ငါသည်အပျိုကိုမျှမကြည့်ရှုမည်အကြောင်း၊ ကိုယ်မျက်စိနှင့် ပဋိညာဉ်ဝန်ခံခြင်းကို ပြုပြီ။
ဆာလံ 101:3 - Common Language Bible မကောင်းမှုကိုအဘယ်အခါ၌မျှသည်းခံမည် မဟုတ်ပါ။ ဘုရားသခင်အားကျောခိုင်းသူတို့၏ အပြုအမူတို့ကိုမုန်း၍ ထိုအပြုအမူတို့နှင့်အဘယ်သို့မျှပတ်သက် မည် မဟုတ်ပါ။ Garrad Bible ယုတ် ညံ့ သော အ ရာ ကို မျက် မှောက် မ ပြု ပါ။ ဖောက် ပြန် သော အ မှု ကို ရွံ ရှာ သည့် အ လျောက်၊ စွဲ လမ်း ခြင်း မ ပြု ပါ။ Judson Bible အဓမ္မအမှုအရာကို မျက်မှောက်မပြုပါ။ လမ်းလွှဲသောသူ၏အမှုကို ရွံရှာသည်ဖြစ်၍၊ ငါ၌ မမှီမကပ်ရ။ မြန်မာ့စံမီသမ္မာကျမ်း ဆိုးညစ်သောအမှုအရာကို အကျွန်ုပ်မျက်မှောက်မပြုပါ။ လမ်းလွဲသောသူတို့ပြုသောအမှုကိုလည်း အကျွန်ုပ်မုန်းသည်ဖြစ်၍ အကျွန်ုပ်ကို ငြိတွယ်မည်မဟုတ်ပါ။ |
ငါသည်အပျိုကိုမျှမကြည့်ရှုမည်အကြောင်း၊ ကိုယ်မျက်စိနှင့် ပဋိညာဉ်ဝန်ခံခြင်းကို ပြုပြီ။
ကွန်တော်မျိုးသည်ကိုယ်တော်ရှင်၏အပေ"၌ ဒွိဟသဘောရှိသူတို့ကိုမုန်းပါ၏။ ကိုယ်တော်ရှင်၏တရားတော်ကိုမူကား နှစ်သက်မြတ်နိုးပါ၏။
အကျိုးမရှိသည့်အရာမားကိုအာရုံပြုမှုနှင့် ကင်းဝေးစေတော်မူ၍ ကွန်တော်မျိုးအားကိုယ်တော်ရှင်၏ ကတိတော်အတိုင်းကေးဇူးပြုတော်မူပါ။
သို့ရာတွင်မကောင်းမှုပြုသူတို့အားအပြစ်ဒဏ် စီရင်တော်မူသောအခါ နည်းလမ်းတော်ကိုစွန့်သူတို့ကိုလည်း အပြစ်ဒဏ်စီရင်တော်မူပါ။ ဣသရေလအမျိုးသားတို့သည်ငြိမ်းချမ်း သာယာမှုကိုခံစားရကြပါစေသော။
ကျွန်တော်မျိုးသည်သူတို့ကိုစိတ်နှလုံး အကြွင်းမဲ့ မုန်းပါ၏။ သူတို့အားကျွန်တော်မျိုး၏ရန်သူများကဲ့သို့ မှတ်ပါ၏။
သို့ရာတွင်လူအပေါင်းတို့သည်လမ်းလွဲ ကြကုန်လေပြီ။ သူတို့အားလုံးပင်တညီတညွတ်တည်း ဆိုးညစ်ကြ၏။ သူတို့တွင်အကျင့်ကောင်းကိုပြုကျင့်သူမရှိ။ တစ်ဦးတစ်ယောက်မျှမရှိ။
သူပြောဆိုသောစကားသည်ညစ်ညမ်း၍ မုသားအတိဖြစ်၏။ သူသည်အကျင့်ကောင်းကိုမပြုတော့ပြီ၊ ပညာသတိလည်းမရှိတော့ပြီ။
``ငါပြုသည့်အမှုအတွက်ငါသတိထားမည်။ နှုတ်ဖြင့်မျှမပြစ်မှားမိစေရန်ငါသည်သတိ ပြုမည်။ ဆိုးညစ်သူတို့အနီး၌ရှိစဉ်ငါသည်အဘယ် စကားကိုမျှမပြောဘဲနေမည်'' ဟုငါဆို၏။
အခြားဘုရားများကိုမဆည်းကပ်၊ မိစ္ဆာဘုရားများကိုရှိမခိုးဘဲထာဝရဘုရားအား ကိုးစားသူသည်မင်္ဂလာရှိ၏။
ငါအချစ်ဆုံး၊ငါအားအကိုးဆုံး၊ ငါနှင့်ထမင်းလက်ဆုံစားသူ၊ ငါ၏မိတ်ဆွေကပင်လျှင်ငါ့ကိုခြေဖြင့် ကျောက်ကန်လေပြီ။
သူတို့သည်အဖန်တလဲလဲဘုရားသခင်အား သွေးစမ်းလျက်ဣသရေလအမျိုးသားတို့၏ သန့်ရှင်းမြင့်မြတ်တော်မူသော ဘုရား၏အမျက်တော်ကိုလှုံ့ဆော်ကြ၏။
