ကျွန်တော်မျိုးတို့၏ဘုရား၊ ကျွန်တော်မျိုးတို့ သည်ကိုယ်တော်ရှင်၏ကျေးဇူးတော်ကိုချီးမွမ်း ၍ဘုန်းအသရေနှင့်ပြည့်ဝသည့်နာမတော် ကိုထောမနာပြုကြပါ၏။''
ဂလာတိ 1:5 - Common Language Bible ထိုအရှင်သည်ကာလအစဉ်အဆက် ဘုန်း အသရေထွန်းတောက်တော်မူပါစေသတည်း။ Garrad Bible ထို ဘု ရား သ ခင် သည် က မ္ဘာ အ ဆက် ဆက် ဘုန်း တော် ကြီး ပါ စေ သ တည်း။ အာ မင်။ Judson Bible ထိုဘုရားသခင်သည် ကမ္ဘာအဆက်ဆက် ဘုန်းကြီးတော်မူစေသတည်း။ အာမင်။ မြန်မာ့စံမီသမ္မာကျမ်း အဖဘုရားသခင်၌ ကမ္ဘာအဆက်ဆက်ဘုန်းအသရေတော်ရှိပါစေသော။ အာမင်။ ခေတ်သစ်မြန်မာ သမ္မာကျမ်း အဖဘုရားသခင်သည် အစဉ်ထာဝရ ဘုန်းကြီးတော်မူပါစေသော။ အာမင်။ |
ကျွန်တော်မျိုးတို့၏ဘုရား၊ ကျွန်တော်မျိုးတို့ သည်ကိုယ်တော်ရှင်၏ကျေးဇူးတော်ကိုချီးမွမ်း ၍ဘုန်းအသရေနှင့်ပြည့်ဝသည့်နာမတော် ကိုထောမနာပြုကြပါ၏။''
ဣသရေလအမျိုးသားတို့၏ဘုရားဖြစ်တော် မူသော ထာဝရဘုရားကိုထောမနာပြုကြလော့။ ကိုယ်တော်အားယခုမှစ၍ကာလအစဉ် အဆက် ထောမနာပြုကြလော့။ အာမင်၊ အာမင်။
ဘုန်းကြီးသောနာမတော်ကိုအစဉ်အမြဲ ထောမနာပြုကြလော့။ ကမ္ဘာမြေကြီးတစ်ပြင်လုံး၌ဘုန်းတော်နှင့် ပြည့်ပါစေသော။ အာမင်။ အာမင်။
အရှေ့အရပ်မှလူတို့ကကိုယ်တော်အား ထောမနာပြုကြလိမ့်မည်။ ပင်လယ်ကမ်းခြေ တွင်နေထိုင်ကြသူတို့သည်လည်း ဣသရေလ အမျိုးသားတို့၏ဘုရားသခင်ထာဝရ ဘုရားအားထောမနာပြုကြလိမ့်မည်။-
ရပ်ဝေးနိုင်ငံသားတို့သည်လည်းထာဝရဘုရားကို ထောမနာပြု၍၊ ဘုန်းအသရေတော်ကိုဖော်ပြ ကြစေ။
သင်တို့အားငါပေးသမျှသောပညတ်တို့ကို စောင့်ထိန်းကြစေရန်သူတို့အားသွန်သင်ကြလော့။ ငါသည်ကပ်ကမ္ဘာကုန်ဆုံးချိန်တိုင်အောင်သင်တို့ နှင့်အတူအစဉ်မပြတ်ရှိတော်မူမည်'' ဟု မိန့်တော်မူ၏။ ရှင်မဿဲခရစ်ဝင်ပြီး၏။
အကျွန်ုပ်တို့အားကြီးမားသောစုံစမ်း သွေးဆောင်ခြင်းကိုခံစေတော်မမူဘဲ၊ စာတန်မာရ်နတ်ဘေးရန်မှကာကွယ်တော်မူပါ' ဟူ၍ဆုတောင်းကြလော့။
``ကောင်းကင်ဘဝဂ်ဝယ်ထာဝရဘုရားသခင်သည် ဘုန်းကြီးတော်မူစေသတည်း။ ကမ္ဘာပေါ်တွင်ကိုယ်တော်နှစ်သက်တော်မူသော လူအပေါင်းတို့၌ငြိမ်းချမ်းသာယာခြင်းရှိစေသတည်း'' ဟုမြွက်ဆိုကြ၏။
ကိုယ်တော်သည်ခပ်သိမ်းသောအရာတို့ကို ဖန်ဆင်းတော်မူ၏။ ခပ်သိမ်းသောအရာတို့ သည်ကိုယ်တော်အားဖြင့်လည်းကောင်း၊ ကိုယ် တော်၏အတွက်လည်းကောင်းတည်လျက် ရှိကြ၏။ ကိုယ်တော်သည်ထာဝစဉ်ဘုန်း အသရေထွန်းတောက်တော်မူပါစေ သတည်း။ အာမင်။
တစ်ဆူတည်းသာလျှင် ဉာဏ်တော်အနန္တနှင့်ပြည့်စုံ တော်မူသောဘုရားသခင်သည်ယေရှုခရစ်အား ဖြင့် ထာဝစဉ်ဘုန်းအသရေထွန်းတောက်တော်မူ ပါစေသတည်း။ အာမင်။ ရောမသြဝါဒစာပြီး၏။
