သို့ရာတွင်သူတို့သည်ကိုယ်တော်ပြုတော်မူသည့် အမှုတော်ကိုလျင်မြန်စွာမေ့ပျောက်လိုက်ပြီးလျှင် ကိုယ်တော်၏လမ်းညွှန်တော်မူချက်ကိုမခံယူဘဲ ပြုမူကျင့်ကြံကြ၏။
ဂလာတိ 1:6 - Common Language Bible ခရစ်တော်၏ကျေးဇူးတော်အားဖြင့် သင်တို့အား ခေါ်ယူတော်မူသောအရှင်ကို သင်တို့သည်ဤ မျှဆောလျင်စွာစွန့်ပစ်ကြပြီးလျှင် အခြား သတင်းကောင်းတစ်မျိုးကိုနာယူလျက်ရှိကြ သဖြင့်ငါအံ့သြမိ၏။- Garrad Bible ခ ရစ် တော်၏ ကျေး ဇူး တော်၌ သင် တို့ ကို ခေါ် ထား တော် မူ သော အ ရှင့် ထံ မှ အ ခြား သ တင်း ဘက် သို့ ဤ မျှ လောက် လျင် မြန် စွာ ပြောင်း လျက် နေ ကြ သည် ကို ငါ အံ့ သြ ၏။ Judson Bible ခရစ်တော်၏ ကျေးဇူးအားဖြင့် သင်တို့ကို ခေါ်တော်မူသောသူနှင့် ဤမျှလောက်မြန်မြန်ခွာ၍ သင်တို့သည် အခြားသော ဧဝံဂေလိတရားကို ခံယူကြသောကြောင့် ငါသည်အံ့ဩခြင်းရှိ၏။- မြန်မာ့စံမီသမ္မာကျမ်း သင်တို့သည် ခရစ်တော်၏ကျေးဇူးတော်အားဖြင့် သင်တို့ကိုခေါ်ယူတော်မူသောအရှင်ထံမှ ခြားနားသည့်ကောင်းမြတ်သောသတင်းဘက်သို့ ဤမျှလောက်အလျင်အမြန်လှည့်သွားကြသည်ကို ငါအလွန်အံ့ဩမိ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ခရစ်တော်၏ ကျေးဇူးတော်ကို ခံစားစေရန် သင်တို့ကို ခေါ်တော်မူသော ဘုရားသခင်အား သင်တို့သည် လျင်မြန်စွာ စွန့်ပယ်၍ အခြားသတင်းကောင်းကို လက်ခံကြသောကြောင့် ကျွန်ုပ်အံ့ဩရ၏။ |
သို့ရာတွင်သူတို့သည်ကိုယ်တော်ပြုတော်မူသည့် အမှုတော်ကိုလျင်မြန်စွာမေ့ပျောက်လိုက်ပြီးလျှင် ကိုယ်တော်၏လမ်းညွှန်တော်မူချက်ကိုမခံယူဘဲ ပြုမူကျင့်ကြံကြ၏။
ထာဝရဘုရားက``ဤသူတို့သည်ငါ့အား နှုတ်ဖြင့် ဝတ်ပြုကိုးကွယ်ပါသည်ဟုဆိုသော် လည်းသူတို့၏စကားများသည်အဋ္ဌိပ္ပါယ် မရှိ။ သူတို့၏စိတ်သည်လည်းအရပ်တစ်ပါး သို့ရောက်၍နေ၏။ သူတို့၏ဘာသာတရား သည် မိမိတို့အလွတ်ကျက်မှတ်ထားသည့်လူ့ ထုံးတမ်းစဉ်လာနှင့်နည်းဥပဒေများသာ လျှင်ဖြစ်ပေသည်။-
ကိုယ်တော်သည်ထိုသူတို့ယုံကြည်ခြင်းကင်းမဲ့ ကြသည်ကိုအံ့သြတော်မူ၏။ ထို့နောက်သခင်ယေရှုသည်အနီးအနားရှိ ကျေးရွာများသို့သွား၍ဟောပြောသွန်သင် တော်မူ၏။
မျက်မမြင်ဖြစ်ခဲ့ဖူးသူက ``သူသည်အကျွန်ုပ် အားမျက်စိမြင်စေသူဖြစ်ပါ၏။ သို့ပါလျက် သင်တို့သည် ထိုသူအဘယ်ကလာသည်ကို မသိကြသည်မှာအံ့သြဖွယ်ကောင်းလေစွ။-