မိမိတို့ဘိုးဘေးများနည်းတူသစ္စာဖောက်၍ ပုန်ကန်ကြ၏။ သူတို့ကားလေးမှပစ်ထုတ်လိုက်သည့် လိမ်ကောက်နေသောမြားသဖွယ်စိတ်မချရ သူများဖြစ်၏။
ထာဝရဘုရားသည်မကောင်းမှုကို မုန်းသောသူတို့အားချစ်တော်မူ၏။ မိမိလူစုတော်၏စည်းစိမ်ကိုကာကွယ် စောင့်ရှောက်တော်မူ၏။ ကိုယ်တော်သည်သူတို့အားသူယုတ်မာတို့ ၏လက်မှ ကယ်ဆယ်တော်မူ၏။
``သူတစ်ပါး၏အိမ်ကိုလိုချင်တပ်မက်သော စိတ်မရှိနှင့်။ သူတစ်ပါး၏မယား၊ ကျေးကျွန်၊ နွား၊ မြည်းမှစ၍သူပိုင်ဆိုင်သမျှတို့ကို မတပ်မက်နှင့်'' ဟုမိန့်တော်မူသတည်း။
သူတို့သည်ငါချမှတ်သောလမ်းစဉ်မှသွေဖည် သွားကြလေပြီ။ ရွှေနွားငယ်ရုပ်ကိုသွန်းလုပ် ပြီးလျှင်၊ ထိုရုပ်တုကိုယဇ်ပူဇော်ရှိခိုးကြ ပြီ။ ထိုဘုရားသည် သူတို့အားအီဂျစ်ပြည် မှထုတ်ဆောင်ခဲ့သောဘုရားဖြစ်ကြောင်း၊ ကြွေးကြော်နေကြပြီ။''-
ထိုသို့သောမိန်းမသည် အဆင်းလှသော်လည်း၊ တပ်မက်သော စိတ်မရှိနှင့်။ သူသည် မျက်ခမ်းတို့ဖြင့် သင့်ကိုမကျော့မိစေနှင့်။
ထာဝရဘုရားကို ကြောက်ရွံ့သောသဘောကား၊ ဒုစရိုက်ကိုမုန်းသောသဘောတည်း။ မာနထောင်လွှား ခြင်း၊ စော်ကားခြင်း၊ မကောင်းသော လမ်းသို့လိုက်ခြင်း၊ ကောက်သောစကားဖြင့်ပြောဆိုခြင်းတို့ကို ငါမုန်း၏။
ကိုယ်တိုင်တွေ့မြင်ခြင်း အကျိုးသည် လောဘ ပြန့်ပွားခြင်း အကျိုးထက်သာ၍ ကြီး၏။ ထိုအမှုအရာ သည် အနတ္တအမှု၊ လေကိုကျက်စားသောအမှုဖြစ်၏။
ငါတို့လမ်းမှဖယ်ကြလော့။ ငါတို့လမ်းကို မပိတ်ကြနှင့်။ သင်တို့ကိုးကွယ်သောသန့်ရှင်း မြင့်မြတ်သည့်ဣသရေလအမျိုးသားတို့ ၏ဘုရားသခင်အကြောင်းကိုငါတို့ မကြားလို'' ဟုဆိုကြ၏။
သင်တို့သည်အမှန်တရားကိုပြောဆိုပြုကျင့် ကြပါမူ အသက်မသေဘဲကျန်ရှိနိုင်ပါ၏။ ဆင်းရဲသူတို့အားလိမ်လည်လှည့်ဖြားရန်သင် တို့၏တန်ခိုးအာဏာအသုံးမပြုကြနှင့်။ တံစိုး လက်ဆောင်များကိုလည်းလက်မခံကြနှင့်။ လူ့ အသက်ကိုသတ်ရန်၊ အခြားဆိုးညစ်မှုများ ကိုပြုရန်ကြံစည်ကြသူများနှင့်ပူးပေါင်း ဆောင်ရွက်မှုမပြုကြနှင့်။-
``သို့ရာတွင်သင်မူကားတစ်ကိုယ်ကောင်းစိတ်နှင့် မိမိအကျိုးရှိမှုကိုသာလျှင်စိတ်ဝင်စား၏။ အပြစ်မဲ့သူတို့ကိုသတ်ဖြတ်၍မိမိ၏ အမျိုးသား တို့အားပြင်းပြင်းထန်ထန်နှိပ်စက်ညှင်းပန်း၏။''
သူတို့သည်သူတစ်ပါး၏အိမ်ကိုဖြစ်စေ၊ လယ်ယာကိုဖြစ်စေ၊ တပ်မက်လာလျှင်အနိုင် အထက်သိမ်းယူတတ်ကြသည်။ မည်သူ၏အိုး အိမ်နှင့်အမွေပစ္စည်းဟူသမျှလုံခြုံသည် ဟူ၍မရှိ။
