Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ဂ​လာ​တိ 4:27 - Common Language Bible

27 အ​ဘယ်​ကြောင့်​ဆို​သော်​ကျမ်း​စာ​တော်​က၊ ``အ​ချင်း​မိန်း​မ​မြုံ၊ သင်​သည်​ကိုယ်​ဝန်​မ​ဆောင်​ဘူး​သော်​လည်း ရွှင်​လန်း​ဝမ်း​မြောက်​လော့။ သား​ဖွား​ခြင်း​ဝေ​ဒ​နာ​ကို​မ​ခံ​ဘူး​သော်​လည်း ကြွေး​ကြော်​အော်​ဟစ်​လော့။ လင်​ယောကျာ်း​စွန့်​ပစ်​၍​ထား​သော​မိန်း​မ​သည် လင်​ရှိ​သော​မိန်း​မ​ထက်​ပင်​ပို​၍​သား​သ​မီး များ​ကို ရ​ရှိ​လိမ့်​မည်'' ဟု​ဖော်​ပြ​သော​ကြောင့်​ဖြစ်​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

27 ကျမ်း​စာ​လာ​သည်​ကား၊ သား​မ​ဖွား​သော အ​မြုံ​မ၊ ဝမ်း​မြောက်​လော့။ သား​ဖွား​ခြင်း​ဝေ​ဒ​နာ​ကို မ​ခံ​သေး​သော​မိန်း​မ၊ ကြွေး​ကြော်​အော်​ဟစ်​လော့။ အ​ကြောင်း​မူ​ကား၊ စွန့်​ထား​သော​မိန်း​မ​သည် လင်​ရှိ​သော မိန်း​မ​ထက် သာ၍​များ​သော သား​တို့​ကို ဖွား​မြင်​ပြီ​ဟု လာ​သ​တည်း။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

27 အကြောင်းမူကား “သား​မ​ဖွား​ဖူး​သော​အမြုံမ၊ ပျော်ရွှင်​လော့။ သားဖွား​ခြင်း​ဝေဒနာ​ကို​မ​ခံစား​ဖူး​သော​မိန်းမ၊ အသံကုန်​လွှင့်​၍ ဟစ်ကြော်​လော့။ အဘယ်ကြောင့်​ဆိုသော် စွန့်ပစ်​ခံရ​သော​မိန်းမ​၏​သားသမီး​တို့​သည် ယောက်ျား​ရှိ​သော​မိန်းမ​၏​သားသမီး​တို့​ထက် များ​ကြ​၏”​ဟု ရေး​ထား​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

27 ကျမ်းစာ​၌ “သား​မဖွားဖူးသည့် မြုံသော​အမျိုးသမီး… ဝမ်းမြောက်လော့။ သားဖွားခြင်း​ဝေဒနာ​ကို မခံစားဖူးသော​အမျိုးသမီး… ကျယ်လောင်​စွာ ကြွေးကြော်လော့။ အဘယ်ကြောင့်ဆိုသော် စွန့်ပစ်ခံရသော​အမျိုးသမီး​၏ သားသမီးတို့​သည် ခင်ပွန်း​ရှိသော အမျိုးသမီး​၏ သားသမီးတို့​ထက် များကြ​သောကြောင့်​ဖြစ်၏” ဟု ဖော်ပြထား၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဂ​လာ​တိ 4:27
9 ပူးပေါင်းရင်းမြစ်များ  

သူ​၏​အစ်​ကို​အ​ဗ​ရှ​လုံ​က``သင့်​အား​အာ​မ​နုန် စော်​ကား​လိုက်​ပြီ​လော။ ငါ့​နှ​မ၊ အ​ခြား​မည်​သူ့ ကို​မျှ​မ​ပြော​နှင့်။ သူ​သည်​သင်​နှင့်​အ​ဖေ​တူ အ​မေ​ကွဲ​မောင်​နှ​မ​တော်​၏။ ဤ​အမှု​ကြောင့် များ​စွာ​စိတ်​ဒုက္ခ​မ​ဖြစ်​ပါ​စေ​နှင့်'' ဟု​ဆို​၏။