ငါတို့သည်လည်းထိုသူတို့နည်းတူယုံကြည် သဖြင့် သခင်ယေရှု၏ကျေးဇူးတော်အား ဖြင့်ကယ်တင်ခြင်းကိုခံရကြ၏'' ဟုဆို၏။
သူတို့သည်ဘုရားသခင်နှင့်မှန်ကန်စွာဆက် သွယ်နိုင်မည့်လမ်းစဉ်ကိုမသိသဖြင့် ထိုလမ်း စဉ်ကိုမလိုက်ဘဲမိမိတို့ကိုယ်တိုင်တီထွင် သည့်လမ်းစဉ်ကိုလိုက်ကြပေသည်။-
ထိုအရှင်သည်ငါတို့အားယုံကြည်ခြင်းကြောင့် ဤကဲ့သို့ဘုရားသခင်၏ကျေးဇူးတော်ကိုခံ စားစေတော်မူ၏။ ထိုကျေးဇူးတော်ကိုယခုငါ တို့ခံစားလျက်ရှိကြ၏။ သို့ဖြစ်၍ငါတို့သည် ဘုရားသခင်၏ဘုန်းအသရေတော်ကိုခံစား ရန်မျှော်လင့်ခြင်းအတွက်ဝါကြွားဝမ်းမြောက် ကြ၏။-
ဘုရားသခင်အားချစ်မြတ်နိုး၍ကိုယ်တော် ၏အကြံတော်နှင့်အညီ ခေါ်ယူရွေးကောက်ခြင်း ကိုခံရသောသူတို့တွေ့ကြုံခံစားရသော အမှုခပ်သိမ်းတို့မှ အကျိုးပေါ်ထွက်လာစေ ရန်ကိုယ်တော်သည်သူတို့နှင့်အတူလုပ်ဆောင် တော်မူကြောင်းငါတို့သိကြ၏။-
သို့ဖြစ်၍ကိုယ်တော်သည်မိမိသီးသန့်ထားသူ တို့ကိုခေါ်ယူတော်မူ၏။ ယင်းသို့ခေါ်ယူတော် မူသောသူတို့အား မိမိနှင့်မှန်ကန်စွာဆက်ဆံ စေတော်မူပြီးလျှင်မိမိ၏ဘုန်းအသရေ တော်ကိုခံစားခွင့်ပေးတော်မူ၏။
သင်တို့သည်ခရစ်တော်ကိုလက်ခံပြီးနောက် သင်တို့အားသွန်သင်မည့်ဆရာထောင်ပေါင်း များစွာရှိသော်လည်း ဖခင်ကားတစ်ဦးတည်း သာရှိပေသည်။ ငါသည်သတင်းကောင်းကို ကြေညာခြင်းအားဖြင့် သင်တို့အားခရစ်တော် နှင့်တစ်လုံးတစ်ဝတည်းဖြစ်စေသည့်မွေး သဖခင်ဖြစ်လာ၏။-
လူတစ်စုံတစ်ယောက်သည်သင်တို့ထံရောက်လာ၍ ငါတို့မကြေညာဘူးသည့်အခြားတစ်ပါးသော ယေရှု၏အကြောင်းကိုဟောပြောကြေညာသော အခါ သင်တို့သည်ဝမ်းမြောက်စွာလက်ခံခွင့်ပြု ကြ၏။ သင်တို့သည်ငါတို့ထံမှကြားသိရသည့် သတင်းကောင်းနှင့်လုံးဝမတူသည့်သတင်း ကောင်းကိုလည်းကောင်း၊ ယခင်ကခံယူရရှိ သည့်ဝိညာဉ်တော်နှင့်လုံးဝကွဲပြားခြားနား သည့်ဝိညာဉ်ကိုလည်းကောင်းလက်ခံကြ၏။
ငါတို့သည်အခြားသူအမြောက်အမြား ကဲ့သို့ဘုရားသခင်၏နှုတ်ကပတ်တရား တော်ကို အပေါစားကုန်ပစ္စည်းသဖွယ်ရောင်း ဝယ်ဖောက်ကားမှုကိုမပြုကြ။ ငါတို့သည် ဘုရားသခင်စေလွှတ်တော်မူသောသူများ ဖြစ်၍ ခရစ်တော်၏အစေခံများအနေ ဖြင့်ဘုရားသခင်၏ရှေ့တော်မှောက်၌ နှုတ်ကပတ်တရားတော်ကိုစိတ်ကြည် လင်စွာဟောပြောကြ၏။
ညီအစ်ကိုတို့၊ သင်တို့အားငါဟောပြောကြေညာ သောသတင်းကောင်းသည် လူတီထွင်သည့်သတင်း ကောင်းမဟုတ်ကြောင်းကိုသင်တို့အားဖော်ပြမည်။-