သင်တို့သည်အချင်းချင်းဘေးအန္တရာယ်ဖြစ် စေမည့်အကြံအစည်ကိုမပြုကြနှင့်။ ကျိန် ဆိုခြင်းကိုပြုလျက်မမှန်သောသက်သေကို မခံကြနှင့်။ လိမ်လည်ပြောဆိုမှု၊ မတရား သည့်အမှုနှင့် အကြမ်းဖက်မှုတို့ကိုငါမုန်း ၏'' ဟုမိန့်တော်မူ၏။
သို့ရာတွင်တပ်မက်သောစိတ်ဖြင့်အမျိုးသမီး တစ်ဦးကိုကြည့်သူသည် မိမိ၏စိတ်တွင်ထိုအမျိုး သမီးကိုပြစ်မှားပြီဟုသင်တို့အားငါဆို၏။-
သင်တို့၏မေတ္တာသည်ဟန်ဆောင်မှုနှင့်လုံးဝ ကင်းရမည်။ သင်တို့သည်ဆိုးညစ်မှုကိုမုန်း ၍ကောင်းမြတ်မှုကိုစွဲလမ်းလော့။-
ယခုမှာမူသင်တို့သည်ဘုရားသခင်ကိုသိရှိ လာကြလေပြီ။ သင်တို့အားဘုရားသခင်သိရှိ တော်မူလေပြီဟုငါဆိုသင့်၏။ သို့ဖြစ်၍သင်တို့ သည်အားနည်း၍သနားစရာကောင်းသည့်ဝိညာဉ် များထံသို့အဘယ်ကြောင့်ပြန်လည်သွားလိုကြ သနည်း။ အဘယ်ကြောင့်သူတို့၏ကျွန်ပြန်၍ ဖြစ်လိုကြသနည်း။-
ဖျက်ဆီးပစ်ရမည့်အရာတစ်စုံတစ်ခုကို မျှ သင်တို့အတွက်သိမ်းဆည်းမထားရ။ ထို အတိုင်းဆောင်ရွက်လျှင် ထာဝရဘုရားသည် အမျက်တော်ပြေလျက် သင်တို့အားသနား ကြင်နာတော်မူလိမ့်မည်။ ငါယနေ့သင်တို့ အားမှာကြားသည့်ပညတ်ရှိသမျှတို့ကို စောင့်ထိန်းလျက် ကိုယ်တော်၏အလိုတော် အတိုင်းဆောင်ရွက်လျှင် သင်တို့၏ဘိုးဘေး တို့အားကတိတော်ရှိသည့်အတိုင်း ကိုယ် တော်သည်သင်တို့ကိုသနားကြင်နာ၍ သင်တို့၏လူမျိုးကိုတိုးပွားများပြား စေတော်မူလိမ့်မည်။''
အကြွေးကိုသင်ပုန်းချေပယ်ဖျက်ရမည့်နှစ် နီးလာသဖြင့် ထိုသူအားမချေးငှားဘဲ မနေနှင့်။ သင်၌ထိုကဲ့သို့တွန့်တိုသောစိတ် မဝင်စေရ။ သင်သည်သူ့အားမချေးငှားလျှင် သူသည်ထာဝရဘုရားထံတိုင်တန်းသဖြင့် သင် သည်အပြစ်ကူးလွန်ရာရောက်လိမ့်မည်။-
ငါတို့သည်တွန့်ဆုတ်သဖြင့်ဆုံးပါးပျက် စီးရသူများမဟုတ်ဘဲ ယုံကြည်သဖြင့် ကယ်တင်ခြင်းကိုခံရသူများဖြစ်ကြ၏။
သို့ဖြစ်၍သင်တို့သည်မောရှေ၏ပညတ်ကျမ်း တွင်ပါရှိသမျှသောပညတ်များကိုတစ် သဝေမတိမ်းလိုက်နာစောင့်ထိန်းရန်သတိ ပြုကြလော့။-
ဖြောင့်မတ်ခြင်းလမ်းစဉ်ကိုသိရှိလာပြီး နောက် မိမိတို့ခံယူရရှိထားသည့်သန့်ရှင်း မြင့်မြတ်သောအမိန့်ပညတ်ကိုစွန့်လွှတ် လိုက်ကြသည်ထက် ထိုတရားလမ်းကို မသိဘဲနေခြင်းကသူတို့အတွက်ပို၍ ကောင်း၏။-
ထိုသူတို့သည်အမှန်စင်စစ်အဘယ်အခါကမျှ ငါတို့မိတ်သဟာယတွင်မပါဝင်ခဲ့ကြသဖြင့် ငါတို့ထံမှထွက်ခွာသွားကြ၏။ အကယ်၍သူ တို့သည်ငါတို့မိတ်သဟာယတွင်ပါဝင်ခဲ့ပါမူ ငါတို့နှင့်အတူရှိနေကြမည်ဖြစ်၏။ သူတို့ သည်အမှန်ပင်ငါတို့မိတ်သဟာယတွင်မပါ ဝင်ကြောင်းသိသာထင်ရှားစေရန် သူတို့သည် ငါတို့ထံမှထွက်ခွာသွားကြ၏။