ကိုယ်​တော်​သည်​မြုံ​သော​အိမ်​ရှင်​မ​အား ချီး​မြှင့်​တော်​မူ​ရာ​သား​သ​မီး​ရ​စေ​၍ ဝမ်း​မြောက်​စေ​တော်​မူ​၏။ ထာ​ဝ​ရ​ဘု​ရား​အား​ထော​မ​နာ​ပြု​ကြ​လော့။


ထို​အ​ခါ​သင်​သည်​မိ​မိ​ကိုယ်​ကို​ပြန်​၍၊ `ငါ​သည်​ဤ​သား​သ​မီး​များ​ကို​အ​ဘယ်​သူ​နှင့် ရ​ရှိ​ပါ​သ​နည်း။ ငါ​၏​သား​သ​မီး​များ​သည်​သေ​ဆုံး​သွား​ပြီ​ဖြစ်​၍ ငါ့​မှာ​သား​သ​မီး​မ​ရှိ​နိုင်​တော့​ပါ။ ငါ​သည်​ရပ်​ဝေး​သို့​ပြည်​နှင်​ဒဏ်​သင့်​၍ နှင်​ထုတ်​ခံ​ခဲ့​ရ​သ​ဖြင့် ဤ​သား​သ​မီး​တို့​ကို​အ​ဘယ်​သူ​ကျွေး​မွေး​ပြု​စု ခဲ့​ပါ​သ​နည်း။ ငါ​သည်​တစ်​ကိုယ်​တည်း​သာ​လျှင်​ကျန်​ရှိ​ခဲ့​၏။ ဤ​သား​သ​မီး​များ​ကား၊အ​ဘယ်​အ​ရပ်​မှ ရောက်​ရှိ​လာ​ကြ​ပါ​သ​နည်း'' ဟု​မေး​လိမ့်​မည်။


ငါ​ချစ်​သော​သား​သ​မီး​တို့၊ ခ​ရစ်​တော်​၏​စိတ် နေ​သ​ဘော​ထား​မျိုး​ကို​သင်​တို့​မ​ရ​မ​ချင်း ငါ​သည်​သား​ဖွား​သည့်​မိ​ခင်​ကဲ့​သို့​တစ်​ဖန် ဝေ​ဒ​နာ​ခံ​လျက်​နေ​ရ​၏။-


တစ်​ကိုယ်​ရေ​တစ်​ကာ​ယ​ဖြစ်​သော​မု​ဆိုး​မ​သည် မိ​မိ​အား​ပြု​စု​မည့်​သူ​မ​ရှိ​သ​ဖြင့်​ဘု​ရား သ​ခင်​ကို​အား​ကိုး​မျှော်​လင့်​လျက် နေ့​ည မ​ပြတ်​ဆု​တောင်း​ပတ္ထနာ​ပြု​၍​ကိုယ်​တော်​၏ အ​ကူ​အ​ညီ​ကို​တောင်း​ခံ​တတ်​၏။-


အ​ခါ​တစ်​ပါး​က​ဝ​စွာ​စား​ရ​သူ​တို့​သည် ယ​ခု​အ​ခါ စား​ရ​ဖို့​အ​တွက်​သူ​ရင်း​ငှား​လုပ်​ရ​ကြ လေ​ပြီ။ သို့​ရာ​တွင်​အ​စာ​ငတ်​မွတ်​သူ​တို့​မူ​ကား​ဝ​စွာ စား​ရ​ကြ​ပြီ။ မြုံ​သော​မိန်း​မ​သည်​သား​သ​မီး​ခု​နစ်​ယောက် မျှ​ပင်​ရ​ရှိ​၍ သား​များ​သော​မိ​ခင်​၌​မူ​ကား​တစ်​ယောက်​မျှ မ​ကျန်​မ​ရှိ​တော့​ပါ။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