သို့ရာတွင်မမွေးမီကပင်လျှင်ဘုရားသခင်သည် ကျေးဇူးတော်အားဖြင့် ငါ့အားရွေးချယ်၍အမှု တော်ဆောင်ရန်ခေါ်ယူတော်မူ၏။ ထိုနောက်လူမျိုး ခြားတို့အားသားတော်၏အကြောင်းသတင်း ကောင်းကိုဟောပြောကြေညာနိုင်စေရန် မိမိ၏ အလိုတော်နှင့်အညီငါ့အား ထိုသားတော်ကို ဖူးမြင်ခွင့်ပေးတော်မူ၏။ ထိုအခါငါသည် အဘယ်သူ၏ထံ၌မျှအကြံဉာဏ်မတောင်း ခံခဲ့။-
သခင်ယေရှုအကြောင်းသတင်းကောင်းမှာအခြား မူကွဲမရှိ။ သင်တို့၏စိတ်ကိုနှောင့်ယှက်၍ ခရစ်တော် ၏အကြောင်းသတင်းကောင်းကို မှောက်လှန်လိုသူလူ အချို့ရှိ၏။-
သို့ရာတွင်သူတို့၏အပြုအမူသည်သတင်း ကောင်းဆိုင်ရာသစ္စာတရားနှင့်ကိုက်ညီမှုမရှိ ကြောင်းကို ငါသိမြင်သောအခါ ပေတရုအား လူအပေါင်းတို့ရှေ့တွင်``သင်သည်ယုဒအမျိုး သားဖြစ်ပါလျက် ယုဒအမျိုးသားကဲ့သို့ မဟုတ်ဘဲ လူမျိုးခြားကဲ့သို့ပြုမူနေထိုင် လျက်ရှိရာ သင်သည်အဘယ်ကြောင့်လူမျိုး ခြားတို့အားယုဒအမျိုးသားတို့ကဲ့သို့ ပြုမူနေထိုင်စေရန်အနိုင်အထက်ပြုပါ သနည်း'' ဟုမေး၏။
ဘုရားသခင်၏ဗျာဒိတ်တော်အတိုင်း ဤသို့ သွားရောက်ခြင်းဖြစ်သည်။ ငါသည်ခေါင်းဆောင် များနှင့်သာတွေ့ဆုံကာလူမျိုးခြားတို့အား ငါဟောပြောကြေညာသည့်သတင်းကောင်း ကိုတင်ပြ၏။ ဤသို့တင်ပြရခြင်းမှာ ယခင် အခါကသော်လည်းကောင်း၊ ယခုအခါ ၌သော်လည်းကောင်း ငါကြိုးစားဆောင်ရွက် သည့်အမှုတော်ကိုအချည်းနှီးမဖြစ်စေ လိုသောကြောင့်ဖြစ်၏။-
သို့ရာတွင်သတင်းကောင်းဆိုင်ရာသစ္စာတရား ကို သင်တို့အတွက်ထိန်းသိမ်းထားနိုင်ရန် ငါ တို့သည်သူတို့အားခေတ္တခဏမျှပင် အလျှော့မပေးခဲ့။
ထိုသူတို့သည်ငါ့အားအကြံဉာဏ်သစ် ပေးမည့်အစားဘုရားသခင်သည် ပေတရု အားသတင်းကောင်းကိုအရေဖျားလှီး မင်္ဂလာခံသူတို့အား ဟောပြောကြေညာ ရန်တာဝန်ပေးတော်မူသကဲ့သို့ ငါ့အား လူမျိုးခြားတို့အားသတင်းကောင်းကို ဟောပြောကြေညာရန် တာဝန်ပေးတော်မူ ကြောင်းသိမြင်လာကြလေသည်။-
``သင်၏အိမ်နီးချင်းကိုကိုယ်နှင့်အမျှချစ် လော့'' ဟူသောပညတ်သည်ပညတ်တရား၏ အချုပ်အခြာဖြစ်၏။-
ဘုရားသခင်နှင့်မှန်ကန်စွာဆက်ဆံမှုကို ပညတ်တရားလိုက်လျှောက်ခြင်းအားဖြင့်ရှာ လျှင် သင်တို့သည်ခရစ်တော်နှင့်အဆက်ပြတ်၍ ဘုရားသခင်၏ကျေးဇူးတော်တရားလက် အောက်တွင်မရှိတော့ပြီ။-