ထို့ကြောင့်အသားကိုစားခြင်းသည်ညီအစ်ကို အားမှောက်မှားလမ်းလွဲစေမည်ဆိုပါက ငါ သည်ငါ့ညီအစ်ကိုအားမမှောက်မှားလမ်း မလွဲစေရန်အသားကိုမစားဘဲနေမည်။
သို့ဖြစ်၍ခရစ်တော်ကိုဦးစွာပထမမျှော် လင့်ခဲ့ကြသူငါတို့သည် ဘုရားသခင်၏ ဘုန်းအသရေတော်ကိုချီးကူးကြကုန်စို့။
ငါတို့၏အဖဘုရားသခင်သည်ကမ္ဘာအဆက် ဆက် ဘုန်းအသရေထွန်းတောက်တော်မူပါစေ သတည်း။ အာမင်။
ထာဝရဘုရင်ဖြစ်တော်မူသော၊ သင်္ခါရ သဘောတရားနှင့်ကင်းတော်မူသော၊ လူ တို့မျက်စိဖြင့်မမြင်နိုင်သော၊ တစ်ဆူတည်း ရှိတော်မူသောဘုရားသခင်သည်ကမ္ဘာ အဆက်ဆက်ဂုဏ်အသရေနှင့်ဘုန်းအာနု ဘော်တော်ရှိတော်မူစေသတည်း။ အာမင်။
သခင်ဘုရားသည်ငါ့အားဘေးအန္တရာယ် အပေါင်းတို့မှကယ်နုတ်တော်မူ၍မိမိ၏ ကောင်းကင်နိုင်ငံတော်သို့လုံခြုံစွာပို့ဆောင် တော်မူလိမ့်မည်။ ကိုယ်တော်သည်ကမ္ဘာအဆက် ဆက်ဘုန်းအသရေထွန်းတောက်တော်မူပါ စေသတည်း။ အာမင်။
သင်တို့သည်ငါတို့၏အရှင်သခင်နှင့်ကယ်တင် ရှင်ဖြစ်တော်မူသောယေရှုခရစ်၌လည်းကောင်း၊ ကိုယ်တော်၏ကျေးဇူးတော်ကိုသိကျွမ်းခြင်း ၌လည်းကောင်းကြီးပွားကြလော့။ ထိုအရှင် သည်ယခုမှစ၍ထာဝရကာလပတ်လုံး ဘုန်းအသရေထွန်းတောက်တော်မူပါစေ သတည်း။ အာမင်။ ရှင်ပေတရုသြဝါဒစာဒုတိယစောင်ပြီး၏။
အရှင်သခင်ယေရှုခရစ်အားဖြင့် ငါတို့ အားကယ်တင်တော်မူသော၊ တစ်ဆူတည်း သောဘုရားသခင်သည် ရှေးကပ်ကာလမှ စ၍ယခုကာလနှင့်နောက်ကမ္ဘာအဆက် ဆက်ဘုန်းအသရေ၊ တန်ခိုးအာနုဘော် တော်၊ အစွမ်းသတ္တိအာဏာစက်ရှိတော် မူစေသတည်း။ အာမင်။ ရှင်ယုဒသြဝါဒစာပြီး၏။
ထိုကောင်းကင်တမန်က``ဘုရားသခင်တရား စီရင်တော်မူရာနေ့ရက်သည်ကျရောက်၍လာ လေပြီ။ ထိုကြောင့်ကိုယ်တော်ကိုကြောက်ရွံ့ရိုသေ ကြလော့။ ဂုဏ်တော်ကိုချီးကူးကြလော့။ ကောင်း ကင်နှင့်ကမ္ဘာမြေကြီးကိုလည်းကောင်း၊ ပင်လယ် နှင့်စမ်းပေါက်များကိုလည်းကောင်းဖန်ဆင်း တော်မူသောအရှင်ကိုရှိခိုးကြလော့'' ဟု အသံကျယ်စွာကြွေးကြော်လေ၏။
သူတို့က၊ ``အသေသတ်ခြင်းခံရသောသိုးသူငယ်တော်သည် တန်ခိုး၊စည်းစိမ်ချမ်းသာ၊ဉာဏ်ပညာ၊ခွန်အား စွမ်းရည်၊ဂုဏ်အသရေ၊ဘုန်းအာနုဘော်၊ ချီးမွမ်းခြင်းတို့ကိုခံထိုက်တော်မူပါ၏'' ဟုအသံကျယ်စွာမြွက်ဆိုကြ၏။-
သူတို့က``အာမင်။ ငါတို့ဘုရားသခင်ကို ကမ္ဘာအဆက်ဆက်ချီးမွမ်းထောမနာပြု ကြစေသတည်း။ ကိုယ်တော်သည်ဘုန်းတန်ခိုး၊ ဉာဏ်ပညာ၊ ဂုဏ်အသရေတို့နှင့်ပြည့်စုံ တော်မူပါစေသတည်း။ ကိုယ်တော်၏ ကျေးဇူးတော်ကိုချီးမွမ်းကြပါစေ သတည်း။ ``အာမင်'' ဟုမြွက်ဆိုကြ၏။