မြန်မာ့စံမီသမ္မာကျမ်း စောင်းပြားနှင့်စောင်းကောက်တို့၊ နိုးထကြလော့။ အရုဏ်ဦးကိုလည်း ငါနိုးထစေမည်။ |
ထာဝရဘုရားအုပ်စိုးတော်မူရာအရပ်ရှိ ဖန်ဆင်းခြင်းခံရသောသတ္တဝါအပေါင်းတို့၊ ကိုယ်တော်အားထောမနာပြုကြလော့။ အို ငါ့ဝိညာဉ်၊ထာဝရဘုရားအားထောမနာ ပြုလော့။
စောင်းတီး၍ဘုရားသခင်၏ကျေးဇူးတော်ကို ချီးမွမ်းကြလော့။ ကြိုးဆယ်ပင်ရှိသောတူရိယာဖြင့်ရှေ့တော်၌ သီချင်းဆိုကြလော့။
အို ငါ့ဝိညာဉ်၊နိုးထလော့။ ငါ၏စောင်းကြီးစောင်းငယ်တို့၊နိုးထကြလော့။ ငါသည်လည်းနေကိုနိုးထစေမည်။
ကျွန်တော်မျိုးသည်သီချင်းအားဖြင့်ဘုရားသခင်အား ထောမနာပြုပါမည်။ ကျေးဇူးတော်ကိုချီးမွမ်းခြင်းအားဖြင့် ကိုယ်တော်၏ကြီးမြတ်တော်မူပုံကိုထုတ် ဖော် ကြေညာပါမည်။
သီဆိုတီးမှုတ်မှုကိုအစပြုကြလော့။ စောင်း ကြီး စောင်းငယ်တို့ကိုသာယာစွာတီးကြလော့။
ရှေ့ဆောင်ပါလော့။ အို ဒေဗောရရှေ့ဆောင်ပါလော့။ ရှေ့ဆောင်ပါလော့။ သီချင်းဆိုပါလော့။ ရှေ့ဆောင်ပါလော့။ အဘိနောင်၏သားဗာရက်ရှေ့သို့ချီတက်ပါလော့။ သင်၏သုံ့ပန်းတို့ကိုထုတ်ဆောင်သွားပါလော့။