သင်တို့သည်ယင်းသို့ကယ်တင်ခြင်းကိုခံရ၍ ငါတို့အရှင်သခင်ယေရှုခရစ်နှင့်အတူ ဘုန်းအသရေတော်ကိုခံယူနိုင်ကြစေရန် ဘုရားသခင်သည်ငါတို့ဟောပြောကြေညာ သည့်သတင်းကောင်းအားဖြင့် သင်တို့ကိုရွေး ချယ်တော်မူသတည်း။-
ငါတို့သခင်ဘုရားသည်မိမိ၏ကြွယ်ဝသော ကျေးဇူးတော်ကိုငါ့အပေါ်သို့သွန်းလောင်း တော်မူ၍ ခရစ်တော်ယေရှုနှင့်တစ်လုံးတစ်ဝ တည်းဖြစ်ခြင်းအားဖြင့်ငါတို့ရရှိသည့် ယုံကြည်ခြင်းနှင့်ချစ်ခြင်းကိုငါ့အား ပေးတော်မူ၏။-
မာကေဒေါနိပြည်သို့ငါထွက်ခွာစဉ်အခါ က သင့်အားငါမှာကြားခဲ့သည်အတိုင်း ဧဖက် မြို့တွင်ဆက်လက်နေထိုင်စေလို၏။ လူအချို့ တို့သည်မိစ္ဆာအယူဝါဒများကိုဟောပြော သွန်သင်လျက်ရှိကြပေသည်။ မကုန်မဆုံးနိုင် သောဒဏ္ဍာရီများနှင့်ဆွေစဉ်မျိုးဆက်စာရင်း များကို အပတ်တကုတ်အားထုတ်လေ့လာ တတ်သူတို့အား ထိုအမှုတို့ကိုရပ်စဲကြ စေရန်ပြောကြားလော့။ ထိုအမှုအရာများ သည်အငြင်းပွားမှုများကိုသာလျှင်ပြုစု ပေးတတ်၏။ ဘုရားသခင်၏အကြံအစည် တော်ကိုအကျိုးမပြုတတ်။ ယုံကြည်ခြင်း အားဖြင့်သာလျှင် ထိုအကြံအစည်တော် ကိုသိနိုင်လေသည်။-
ဘုရားသခင်သည်ငါတို့အားကယ်တင်တော်မူ ၍ မိမိ၏လူစုတော်အဖြစ်ဖြင့်ရွေးကောက်တော် မူသည်မှာ ငါတို့ပြုလုပ်ခဲ့သည့်ကောင်းမှုတစ်စုံ တစ်ရာကြောင့်မဟုတ်ဘဲ ကိုယ်တော်တိုင်၏အကြံ အစည်တော်နှင့်ကျေးဇူးတော်ကြောင့်ဖြစ်ပေ သည်။ ကိုယ်တော်သည်ကမ္ဘာမတည်ရှိမီကာလ ကပင်ခရစ်တော်ယေရှုအားဖြင့်ငါတို့အား ထိုကျေးဇူးတော်ကိုချပေးတော်မူ၏။-
ငါ့သား၊ ခရစ်တော်ယေရှုနှင့်ငါတို့တစ်လုံး တစ်ဝတည်းဖြစ်ခြင်းကြောင့် ရရှိသည့်ဆု ကျေးဇူးတော်အားဖြင့်သင်သည်ကြံ့ခိုင် ခြင်းရှိလော့။-
သင်တို့အားရွေးကောက်တော်မူသောအရှင် သည်မြင့်မြတ်သန့်ရှင်းတော်မူ၏။ သို့ဖြစ်၍ သင်တို့ပြုကျင့်သမျှတို့သည်မြင့်မြတ် သန့်ရှင်းရမည်။-
ငါတို့သည်ခရစ်တော်ကိုသိကျွမ်းခြင်းအား ဖြင့် ဘုရားဝတ်၌အမှန်ပင်မွေ့လျော်နိုင်စေရန် ဘုရားသခင်သည်မဟာတန်ခိုးတော်ဖြင့် ငါ တို့လိုအပ်သောအရာရှိသမျှကိုချပေး တော်မူ၏။ ခရစ်တော်သည်မိမိ၏ဘုန်းအသ ရေတော်နှင့်ကောင်းမြတ်ခြင်းကို ငါတို့ခံယူ နိုင်ကြစေရန်ငါတို့အားခေါ်ယူရွေးကောက် တော်မူပေသည်။-
သခင်ယေရှု၏ကျေးဇူးတော်ကိုလူတိုင်း ခံစားရကြပါစေသော။ ဋ္ဌမ္မသစ်ကျမ်းတို့တွင်နောက်ဆုံးကျမ်းတည်း ဟူသောရှင်ယောဟန်စီရင်ရေးထားသောဗျာဒိတ် ကျမ်းပြီး၏။