ထိုအခါထာဝရဘုရားက``ဤကျွန်သည် သင်၏အမွေခံမဖြစ်ရ။ သင်၏သားအရင်း သည်သင်၏အမွေခံဖြစ်မည်'' ဟုမိန့်တော် မူပြီးလျှင်၊-
ဂလာတိ 4:28 - Common Language Bible ညီအစ်ကိုတို့၊ သင်တို့သည်ဣဇာက်ကဲ့သို့ ဘုရားသခင်၏ကတိတော်အရဖွားမြင် သောသားသမီးများဖြစ်ကြ၏။- Garrad Bible ညီ အစ် ကို တို့၊ ငါ တို့ သည် ဣ ဇာက် ကဲ့ သို့ က တိ တော့် ဆိုင် ရာ သား များ ဖြစ် ကြ သည့် အ ပြင်၊ Judson Bible ညီအစ်ကိုတို့၊ ငါတို့သည် ဣဇာက်ကဲ့သို့ ကတိတော်နှင့်စပ်ဆိုင်သော သားဖြစ်ကြ၏။- မြန်မာ့စံမီသမ္မာကျမ်း ညီအစ်ကိုတို့၊ သင်တို့မူကား ဣဇက်ကဲ့သို့ ကတိတော်နှင့်ဆိုင်သော သားသမီးများဖြစ်ကြ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ညီအစ်ကိုမောင်နှမတို့… သင်တို့သည် ဣဇာက်ကဲ့သို့ ကတိတော်နှင့်ဆိုင်သော သားသမီးများဖြစ်ကြ၏။ |
ထိုအခါထာဝရဘုရားက``ဤကျွန်သည် သင်၏အမွေခံမဖြစ်ရ။ သင်၏သားအရင်း သည်သင်၏အမွေခံဖြစ်မည်'' ဟုမိန့်တော် မူပြီးလျှင်၊-
ထိုပရောဖက်များဖြင့်ဘုရားသခင်ပေးတော် မူသောကတိများသည် သင်တို့နှင့်ဆိုင်၏။ သင်တို့ ဘိုးဘေးများနှင့်ဘုရားသခင်ပြုတော်မူသော ပဋိညာဉ်တော်သည်လည်းသင်တို့နှင့်ဆိုင်၏။ ဘုရား သခင်ကအာဗြဟံအား`သင်၏အမျိုးအနွယ် အားဖြင့်ကမ္ဘာသူကမ္ဘာသားအပေါင်းတို့သည် ကောင်းချီးမင်္ဂလာကိုခံစားကြရလိမ့်မည်' ဟုမိန့်တော်မူခဲ့သတည်း။-
ထို့အပြင်အာဗြဟံမှဆင်းသက်လာသူအား လုံးတို့သည်အာဗြဟံ၏သားမြေးအစစ် မဟုတ်ပေ။ ဘုရားသခင်က``သင်သည်ဣဇက် အားဖြင့်သာလျှင်သားမြေးများရလိမ့်မည်'' ဟုအာဗြဟံအားမိန့်တော်မူ၏။-
သင်တို့သည်ခရစ်တော်၏တပည့်များဖြစ် ပါလျှင် အာဗြဟံ၏သားမြေးများလည်း ဖြစ်သဖြင့် ကတိတော်ရှိသည်အတိုင်းဘုရား သခင်၏ဆုကျေးဇူးတော်ကိုခံစားရကြ လိမ့်မည်။
ကျွန်မနှင့်ရသောသားသည်သာမန်သဘာဝ အတိုင်းမွေးဖွားလာသူဖြစ်၏။ လွတ်လပ်သော မိန်းမနှင့်ရသောသားမူကားဘုရားသခင် ၏ကတိတော်အရမွေးဖွားလာသူတည်း။-
ညီအစ်ကိုတို့၊ ငါတို့သခင်ယေရှုခရစ်၏ ကျေးဇူးတော်သည် သင်တို့နှင့်အတူရှိပါ စေသော။ အာမင်။ ဂလာတိသြဝါဒစာပြီး၏။