ဟေရှာယ 42:12 - Common Language Bible12 ရပ်ဝေးနိုင်ငံသားတို့သည်လည်းထာဝရဘုရားကို ထောမနာပြု၍၊ ဘုန်းအသရေတော်ကိုဖော်ပြ ကြစေ။ အခန်းကိုကြည့်ပါ။Garrad Bible12 ကျွန်း ကြီး ကျွန်း ငယ် များ၌ ထာ ဝ ရ ဘု ရား၏ ဘုန်း တော် ဂုဏ် တော် ကို ဖော် ပြ ချီး မွမ်း ကြ စေ။ အခန်းကိုကြည့်ပါ။Judson Bible12 ထာဝရဘုရားကို ချီးမြှောက်၍၊ တစ်ကျွန်းတစ်နိုင်ငံအရပ်တို့၌ ဂုဏ်တော်ကို ထင်ရှားစွာ ချီးမွမ်းကြစေ။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း12 သူတို့သည် ထာဝရဘုရား၏ဘုန်းအသရေတော်ကိုချီးမွမ်းကြပါစေ။ ကိုယ်တော်၏ဂုဏ်ကျေးဇူးတော်ကို ကမ်းရိုးတန်းဒေသတို့၌ ပြောကြားကြပါစေ။ အခန်းကိုကြည့်ပါ။ |
အနာစိမ်း၏ပုံစံ၊ သင်တို့ပြည်ကိုဖျက်ဆီး လျက်နေသည့်ကြွက်၏ပုံစံတို့ကိုပြုလုပ်၍ ဣသရေလအမျိုးသားတို့ဘုရားကိုဂုဏ် ပြုချီးမြှင့်ရမည်။ ကိုယ်တော်သည်သင်တို့ နှင့်သင်တို့၏ဘုရားများကိုလည်းကောင်း၊ သင်တို့၏ပြည်ကိုလည်းကောင်းဒဏ်မ ခတ်တော့ဘဲနေကောင်းနေတော်မူလိမ့်မည်။-
ထာဝရဘုရားအားထောမနာပြုကြလော့။ ကူမတော်မူရန်တောင်းလျှောက်ကြလော့။ ကိုယ်တော်ပြုတော်မူသောအမှုတော်တို့ကို လူမျိုးတကာတို့အားပြောကြားကြလော့။ ကိုယ်တော်၏ကြီးမြတ်တော်မူပုံကို သူတို့အားပြောကြားကြလော့'' ဟု လူတို့သီဆိုကူးဧမည့်အချိန်ကာလ ကျရောက်လာလိမ့်မည်။